VOA Burmese E-mail News Summary

Burma Campaign Japan | 8:13 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာရွေးကောက်ပွဲ တရားမျှတရေး ဘန်ကီမွန်း အလေးထား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့အတွက် အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ုကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း။

မြန်မာကိစ္စ ပင်ညဲရိုးနဲ့ ယိုကိုတာ ထောက်ခံမှု ကင်တားနား ကြိုဆို

မြန်မာ့ လူ့အခွင့်အရေးကိစ္စ ကုလ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ပင်ညဲရိုးနဲ့ ယိုကိုတာတို့ ထောက်ခံမှုအပေါ် မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။

တရုတ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အမေရိကန် အမတ်တွေ တောင်းဆို

တရုတ် နိုင်ငံရေး လှုပ်ရှားသူ ၂ ယောက်ကို ပြန်လွှတ်ပေးရေး တရုတ်သမ္မတကို တောင်းဆိုဖို့ အမေရိကန် ဥပဒေပြု အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။

ငွေကြေးကိစ္စ ဥရောပနဲ့ တရုတ် သဘောကွဲ

တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုး မြှင့်ပေးဖို့အတွက် ဥရောပ ခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုကို လိုက်လျောဖို့ ငြင်းဆန်ခဲ့ပါတယ်။

NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ

မြန်မာစစ်အစိုးရကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တရားစွဲဆိုတာကို ဗဟိုတရားရုံးချုပ် ရန်ကုန်က ဒီကနေ့ လက်ခံလိုက်ပါပြီ။

ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး EU အတွင်း ဆွေးနွေး

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စုံစမ်းဖို့ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ရေး EU နိုင်ငံတွေအကြား ဆွေးနွေးမှုတွေ ရှိနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်မှု ကော်မရှင်ကို တိုင်ကြား

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်မှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားမှုတွေ ရှိနေပါတယ်။

ချင်းပြည်နယ် အပယ်ဖျက်ခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရ

ချင်းပြည်နယ်မှာ ကြံ့ဖွံ့ပါတီက ပယ်ဖျက်ခံထားရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို ပြန်လည်အရွေးခံပိုင်ခွင့် ပေးလိုက်ပါတယ်။

လပွတ္တာ စက်လှေမှောက်၊ လူ ဒါဇင်နဲ့ချီ သေဆုံး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ကျောင်းသားအားကစားပွဲကို သွားတဲ့ စက်လှေမှောက်ခဲ့တာကြောင့် အနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့ပါတယ်။

ဘန်ကောက် တိုက်ခန်း ဗုံးပေါက်ကွဲမှု သေဆုံးသူဦးရေ တိုး

ဘန်ကောက်မြို့မှာ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး တခုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
မျက်မှောက်ရေးရာ
အင်တာဗျူး

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA323334866134433082ECBEBACBD59F5385">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments