Fwd: Khitpyaing update 11/10/2010
---------- Forwarded message ----------
From: KHITPYAING NEJ <nejnews@gmail.com>
Date: 2010/10/11
Khitpyaing update 11/10/2010
အဆိုပါသြဝါဒခံယူပွဲကို စင်ကာပူမြို့ရှိ တိုးပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ စင်ကာပူရောက် အသက် (၂၀) အရွယ်မှ (၆၀-၇၀) တန်းအထိ မြန်မာနိုင်ငံသား (၃၀၀) ခန့် တက်ရောက်ကြသည်။
ပထမဦးစွာ ရဟန်းသံဃာများအား ဦးတင်ဦးမှ ဦးဆောင်၍ သင်္ကန်းကပ်လှူပူဇော်ပြီးနောက် သံဃာတော်များထံမှ သီလခံယူကာ တက်ရောက်လာကြသော မြန်မာနိုင်ငံသားများက ဦးတင်ဦးအား ကန်တော့ကြသည်။ ထို့နောက် ဦးတင်ဦးက မြန်မာပြည်သားများအား မိနစ် (၂၀) ခန့် ဆုံးမစကားပြောကြားသည်ဟု အခမ်းအနား ဦးဆောင်ကျင်းပသူ ကိုဝဏ္ဏက ခေတ်ပြိုင်သို့ ပြောကြားသည်။
Business Information Technology (B.I.T) ကျောင်းသားတဦးက"အောက်တိုဘာ (၆) ရက် ည (၁၀) နာရီမှာ အဆောင်ရှေ့ဘောလုံးကွင်းမှာ ကစားကြရင်း ရန်ဖြစ်ကြတယ်။ အဲဒီမှာ A.I.T (၅ နှစ် အင်ဂျင်နီယာကျောင်းသား) တွေ အထိနာကြတယ်။ နောက်တနေ့ B.I.T (၃ နှစ် ကွန်ပျူတာကျောင်းသား) တွေ အတန်းဝင်နေတုန်း A.I.T ကျောင်းသားတွေ B.I.T လေးထပ်ဆောင်ကို ရောက်လာတယ်။ မှန်တွေ ရိုက်ခွဲ၊ အခန်းတံခါးတွေကို ရိုက်ချိုးဖွင့်ကြတယ်။ B.I.T ကျောင်းသားတွေက သူတို့ပစ္စည်းတွေ ဖျက်ဆီးနေတာ မြင်တော့ ပြန်ရိုက်ကြရင်း သွေးထွက်သံယိုတွေ ဖြစ်ကုန်ကြတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံတဝန်းတွင် စစ်တိုင်းဌာနချုပ် (၁၃) ခုရှိသည့်အနက် နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးကြီး မင်းဇော်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ဝင်းသိန်းတို့ (၃) ဦးသာ အခြားစစ်ဘက်ရာထူးသို့ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ ကျန်ဒု-တိုင်းမှူး (၁ဝ) ဦးအား စစ်ဘက်မှ အနားယူခွင့်ပေးလိုက်ကာ ၎င်းတို့အနက် အချို့က ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက "ဒု-တိုင်းမှူးထဲက ဗိုလ်မှူးကြီးတွေပဲ ကျန်ခဲ့တယ်။ ရမခက ဒု-တိုင်းမှူး ဝင်းသိန်းက စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၆ က ဌာနချုပ်မှူး၊ ရကတ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းက စကခ (၄) မှူး တက်ဖြစ်တယ်။ နေပြည်တော်က ဒု-တိုင်းမှူး မင်းဇော်က တပ်မမှူး တက်ဖြစ်တယ်။ ကျန်တဲ့ ဗိုလ်မှူးချုပ်တွေကျတော့ စစ်ဘက်က အနားယူခိုင်းလိုက်တယ်" ဟု ပြောသည်။
ပြန်လည်ရောက်ရှိလာမည့် သီလရှင် (၂၅) ပါး၊ ကိုရင် (၁၀) ပါးအား သီတဂူအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြိုဆိုမည်ဖြစ်ပြီး အုပ်ထိန်းသူမိဘ (သို့မဟုတ်) ဘုန်းတော်ကြီးများထံသို့ ယင်းနေ့တွင် ပြန်လည်အပ်နှံမည်ဖြစ်သည်။
"(၁၇) ရက်နေ့မှာ သီတဂူအဖွဲ့ သီရိလင်္ကာကို လိုက်မယ်။ သီတဂူ ဆရာတော်တော့ မပါတော့ဘူး။ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၁၈) ရက်နေ့အတွက် လေယာဉ်လက်မှတ် စီစဉ်ပြီးပြီ။ မလေးရှားမှာ Transit နားပြီး (၁၉) ရက်နေ့ မလေးရှား အဲယားလိုင်းနဲ့ မြန်မာပြည်ပြန်လာမယ်။ မင်္ဂလာဒုံလေဆိပ် 'ရောမမာန်' စားသောက်ဆိုင်မှာ နံနက်စာကျွေးပြီး အုပ်ထိန်းသူလက် ပြန်အပ်မယ်" ဟု အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းနေ့တွင် သီတဂူဆရာတော်ဘုရားကြီး လိုက်ပါကြိုဆိုခြင်း ရှိ မရှိနှင့် သတင်းစာရှင်းလင်းပွဲ ပြလုပ်ခြင်း ရှိ မရှိကိုမူ အုပ်ချုပ်ရေးအဖွဲ့မှ ဖြေဆိုရန် ငြင်းဆန်သည်။
Read more..
http://www.khitpyaing.org
From: KHITPYAING NEJ <nejnews@gmail.com>
Date: 2010/10/11
Khitpyaing update 11/10/2010
စင်ကာပူရောက်မြန်မာများ သူရဦးတင်ဦးထံမှ သြ၀ါဒခံယူ
စင်ကာပူနိုင်ငံတွင် မျက်စိခွဲစိတ်ကုသပြီး၍ လိုအပ်သော ဆေးဝါးစောင့်ရှောက်မှု ဆက်လက်ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးထံမှ သြ၀ါဒစကားများခံယူသည့် ဂါရ၀ပြုပွဲတရပ်ကို စင်ကာပူရောက် မြန်မာလူငယ်များက ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါသြဝါဒခံယူပွဲကို စင်ကာပူမြို့ရှိ တိုးပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ စင်ကာပူရောက် အသက် (၂၀) အရွယ်မှ (၆၀-၇၀) တန်းအထိ မြန်မာနိုင်ငံသား (၃၀၀) ခန့် တက်ရောက်ကြသည်။
ပထမဦးစွာ ရဟန်းသံဃာများအား ဦးတင်ဦးမှ ဦးဆောင်၍ သင်္ကန်းကပ်လှူပူဇော်ပြီးနောက် သံဃာတော်များထံမှ သီလခံယူကာ တက်ရောက်လာကြသော မြန်မာနိုင်ငံသားများက ဦးတင်ဦးအား ကန်တော့ကြသည်။ ထို့နောက် ဦးတင်ဦးက မြန်မာပြည်သားများအား မိနစ် (၂၀) ခန့် ဆုံးမစကားပြောကြားသည်ဟု အခမ်းအနား ဦးဆောင်ကျင်းပသူ ကိုဝဏ္ဏက ခေတ်ပြိုင်သို့ ပြောကြားသည်။
နည်းပညာမြို့သစ်မှ ကျောင်းသားချင်း ရန်ဖြစ်၍ ကျောင်းပိတ်လိုက်ရ
ရတနာပုံနည်းပညာမြို့သစ် (ပြင်ဦးလွင်) တွင် Asian Institute of Technology (A.I.T) မှ ဖွင့်လှစ်ထားသော အဆင်မြင့် နည်းပညာရပ်ဆိုင်ရာ အင်ဂျင်နီယာ ဘွဲ့သင်တန်းများကို သင်ယူနေသော အဓိကဘာသာတွဲမတူသည့် ကျောင်းသားအုပ်စု နှစ်စု ခိုက်ရန်ဖြစ်ပွားသောကြောင့် အောက်တိုဘာ (၇) ရက်မှစ၍ ရက်အကန့်အသတ်မရှိ ကျောင်းပိတ်လိုက်ကြောင်း သိရသည်။Business Information Technology (B.I.T) ကျောင်းသားတဦးက"အောက်တိုဘာ (၆) ရက် ည (၁၀) နာရီမှာ အဆောင်ရှေ့ဘောလုံးကွင်းမှာ ကစားကြရင်း ရန်ဖြစ်ကြတယ်။ အဲဒီမှာ A.I.T (၅ နှစ် အင်ဂျင်နီယာကျောင်းသား) တွေ အထိနာကြတယ်။ နောက်တနေ့ B.I.T (၃ နှစ် ကွန်ပျူတာကျောင်းသား) တွေ အတန်းဝင်နေတုန်း A.I.T ကျောင်းသားတွေ B.I.T လေးထပ်ဆောင်ကို ရောက်လာတယ်။ မှန်တွေ ရိုက်ခွဲ၊ အခန်းတံခါးတွေကို ရိုက်ချိုးဖွင့်ကြတယ်။ B.I.T ကျောင်းသားတွေက သူတို့ပစ္စည်းတွေ ဖျက်ဆီးနေတာ မြင်တော့ ပြန်ရိုက်ကြရင်း သွေးထွက်သံယိုတွေ ဖြစ်ကုန်ကြတယ်" ဟု ပြောသည်။
ဒု-စစ်တိုင်းမှူးများ တပ်မှ အနားယူ
နအဖစစ်တပ်အတွင်း အသက်ကြီးပြီး အချိန်အတော်ကြာ တဆင့်မြင့်ရာထူးမတက်ဘဲ ရှိကြသည့် စစ်တိုင်းဌာနချုပ်အသီးသီးမှ ဒု-တိုင်းမှူးအားလုံးနီးပါးသည် မကြာသေးမီရက်ပိုင်းအတွင်း၌ စစ်တပ်မှ အနားယူခဲ့ပြီး အချို့က ရွေးကောက်ပွဲဝင်ကြမည်ဟု သိရသည်။မြန်မာနိုင်ငံတဝန်းတွင် စစ်တိုင်းဌာနချုပ် (၁၃) ခုရှိသည့်အနက် နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးကြီး မင်းဇော်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ဝင်းသိန်းတို့ (၃) ဦးသာ အခြားစစ်ဘက်ရာထူးသို့ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ ကျန်ဒု-တိုင်းမှူး (၁ဝ) ဦးအား စစ်ဘက်မှ အနားယူခွင့်ပေးလိုက်ကာ ၎င်းတို့အနက် အချို့က ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက "ဒု-တိုင်းမှူးထဲက ဗိုလ်မှူးကြီးတွေပဲ ကျန်ခဲ့တယ်။ ရမခက ဒု-တိုင်းမှူး ဝင်းသိန်းက စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၆ က ဌာနချုပ်မှူး၊ ရကတ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းက စကခ (၄) မှူး တက်ဖြစ်တယ်။ နေပြည်တော်က ဒု-တိုင်းမှူး မင်းဇော်က တပ်မမှူး တက်ဖြစ်တယ်။ ကျန်တဲ့ ဗိုလ်မှူးချုပ်တွေကျတော့ စစ်ဘက်က အနားယူခိုင်းလိုက်တယ်" ဟု ပြောသည်။
မြန်မာကလေးငယ် (၃၅) ဦးအား အုပ်ထိန်းသူထံ ပြန်အပ်နှံမည်
သီရိလင်္ကာနိုင်ငံ၌ ဒုက္ခကြုံတွေ့နေရသော မြန်မာကလေးငယ် (၃၅) ဦးသည် လာမည့် အောက်တိုဘာ (၁၉) ရက် နံနက်တွင် မလေးရှားအဲယားလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတော့မည်ဟု သီတဂူသာသနာပြု အုပ်ချုပ်ရေးအဖွဲ့မှ ပြောကြားသည်။ပြန်လည်ရောက်ရှိလာမည့် သီလရှင် (၂၅) ပါး၊ ကိုရင် (၁၀) ပါးအား သီတဂူအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြိုဆိုမည်ဖြစ်ပြီး အုပ်ထိန်းသူမိဘ (သို့မဟုတ်) ဘုန်းတော်ကြီးများထံသို့ ယင်းနေ့တွင် ပြန်လည်အပ်နှံမည်ဖြစ်သည်။
"(၁၇) ရက်နေ့မှာ သီတဂူအဖွဲ့ သီရိလင်္ကာကို လိုက်မယ်။ သီတဂူ ဆရာတော်တော့ မပါတော့ဘူး။ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၁၈) ရက်နေ့အတွက် လေယာဉ်လက်မှတ် စီစဉ်ပြီးပြီ။ မလေးရှားမှာ Transit နားပြီး (၁၉) ရက်နေ့ မလေးရှား အဲယားလိုင်းနဲ့ မြန်မာပြည်ပြန်လာမယ်။ မင်္ဂလာဒုံလေဆိပ် 'ရောမမာန်' စားသောက်ဆိုင်မှာ နံနက်စာကျွေးပြီး အုပ်ထိန်းသူလက် ပြန်အပ်မယ်" ဟု အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းနေ့တွင် သီတဂူဆရာတော်ဘုရားကြီး လိုက်ပါကြိုဆိုခြင်း ရှိ မရှိနှင့် သတင်းစာရှင်းလင်းပွဲ ပြလုပ်ခြင်း ရှိ မရှိကိုမူ အုပ်ချုပ်ရေးအဖွဲ့မှ ဖြေဆိုရန် ငြင်းဆန်သည်။
Read more..
http://www.khitpyaing.org
Category:

0 comments