VOA Burmese E-mail News Summary

Burma Campaign Japan | 7:15 PM | 0 comments

ထိပ်တန်းသတင်း

လွှတ်တော်စည်းမျဉ်း အချိန်ကိုက် ထုတ်ပြန်မှု နည်းလမ်းမကျ

လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို အချိန်ကိုက်ပြီး ကြေညာလိုက်တဲ့အတွက် သတိထားစရာတွေ အများကြီး ရှိတဲ့အကြောင်း ပြောပါတယ်။

ဂီရိမုန်တိုင်းဘေး ကယ်ဆယ်ရေး အမေရိကန် နောက်ထပ် ဒေါ်လာ ၁.၅ သန်း လှူ

ဂီရိမုန်တိုင်းဘေး ကယ်ဆယ်ရေး နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၅ သန်းဖိုး ကူညီတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ကြေညာချက် ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယား တိုက်ချင်းပစ် ဒုံးလက်နက် ၅ နှစ်အတွင်း အမေရိကန်ကို အန္တရာယ်ပြုနိုင်

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းသုံး မစ်ဆိုင်း ဒုံးကျည်တွေက အမေရိကန်ကို အန္တရာယ်ပြုနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

လွှတ်တော်ကျင်းပရေး ဥပဒေစာအုပ်တွေ ထုတ်ဝေ

မြန်မာနိုင်ငံမှာ လွှတ်တော် ခေါ်ယူရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုးကို စစ်အစိုးရက ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။

အမေရိကန် အရာရှိ ပေါလ် ဂရို့ဗ် NLD နဲ့ တွေ့ဆုံ

အမေရိကန် အကြီးတန်းအရာရှိ ပေါလ် ဂရို့ဗ်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

စာရေးဆရာ၊ အကယ်ဒမီ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်

စာရေးဆရာ၊ အကယ်ဒမီ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ဒီကနေ့မနက်မှာ အဆုတ်ကင်ဆာရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ခေတ်မီ တိုက်လေယာဉ်သစ်တွေ တရုတ်နိုင်ငံ ထုတ်လုပ်

တရုတ်လေတပ်က နောက်ဆုံးထုတ်လုပ်တဲ့ J-20 ဂျက်တိုက်လေယာဉ်ကို ၁၅ မိနစ်ကြာ စမ်းသပ်မောင်းနှင် ပျံသန်းခဲ့တဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ပါတယ်။

An aircraft that is reported to be a Chinese stealth fighter is seen in Chengdu, Sichuan province, in this picture taken January 7, 2011, and released by Kyodo news agency January 8, 2011.

လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း

မြန်မာနိုင်ငံမှာ နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူ ကျင်းပမှာမို့ လွှတ်တော်အသစ်၊ အစိုးရသစ်တွေ ပေါ်ပေါက်လာတော့မှာပါ။

အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ကျဆုံး

အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက်ဟာ အာဖဂန်နစ္စတန် ဟယ်လ်မန်းခရိုင်မှာ ဇန်န၀ါရီလ ၁ ရက်နေ့က ကျဆုံးသွားခဲ့ပါတယ်။

အရီဇိုးနား သေနတ်သမား ရုံးထုတ်

အမေရိကန် လွှတ်တော်အမတ် တဦးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သေနတ်သမားကို ဖက်ဒရယ် တရားရုံးမှာ ပထမဆုံး ရုံးထုတ်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA323549DBB47A2AB3B8A5E6D68BE4B3C5E2">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments