VOA Burmese E-mail News Summary

Burma Campaign Japan | 7:41 PM | 0 comments

ထိပ်တန်းသတင်း

နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ

ICRC မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဥရောပတလွှား ဆီးနှင်းထူ၍ အသွားအလာ ရပ်ဆိုင်း

ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး ရေခဲနဲ့ ဆီးနှင်းတွေ ကျခဲ့ရတာကြောင့် ဟိသရိုး လေဆိပ်မှာ မလွှဲမရှောင်သာ နှောင့်နှေးမှု ဖြစ်ခဲ့ရပါတယ်။

ဂျပန် ပစိဖိတ်ကမ်းခြေ ဆူနာမီ သတိပေး

ဂျပန်နိုင်ငံရဲ့ ပစိဖိတ်ကမ်းခြေမှာ ငလျင်ပြင်းပြင်း လှုပ်ခဲ့ပြီး သိပ္ပံပညာရှင်တွေက ဆူနာမီ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဂီရိမုန်တိုင်းဘေး EU ယူရိုငွေ ၃,၀၀၀,၀၀၀ လှူ

မြန်မာနိုင်ငံက ဆိုင်ကလုံးဂီရိဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီငွေ ယူရို ၃,၀၀၀,၀၀၀ ထောက်ပံ့ဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

ဒေါ်စုနဲ့ တွေ့ဆုံမေးမြန်းခန်း ပြည်တွင်း သတင်းဂျာနယ်တွေ ဖော်ပြခွင့်မရ

ပြည်တွင်းသတင်းဂျာနယ်တချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးမြန်းထားတဲ့ အင်တာဗျူးနဲ့ ဆောင်းပါးတွေ အားလုံးကို စာပေစိစစ်ရေးက ပယ်ချခဲ့ပါတယ်။

ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက်

ကြံ့ဖွံ့ပါတီက အနိုင်ရ လွှတ်တော်အမတ်တွေ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် စည်းဝေးပွဲ ကျင်းပဖို့ နေပြည်တော်မှာ ရောက်နေကြပါတယ်။

မြောက်ကိုရီးယား ကုလ နျူကလီးယား စစ်ဆေးရေးမှူးတွေ လာရောက်ခွင့်ပြုမည်

မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေကို လာရောက်ခွင့်ပြုမယ်လို့ သဘောတူလိုက်ပါတယ်။

ထိုင်းအစိုးရ အရေးပေါ် အခြေအနေ အမိန့် ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ ၈ လကြာ ကြေညာခဲ့တဲ့ အရေးပေါ် အခြေအနေ အမိန့်ကို ဒီနေ့ အင်္ဂါနေ့ကစပြီး ရုပ်သိမ်းလိုက်ပြီလို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ဒေါ်စုနဲ့ ILO ဆက်ဆံရေး အရာရှိ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ILO ရန်ကုန် ဌာနေကိုယ်စားလှယ် စတိဗ် မာရှဲလ်နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ပိုင်း တုံ့ပြန်မည် မဟုတ်

တောင်ကိုရီုးယားရဲ့ ကျည်ဆန်အစစ်သုံးပြီး လက်နက်ကြီး စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားနိုင်ငံက တုံ့ပြန်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3238ACCB68BECC4C89CB1951F726F271B8">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments