VOA Burmese E-mail News Summary

Burma Campaign Japan | 9:00 PM | 0 comments

ထိပ်တန်းသတင်း

ဒေါ်စုနဲ့ ILO ဆက်ဆံရေး အရာရှိ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ILO ရန်ကုန် ဌာနေကိုယ်စားလှယ် စတိဗ် မာရှဲလ်နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ပိုင်း တုံ့ပြန်မည် မဟုတ်

တောင်ကိုရီုးယားရဲ့ ကျည်ဆန်အစစ်သုံးပြီး လက်နက်ကြီး စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားနိုင်ငံက တုံ့ပြန်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မလေးရှား ခရီးသွားကားမှောက်၊ ၃၀ နီးပါး သေဆုံး

ထိုင်းနိုင်ငံက ခရီးသွားတွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစီး မလေးရှား အဝေးပြေးလမ်းမ တခုမှာ တိမ်းမှောက်ပြီး ခရီးသွား ၂၆ ဦး သေဆုံးခဲ့ပါတယ်။

လူသားဖွံ့ဖြိုးတိုးတက်မှု အရှေ့တောင်အာရှမှာ မြန်မာ အနိမ့်ဆုံး

ကုလသမဂ္ဂ ၂၀၁၀ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်သစ် ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီးသစ် အဖြစ် မစ်စ် ဘရွန်တီ မူးလ်စ်နဲ့ အစားထိုးမယ်လို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ စီးပွားရေး လုပ်ကိုင်ဖို့ ပြင်ဆင်

RNDP ပါတီက စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့အတွက် ပြင်ဆင် လုပ်ဆောင်နေပြီလို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဘဲလာရုရှ် သမ္မတ ၄ ကြိမ်မြောက် တင်မြှောက်ခံရ

ဘဲလာရုရှ်နိုင်ငံမှာ သမ္မတ အလက်ဇန်းဒါး လူကာရှင်ကိုကပဲ ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။

ယောင်ဗြောင်းကျွန်းမှာ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်

တောင်ကိုရီးယားနိုင်ငံက ယောင်ဗြောင်းကျွန်းမှာ တကယ့်လက်နက်ကြီးတွေ အမြောက်တွေနဲ့ ပစ်ခတ်ပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

တိုက်ခိုက်မှု အသစ်တွေကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက် ထွက်ပြေး

ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဘဲလားရုရှ် ဆန္ဒပြပွဲ အစိုးရ အင်အားသုံး နှိမ်နင်း

ဘယ်လာရုရှ် သမ္မတ ရွေးကောက်ပွဲကို ကန့်ကွက် ဆန္ဒပြကြတဲ့ လူအုပ်ကြီးကို အသံဆူညံတဲ့ဗုံးတွေ အသုံးပြုပြီး ရဲက လူစုခွဲခဲ့ကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA327B3D123666854A267B8E705EB53220FA">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments