VOA Burmese E-mail News Summary

Burma Campaign Japan | 8:33 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် တရုတ် နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဆွေးနွေး

မြန်မာ့ရွေးကောက်ပွဲကိစ္စ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီတို့ ဆွေးနွေးခဲ့ကြပါတယ်။

လူမှောင်ခိုကူးခံရသူ ကမ္ဘောဒီးယား အမျိုးသမီးတွေကို ၀န်ကြီး ကလင်တန် တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းမှာ လူကုန်ကူး ခံခဲ့ရသူတွေကို တွေ့ဆုံခဲ့ပါတယ်။

ဗီယက်နမ်မှာ နျူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဆောက်မည်

အလျှင်အမြန် ကြီးထွားနေတဲ့ စီးပွားရေးအတွက် ဂျပန်နဲ့ ရုရှား အကူအညီကိုယူပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်မယ်လို့ ဗီယက်နမ်က ပြောပါတယ်။

မြန်မာရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့ သြစတြေးလျ တောင်းဆို

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ တရားမျှတပြီး အားလုံးပါဝင်နိုင်ဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းထောက်တွေ အစိုးရ အစီအစဉ်နဲ့သာ သတင်းယူရမည်

ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တွေ ရွေးကောက်ပွဲသတင်း ရယူဖို့ သံတမန်တွေနဲ့အတူ စစ်အစိုးရ အစီအစဉ်နဲ့ သွားရောက်ရမှာ ဖြစ်ပါတယ်။

ကုလ အတွင်းရေးမှူးချုပ် ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ

ရွေးကောက်ပွဲတွေ ပွင့်လင်းမှုရှိဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ မြန်မာစစ်အစိုးရ၀န်ကြီးချုပ်ကို ကုလ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေသည့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်။ အောက်တိုဘာ ၂၉၊ ၂၀၁၀

လေယာဉ်ပေါ် ဗုံးထည့်ပေးလိုက်မှုနဲ့ သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီး

ပေါက်ကွဲစေတဲ့ပစ္စည်းတွေကို ယီမင်ကနေ အမေရိကန်ကိုရောက်အောင် တင်ပို့မှုမှာ ပတ်သက်နေတယ်လို့ မသင်္ကာသူ အမျိုးသမီးကို ယီမင်အာဏာပိုင်များ ဖမ်းဆီး။

ကွဲကွာနေတဲ့ ကိုရီးယားမိသားစုတွေ ဆုံတွေ့ခွင့်ရ

၁၉၅၀ ပြည့်လွန်နှစ် ကိုရီးယားစစ်ပွဲထဲက ကွဲကွာသွားခဲ့ကြတဲ့ တောင်ကိုရီးယား မိသားစုပေါင်း ၁၀၀ လောက် အချင်းချင်း ပြန်လည်တွေ့ဆုံခွင့်ရ။

တောင်နှင့်မြောက်ကိုရီးယားအကြား ကွဲကွာနေကြသည့် မိသားစုများ ပြန်လည်ဆုံစည်းနေကြစဉ် (အောက်တိုဘာလ ၃၀၊ ၂၀၁၀)

လမ်းခင်းပြီး မဲဆွယ်တဲ့ ကြံ့ခိုင်ရေး

ကြံ့ခိုင်ရေးပါတီဟာ အာဏာနဲ့ ပြည့်သူငွေကြေးကို အသုံးပြုပြီး စည်းရုံးမဲဆွယ်နေတယ်လို့ ရန်ကုန်ဒေသခံ ပြည်သူတချို့ တိုင်ကြား။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)

အမေရိကန်မှာမိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အယ်လ်ခိုင်းဒါး အမှတ်တံဆိပ်တွေပါရှိ

ယီမင်ကနေ အမေရိကန်ပြည်ထောင်စုကို ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ ပစ္စည်းထုတ်တွေကို ဘယ်သူ ပို့ခဲ့တယ်ဆိုတာကို တာဝန်ရှိသူတွေက စုံစမ်းနေပါတယ်။

ယီမင်ကနေ အမေရိကန်ကို ကုန်တင်လေယာဉ်ဖြင့် ပါလာသည့် သံသယဖြစ်ဖွယ် ပစ္စည်းတခု (အောက်တိုဘာ ၂၉၊ ၂၀၁၀)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32DDF465DAD22BDB5B57976A72D70D59E7">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments