မုန်တို(၄)
သမိုင်းမှာ ဘယ်သူတွေက ဘယ်လိုရပ်တည်ကြမှာလဲ
၁၉၉၀ ရွေးကောက်ပွဲကို ပြန်သုံးသပ်တဲ့ စစ်တမ်းမလာခင် ကြားဖြတ်ပြီး ပြောချင်တဲ့စကားတချို့ရှိပါတယ်။
လမ်းပြကြယ် ဦးအေးမြင့်ရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီး တချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်ဝေဖန်ခြင်းဟာဒေါ်လာစား မီဒီယာသမားတချို့က
NLD ကို ဝေဖန်လို့ရပါတယ်။ မုန်တိုင်းတို့က NLD မဟုတ်ဘူး။ သို့သော် ကိုယ်ကိုယ်တိုင်လည်း ပြန်သုံးသပ်ဖို့လိုပါတယ်။
(၂၂) နှစ်အတွင်းမှာ
(၁) ကျောင်းသားတပ်မတော်ရဲ့အင်အား၊ ရဲဘော်တွေရဲ့အနေအထား၊ ခေါင်းဆောင်တွေရဲ့ပျက်စီးမှုကရော ဘယ်အဆင့်ကို ရောက်သွားပါပြီလဲ။
(ခေါင်းဆောင်ဟောင်းများ၊ တပ်ရင်းမှူးဖြစ်ခဲ့ဘူးသူများ အရှိကိုအရှိအတိုင်း ပြည်သူကိုတင်ပြပေးပါ)
မင်းမဲ့စရိုက်ဆန်ဆန်လှုံဆော်နေတဲ့ လူ့ဘောင်သစ်တည်ထောင်သူ မိုးသီးဇွန် ဖြေကြားပေးပါ။
လူ့ဘောင်သစ်ပါတီ ကို (၂၂) နှစ်အတွင်းမှာ ဘယ်လို စည်းကမ်းတကျ တည်ဆောက်ခဲ့ပါသလဲ။ ကိုယ့်ရဲ့ခေါင်းဆောင်မှုကိုရော လူ့ဘောင်သစ်ရဲဘော် ဘယ်နှစ်ယောက်က ထောက်ခံနေပါသေးလဲ။
အားလုံးမြင်နေကြပေမဲ့ ကာယကံရှင်တွေဖြေပါ။
ရှေ့နေ ဦးအေးမြင့်ရဲ့ရပ်တည်ချက်ကိုကြည့်ရအောင်ပါ။
NDF ကော့ကရိတ် သိန်းညွှန့် ဆိုတာ ဦးအောင်ရွှေ ရဲ့ လူအရင်း၊ ဦးအောင်ရွှေက (၂၉) ရက်အစည်းအဝေးမှာ ဒေါ်စုကို တိုက်ရိုက်အာခံ
ရင်မဆိုင်ရဲတော့ ကော့ကရိတ် သိန်းညွှန့် နဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းကို အုပ်စုခွဲထွက် ပါတီထောင်ဖို့ ညွှန်ကြားထားပြီးသား။
ဒီလို အချက်အလက်တွေ ကို တချက်မှ ထောက်မပြပဲ NLD ကိုချည်းကြပ်ပေးဖို့ ကြိုးစားနေတဲ့ နယ်စပ်က မလောက်လေး မလောက်စားလေးတွေ
ကလည်း သနားစရာကောင်းလေစွ။ ဒါဖြင့် ဦးအေးမြင့် အင်တာဗျူးမှာပါတဲ့ သိန်းဌေး ဆိုတာ ဘယ်သူလဲ။
သူရဲ့ ကိုယ်ရေးရာဇဝင်ကို လေ့လာကြည့်ရအောင်။ အချက်အလက်မှားရင် ထောက်ပြပါ။
ကိုသိန်းဋ္ဌေးက ပဲခူးနယ်သားဖြစ်တယ်။
၁၉၈၈ ကမာရွတ် ၀ဂ္ဂီ မှာ အဆောင်နေကျောင်းသား။ ၁၉၈၈ ဗကသ မှာပါခဲ့ဘူးတယ်။
၁၉၈၈ တောခို ။ ၁၉၈၈ နိုဝင်ဘာ၁ ရက်နေ့ ABSDF စဖွဲ့တဲ့နေ့မှာ (လှအောင်)*နဲ့အတူ အဲဒီနေ့က စည်းဝေးပွဲ အသံတိတ်ခွေတွေ
ယူပြီးပြန်ဝင်သွားခဲ့။နောက်ပိုင်း ကျောင်းသားတွေပြန်လာဘို့ လေယာဉ်ပေါ်က စာတွေကြဲပြီး စည်းရုံးရာမှာ
တယောက်အပါအ၀င်ဖြစ်တယ်။
၁၉၈၉ မှာ တောပြန်-တပ်ဦး ပေါင်းပြီး တိုက်ပွဲကော်မတီဖွဲ့တော့ပါဝင်ခဲ့ဘူးပြန်တယ်။၁၉၉၀ နောက်ပိုင်း ဘယ်လှုပ်ရှားမှုမှာမှ မပါ။
ဖရေဇာပေါ်မှာ လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ထားခဲ့တယ်။
၉၀။၉၆။၉၈။ ကျောင်းသားလှုပ်ရှားမှုများမှာလဲမပါဝင်ခဲ့ဘူး။စီးပွားရေးသမားသက်သက်ဖြစ်သွားတယ်။
ကိုကိုလတ်(၁၉၈၈ BBC) နဲ့အတွဲများ။ ၈၈ အုပ်စုများနဲ့လဲ မပါတ်သက်ခဲ့။
၂၀၀၉ မှာ ကိုကိုလတ် နဲ့တွဲပြီး ရန်ကုန် စင်ထရယ်ဟော်တယ်မှာ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲ
လုပ်ရာမှာပါခဲ့။ အဲ့ဒီ စီးပွားရေးပိတ်ဆို့မှု ကန်ပိန်းကို ဦးဆောင်ခဲ့သူတွေက ကိုကိုလတ်၊သိန်းဌေး၊ရောင်နီ၊
အောင်ခိုင်ဝင်း၊သိန်းတင်အောင် တို့ဖြစ်တယ်။
၂၀၁၀ ရွေးကောက်ပွဲ မှာ ဖြိုးမင်းသိန်း၊သိန်းတင်အောင်တို့နဲ့တွဲ ညိုထွန်းကို နာယက ခန့်ပြီး ပါတီထောင်။
နောက်ကွယ်မှာ ခုချိန်ထိ လှအောင် ရှိနေ။ (လှအောင်)*= ၁၉၈၈ ဆိုက်ကိုမှာ ကျူတာ။ဗကသ မှာပါခဲ့ဘူး။
မုန်တိုင်း
Category:




0 comments