Fwd: [8888peoplepower] Statement ရဟန်းသံဃာတော်များအား ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာချက် [1 Attachment]
tjynfjynfqdkif&mjrefrm&[ef;awmfrsm;tzGJ‹ (tdEdN,– xdkif;)
SASANAMOLI
INTERNATIONAL BURMESE MONKS ORGANIZATION (INDIA- THAI)
F-34, F-Block, VikasPuri, 110018. New Delhi, Ph : +91145535099/
Mae Sot - Mae Thoung Road,A. Mae Sot,Tak Province, Thailand
ရက်စွဲ။ ။၃၀ ၊၉ ၊၂၀၁၀
ရဟန်းသံဃာတော်များအား ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်
စစ်တွေမြို့ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကိုထောင်ဒဏ် ၈ နှစ် ၃ လ၊ ဒဏ်ငွေ ကျပ် ၁၀၀၀၀
ချမှတ်လိုက်ခြင်းနှင့် မုဒုံမြို့နယ်မှ အရှင်ဥက္ကံသကို ထောင်ဒဏ် ၁၅ ချမှလိုက်ခြင်းသည် မြန်မာစစ်ခေါင်းဆောင်တစ်စု၏ ဥပဒေ
အထက်မှနေ၍ စိတ်ကြိုက်၊ လုပ်ချင်သလို လုပ်နေကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည် ဆိုင်ရာမြန်မာ ရဟန်းတော်များအဖွဲ့ ထိုင်းနိုင်ငံ၊
အိန္ဒိယနိုင်ငံနှင့်ရခိုင်အမျိုးသားကောင်စီတိုမှ ပူးတဲ၍ွ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ပြည်တွင်း/ပြည်ပတွင် နေထိုင်ကြကုန်သော
ဆရာတော် သံဃာတော်များ၊ ဒါယိကာ ဒါယိကာမများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမ အပေါင်းတို့အား အသိပေး
ကြေညာလိုက်သည်။
ကမ္ဘာတ၀ှမ်းမှ ရွေးကောက်ပွဲ မကျင်းပမီ ဒေါ်ဆောင်ဆန်းစုကြည်နှင့် ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး
လွှတ်ပေးရန် တိုက်တွန်း၊ တောင်းဆိုနေချိန်၌ သံဃာတော်များနှင့် ကျောင်းသား ပြည်သူတို့အား ဖမ်းဆီး ထောင်ချနေခြင်းသည်
စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲ၏ ကျက်သရေမဲ့မှု၊ အနှစ်သာရကင်းမဲ့မှုနှင့် အတုယောင် ရွေးကောက်ပွဲသာဖြစ်ကြောင်း
မိမိတို့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရခိုင်အမျိုးသားကောင်စီတို့မှ
ပြောကြားလိုက်သည်။
ယခုလို တိုင်းရင်းသား ရဟန်းသံဃာတွေအပေါ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် ပြည်ထောင်စုကြီးကို သွေးခွဲလိုက်ခြင်းပင်
ဖြစ်သည်။
မိမိတို့ အဖွဲကြီးများမှ ပြည်တွင်း/ ပြည်ပတွင် နေထိုင်ကြကုန်သော သံဃာတော်များ ဒါယိကာ၊ ဒါယိကာမများနှင့် တိုင်းရင်းသား
ညီအစ်ကို မောင်နှမတို့အား အထူးတိုက်တွန်းလိုသည်မှာ ယခုကဲ့သလို အဖြစ်ဆိုးများ နောင်တွင်မကြုံရလေအောင် ပြည်သူက
ရွေးချယ်တင်မြောက်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်ထည်ဖော်နိုင်ရန် ရည်သန်၍ (က)ပြည်သူ့အစိုးရတရပ်
ပေါ်ပေါက်ရေး၊ (ခ)၂၀၁၀ရွေးကောက်ပွဲကို ဖျက်သိမ်းရေး(ဂ)တိုင်းရင်းသား သွေးစည်းညီညွတ်ရေးတို့ကို အလျင်အမြန်
တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
ဆက်သွယ်ရန်
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ (ထိုင်းနိုင်ငံ) ဖုန်း-+၆၆၈၂၈၈၆၈၇၂၂
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (အိန္ဒိယနိုင်ငံ) ဖုန်း-+၉၁၉၈၁၈၃၆၅၂၂၀
ရခိုင်အမျိုးသားကောင်စီ(ANC) ဖုန်း+၉၁၉၈၁၈၆၇၆၆၄၁
Category:




0 comments