VOA Burmese E-mail News Summary

Burma Campaign Japan | 6:16 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာနိုင်ငံအရေး အမေရိကန် အထူးအာရုံစိုက်နေ

မြန်မာဒုက္ခသည်တွေ အရေးကို စူးစမ်းဖို့အတွက် လာမယ့်သီတင်းပတ် ကျရင် ထိုင်း-မြန်မာနယ်စပ်ကို အမေရိကန် အရာရှိတဦး သွားရောက်ဖို့ရှိပါတယ်။

ဂမ်ဘာရီကို ဖယ်ရှားဖို့ အမေရိကန်လုပ်ဆောင်ခဲ့

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းကို အမေရိကန်က ရာထူးကနေဖယ်ရှားဖို့ ကြိုးပမ်းခဲ့ကြောင်း WikiLeaks ထုတ်ဖော်။

လွတ်လပ်မှုနဲ့ လူ့အခွင့်ရေးကာကွယ်ဖို့ ဘန်ကီမွန်း တိုက်တွန်း

ကမ္ဘာနဲ့အ၀န်း လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်သွားကြဖို့ ကုလ အတွင်းရေးမှူးချုပ်က လူ့အခွင့်အရေးနေ့မှာ တိုက်တွန်း။

အီရန် လက်နက်မှောင်ခိုမှု စုံစမ်းဖို့ အမေရိကန်တိုက်တွန်း

အီရန်က လက်နက်မှောင်ခို ရောင်းချနေမှုရှိမရှိ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rise က တိုက်တွန်း။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဆက်ဖ်ယွန်းဟာ ဒီမိုကရေစီအင်အားစုတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်အရာရှိ Joseph Yun တို့ တွေ့ဆုံနုတ်ဆက်နေစဉ် (ဒီဇင်ဘာ ၁၀၊ ၂၀၁၀)

မိမိအခွင့်အရေးကို ရဲရဲဝံ့ဝံ့ တောင်းဆိုကြဖို့ ဒေါ်စု တိုက်တွန်း

ဥပဒေကို လေးစားလိုက်နာသူတွေအနေနဲ့ မိမိရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေကို ရဲရဲဝံ့ဝံ့ တောင်းဆိုရဲရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို။

မြန်မာအပေါ် တရုတ်စိတ်ပျက်ဟု ၀ိကီလိခ်စ်က ထုတ်ဖော်

မြန်မာစစ်အစိုးရအပေါ် တရုတ်နိုင်ငံရဲ့ ခါတိုင်းကြားနေကျမဟုတ်တဲ့ သဘောထားတွေကို WikiLeaks အင်တာနက် ၀က်ဆိုက်မှာ ဖွင့်ချထားပါတယ်။

တရုတ်အတိုက်အခံ လူရှောင်ဘိုကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲအခမ်းအနား ကျင်းပ

တရုတ်အတိုက်အခံ လူရှောင်ဘိုကို ဒီကနေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနား ကျင်းပပြီး ပေးအပ်ခဲ့ပါတယ်။

ရန်ကုန်ရောက် အမေရိကန်အရာရှိ ဒေါ်စုနှင့် တွေ့မည်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အကြီးတန်းသံတမန် တဦးဟာ ဒီကနေ့ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် ရှိပါတယ်။

ဝီကီလိခ် ထောက်ခံသူတွေ အင်တာနက်စစ်ပွဲချဲ့

ဝီကီလိခ် အင်တာနက် ၀က်ဘ်ဆိုက်ဒ်ကို ထောက်ခံသူတွေက Paypal နဲ့ Amazon တို့လို ကုမ္ပဏီတွေကို ထိုးနှက်တိုက်ခိုက်မှုတွေ တိုးမြှင့်လိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA325DEC8BBC37A9DEE75C3E26C00A4C3356">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments