VOA Burmese E-mail News Summary

Burma Campaign Japan | 9:11 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့ရွေးကောက်ပွဲ ကုလ ရှုတ်ချ

မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ကုလ လူ့အခွင့်အရေး ကော်မတီက ရှုတ်ချလိုက်ပါတယ်။

ဒေါ်စု သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည်

ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့တဲ့ HIV/AIDS ရောဂါသည်တချို့ကို စေတနာ့ဝန်ထမ်း ဆေးခန်းက မောင်းထုတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ်အိမ် ဗုံးကွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားသူကြီးချုပ်ရဲ့ နေအိမ်ဝင်းထဲမှာ အငယ်စား ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပေမဲ့ အထိအခိုက် မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

ဒေါ်စုနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ဟာ ဒီနေ့ ညနေပိုင်းက တယ်လီဖုန်းကတဆင့် တိုက်ရိုက် စကားပြော ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည်

မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အမေရိကန်စံတော်ချိန် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးကြဖို့ရှိ..

NLD တရားဝင်ကြောင်း ဥပဒေအရ ကြိုးပမ်း

NLD ပါတီအနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ရှိကြောင်း လျှောက်ထားတဲ့ အမှုကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုများ ပေါ်လာနိုင်

ရွေးကောက်ပွဲ ရလဒ်အပေါ် ကန့်ကွက်နေတဲ့ကြားက ကြံ့ဖွံ့ပါတီက အနည်းဆုံး ၇၅% နီးပါး အနိုင်ရနေပြီလို့ ကော်မရှင်က ပြောဆိုလိုက်ပါတယ်။

NDF ပါတီက လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ်

NDF ပါတီက သူတို့ပါတီ ကိုယ်စားပြုပြီး ၀င်ရောက် အရွေးခံခဲ့တဲ့ ဦးသိန်းညွန့်ကို ပါတီဝင်အဖြစ်က ထုတ်ပစ်လိုက်တယ်လို့ ပြောပါတယ်။

ဖားကန့်မြေပြိုမှု လူ ၅၀ ခန့် သေဆုံး

ကျောက်စိမ်းထွက်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ အပတ်ကတည်းက မြေပြိုမှုကြောင့် လူအနည်းဆုံး ၅၀ လောက် သေဆုံးခဲ့ပါတယ်။

ဓာတ်ဆီဈေးနဲ့အတူ ကုန်ပစ္စည်းဈေးတွေ လိုက်တက်

အခုရက်ပိုင်းအတွင်း ကုန်ဈေးနှုန်းတွေ တက်လာတာဟာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32A3CCE2BF85190167406845FA8C0A4CFA">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments