VOA Burmese E-mail News Summary

Burma Campaign Japan | 7:28 PM | 0 comments

ထိပ်တန်းသတင်း

ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရောက်မည်

ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦး မြန်မာပြည်ကို မနက်ဖြန်မှာ ရောက်ဖို့ရှိပြီး စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ တွေ့ဆုံပြီး တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း

၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကြောင်း ထောင်တွင်းမှာ ကြေညာချက် ထုတ်ပြန်တာကြောင့် ဦးအုန်းသန်းကို အာဏာပိုင်တွေက ထောင်ပြောင်းလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပိုမိုပြင်းထန်

တောင်နဲ့မြောက်ကိုရီးယားတို့ကြား တင်းမာမှုတွေ ကြီးထွားနေချိန် ကိုရီးယားကျွန်းဆွယ်မှာ နောက်ထပ် လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အယ်လ်ခိုင်းဒါးအနွယ် ၁၀၀ ကျော် ဆော်ဒီဖမ်းဆီး

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိသူ ၁၄၉ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဆော်ဒီအာရေဗီးယားနိုင်ငံက ပြောပါတယ်။

In this handout picture made available by the Saudi press Agency (SPA), Saudi Arabia's King Abdullah, seated in a wheel chair, readies to depart to the United States for surgery, Riyadh, 22 Nov 2010

ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်

ဒုတိယပင်လုံညီလာခံမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေအပြင် စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားသွားမယ်လို့ CRPP က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ခေါင်းဆောင်တချို့

တီးတိန်အနီး ကားမှောက် ၁၆ ဦးသေ

ခရီးသည်တင်ကားတစီး တွန်းဇန်မြို့နဲ့ တီးတိန်းမြို့အကြား တောင်ပေါ်လမ်းမှာ ဒီနေ့ မနက် တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

Yangon Airway လေကြောင်း ရပ်နားလို့ ခရီးသွားလုပ်ငန်းတွေ အခက်ကြုံ

Yangon Airway လေကြောင်း ရပ်နားလို့ ဧည့်ခရီးသွားလုပ်ငန်းတွေ အတော်လေး အဆင်မပြေ ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံရောက် နိုင်ငံခြားသား ခရီးသွားတချို့ (ဒီဇင်ဘာ ၂၃၊ ၂၀၀၈)

ဒေါ်စု လွတ်မြောက်မှုကြောင့် မြန်မာပြည်ကို ခရီးသွားတွေ ပိုလာနိုင်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာလေမလား မျှော်လင့်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။

ကြွေးမြီပြဿနာကို ယူရိုငွေကြေးသုံး နိုင်ငံတွေ ကြံ့ကြံ့ခံနိုင်

ယူရိုငွေသုံးစွဲတဲ့ နိုင်ငံတွေအနေနဲ့ ဥရောပမှာ ကြုံနေရတဲ့ ကြွေးမြီပြဿနာကနေ ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ပြောပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA327C034C17FCCCE9AA5AD0A995354DF5F2">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments