VOA Burmese E-mail News Summary

Burma Campaign Japan | 9:02 PM | 0 comments

ထိပ်တန်းသတင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက အမျိုးသား ရင်ကြားစေ့ရေး ကိစ္စအတွက် ပါတီအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။

မြန်မာအစိုးရ လူသတ်မိုင်း သုံးဆဲ

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းတွေကို အစိုးရကိုယ်တိုင်က သုံးစွဲနေတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ကျန်တော့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယား လူအုပ်ပိသေသူ ၄၅၀ ကျော်ပြီ

ကမ္ဘောဒီးယားမြို့တော် တခုရဲ့ ပွဲတော်ကျင်းပရာ တံတားပေါ်မှာ လူအုပ်ပိ သေဆုံးတဲ့ ဦးရေဟာ ၄၅၆ ဦးအထိ တိုးလာပြီလို့ သိရပါတယ်။

ဒေါ်စုနှင့် သားငယ် ရွှေတိဂုံဘုရား ဖူးမြော်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သားငယ် ကိုထိန်လင်းနဲ့အတူ ရွှေတိဂုံဘုရားကို သွားဖူးခဲ့ပါတယ်။

NLD တိုင်းနဲ့ပြည်နယ် အမျိုးသမီးအဖွဲ့နဲ့ ဒေါ်စု တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ပြည်နယ်က အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

HIV/AIDS လူနာတွေ တောင်ဒဂုံ စောင့်ရှောက်ဂေဟာမှာ ဆက်လက် နေထိုင်သွားကြမည်

တောင်ဒဂုံမြို့နယ်က HIV/AIDS စောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်နေကြတဲ့ လူနာတွေဟာ ဒီနေရာမှာပဲ ဆက်နေသွားကြဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းစိန် အဖွဲ့နဲ့ ရခိုင် RNDP ခေါင်းဆောင်တွေ ဒေသန္တရ ဖွံ့ဖြိုးရေး ဆွေးနွေး

ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ ၀န်ကြီးတချို့ဟာ ရခိုင် RNDP ခေါင်းဆောင်တွေနဲ့ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုနဲ့ ပြုံယမ်းကို တုံ့ပြန်

မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုအသစ် လုပ်ဆောင်ဖို့ သဘောတူလိုက်ကြပါတယ်။

နယူးဇီလန် သတ္တုတွင်းလုပ်သား ၂၉ ဦး သေဆုံးပြီလို့ ယူဆ

နယူးဇီလန်က ကျောက်မီးသွေးတွင်း တခုအောက်မှာ ပိတ်မိနေတဲ့ အလုပ်သမား ၂၉ ဦး ကယ်တင်ဖို့ မျှော်လင့်ချက် မရှိနိုင်တော့ဘူးလို့ ရဲတွေက ပြောပါတယ်။

ဒေါ်စုနဲ့ သားငယ်ဖြစ်သူ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံဆည်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ နှစ်ကြာ ခွဲခွာနေခဲ့ရတဲ့ သားငယ်နဲ့ ဒီနေ့ ပြန်လည် ဆုံတွေ့နိုင်ခဲ့ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA328A9A44F492A049C2461C44D1B2802087">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments