VOA Burmese E-mail News Summary

Burma Campaign Japan | 6:52 PM | 0 comments

ထိပ်တန်းသတင်း

မြ၀တီ-ကော့ကရိတ် ကားလမ်းဗုံးကွဲ

မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်မှာ မနေ့က မြေမြှုပ်မိုင်းဗုံးတလုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

တရုတ်သမ္မတ အမေရိကန်လာမည်

တရုတ်သမ္မတ ဟူကျင်းတောင်ဟာ အမေရိကန်ပြည်ထောင်စုကို ဒီလနှောင်းပိုင်းမှာ သွားရောက်မယ့်အကြောင်း တရုတ်နိုင်ငံက အတည်ပြု ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ ဆီးရီးယား သံ ပြန်ဆက်မည်

၆ နှစ်ကြာ လျစ်လပ်နေတဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ရာထူးအတွက် ၀ါရင့်သံတမန် ရောဘတ် ဖို့ဒ် မနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ချမှတ်

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အတွက် အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) က ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

ရခိုင်ပါတီကိုယ်စားလှယ် ၅ ဦး မဲမသမာမှုနဲ့ တရားစွဲခံရ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ် ၅ ယောက်ကို ပြိုင်ဖက်ကိုယ်စားလှယ်များက တရားစွဲ။

စောလှဘွယ်ဦးဆောင်တဲ့ DKBA နဲ့ ဆွေးနွေးလိုတယ်လို့ စစ်အစိုးရကမ်းလှမ်း

ဗိုလ်ချုပ်စောလှဘွယ်ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ မြန်မာစစ်အစိုးရဘက်က ကမ်းလှမ်းလိုက်ပါတယ်။

ဒေါ်စုနဲ့ဆွေးနွေးခဲ့တဲ့ လူငယ်အချို့ အမျိုးသားလူငယ်ကွန်ယက် ဖွဲ့စည်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် လူငယ်တချို့ဟာ အမျိုးသား လူငယ်ကွန်ယက်အဖွဲ့တခုကို ထူထောင်လိုက်ပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဌသစ် လူ့အခွင့်အရေး ဦးစားပေးဆောင်ရွက်မည်

အာဆီယံအလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားအနေနဲ့ အာဆီယံမှာ လူ့အခွင့်အရေး ကိစ္စကို ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုလိုက်ပါတယ်။

Indonesia's Foreign Minister Marty Natalegawa (File)

အမေရိကန်ရဲ့ မြန်မာမူဝါဒ ရှေ့မတိုး

မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်မှု မရှိတဲ့အတွက် ထိတွေ့ဆက်ဆံမှုတွေလည်း ရှေ့မတိုးနိုင်ဘဲ ဖြစ်နေရတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။

ရွေးကောက်ခံ အမတ်လောင်းများ လွှတ်တော်ကိုမျှော်

ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေ ကြားမှာ မကြာခင် လွှတ်တော်သစ်တွေ ဖွဲ့စည်းနိုင်မလား မျှော်လင့်နေကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA327C5CB7D4014EDC3434BBA57A6CFC30B7">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments