VOA Burmese E-mail News Summary

Burma Campaign Japan | 8:57 PM | 0 comments

ထိပ်တန်းသတင်း

မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေ ပြန်လည်စုစည်း

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်းရှိ NLD မြို့နယ်ရုံးတွေက လှုပ်ရှားမှုတွေ စတင်နိုင်ဖို့ ပြန်ဆက်သွယ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် အမေရိကန် သတိပေး

မြောက်ကိုရီးယားရဲ့ နျူကလီးယား ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် စစ်ဘက် ထိပ်တန်း တာဝန်ရှိသူ တယောက်က သတိပေးလိုက်ပါတယ်။

အိုင်ယာလန် စီးပွားရေးအတွက် ဥရောပသမဂ္ဂ ကူညီမည်

ပြဿနာဖြစ်နေတဲ့ အိုင်ယာလန်နိုင်ငံ စီးပွားရေးကို ဝင်ရောက် အကူအညီ ပေးကြဖို့ EU ဥရောပသမဂ္ဂ ဘဏ္ဍာရေး ဝန်ကြီးတွေ သဘောတူလိုက်ကြပါတယ်။

နျူလက်နက် လျှော့ချရေးစာချုပ် အမေရိကန် အတည်ပြုဖို့ ဥရောပနဲ့ ရုရှားတိုက်တွန်း

နျူကလီးယားလက်နက် ကာကွယ်ရေး စာချုပ်အသစ် ချုပ်ဆိုနိုင်ဖို့အတွက် အမေရိကန်ဘက်က အတည်ပြုပေးဖို့ EU နဲ့ ရုရှားက တိုက်တွန်းလိုက်ပါတယ်။

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

ဒုတိယပင်လုံညီလာခံကျင်းပရေး တာဝန်ကို နိုင်ငံရေး ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တာဝန်လွှဲအပ်လိုက်ပါတယ်။

နိုင်ငံရေးလှုပ်ရှားသူများကို ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ် (နိုဝင်ဘာလ ၂၀၊ ၂၀၁၀)

NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွှေ့ရန် ဆွေးနွေး

NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွှေ့ရေးကိစ္စ ကျန်းမာရေး ဦးစီးဌာနက ခေါ်ယူဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာ HIV ဝေဒနာရှင်တဦး (ဇွန်လ ၉၊ ၂၀၀၉)

တပ်ရုပ်သိမ်းရေး အာဖဂန်နဲ့ နေတိုးကြား သဘောတူညီမှုရရှိ

၂၀၁၄ ခုနှစ်နောက်ဆုံးထားပြီး အာဖဂန်နိုင်ငံထဲကနေ နေတိုးမဟာမိတ်တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ အာဖဂန်နဲ့ နေတိုးအဖွဲ့က သဘောတူလိုက်ကြပါပြီ။

ငွေတန်ဘိုးပြဿနာ ဖြေရှင်းရေး G-20 မှာ တိုက်တွန်းဖို့ရှိ

စက်မှုထွန်းကားနိုင်ငံ ၂၀ အနေနဲ့ မျှတပြီး ရေရှည်ခံတဲ့ တိုးတက်မှုတွေဖြစ်စေမယ့် စီးပွားရေးမူဝါဒတွေ ချမှတ်ဖို့ အမေရိကန်နဲ့အီးယူ တိုက်တွန်းမည်။

NATO ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေသည့် အမေရိကန် သမ္မတ အိုဘားမား (နိုဝင်ဘာလ ၁၉၊ ၂၀၁၀)

အာဖဂန်စစ်မြေပြင် ဆုတ်ခွာရေးအစီအစဉ် NATO ဆုံးဖြတ်

အာဖဂန်စစ်မြေပြင်ကနေ NATO မဟာမိတ်အဖွဲ့ဝင်တပ်ဖွဲ့တွေ ဆုတ်ခွာဖို့ အစီအစဉ်ကို NATO အဖွဲ့ဝင်ခေါင်းဆောင်တွေက စနေနေ့က သဘောတူလိုက်ကြပါတယ်။

နျူကလီယား ဓါတ်ပေါင်းဖိုစက်ရုံသစ် မြောက်ကိုရီယားဆောက်လုပ်

မြောက်ကိုရီးယားက အနုမြူဓါတ်ပေါင်းဖိုသစ် တည်ဆောက်နေတာ တွေ့ရတယ်လို့ အမေရိကန် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တခုက အတည်ပြုပြောကြားပါတယ်။

Yongbyon နျူကလီးယားစက်ရုံ တည်ရှိရာကို စတလိုက်ဂြိုလ်တုမှ ဖမ်းယူထားသည့်ပုံ။ (သြဂုတ်လ ၁၃၊ ၂၀၀၂)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA328EE1E73ECDB04C28CF2087DDB8924B0F">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments