VOA Burmese E-mail News Summary

Burma Campaign Japan | 9:17 PM | 0 comments

ထိပ်တန်းသတင်း

စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်အရာရှိတွေပဲ လွှမ်းမိုးထားလိမ့်မယ်ဆိုတာ မျှော်လင့်ပြီးသားဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

မြန်မာနိုင်ငံ အကြံပြုချက်များ လူ့အခွင့်အရေးကောင်စီ အတည်ပြု

မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အကြံပြုချက်ပေါင်း ၁၉၀ ကျော်ပါဝင်တဲ့ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီက အတည်ပြုလိုက်ပါတယ်။

ဆန္ဒပြသူတွေအပေါ် အီဂျစ်စစ်တပ် အင်အားသုံးမည်မဟုတ်

အီဂျစ် လူထုဆန္ဒပြမှုတွေကို အင်အားသုံး နှိမ်နင်းမှာ မဟုတ်ဘဲ တောင်းဆိုချက်တွေကိုလည်း အသိအမှတ် ပြုပါတယ်လို့ အီဂျစ်စစ်တပ်က ကြေညာပါတယ်။

အီဂျစ်အရေး ကမ္ဘာ့ခေါင်းဆောင်တွေ အနီးကပ်စောင့်ကြည့်

ကမ္ဘာ့ခေါင်းဆောင်တွေက အီဂျစ်နိုင်ငံ အရေးကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

လွှတ်တော်သစ် ဥက္ကဋ္ဌတွေအဖြစ် စစ်ခေါင်းဆောင်ဟောင်းတွေကို ရွေးချယ်

မြန်မာနိုင်ငံမှာ လွှတ်တော် ၃ ရပ်စလုံးရဲ့ စည်းဝေးပွဲတွေကို ဒီကနေ့ စတင်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတွေကို ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်နဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရ

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက တပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ကြုံနေရတဲ့ အီဂျစ်သမ္မတ ၀န်ကြီးအသစ်တွေ ခန့်အပ်

သမ္မတ ဟို့စ်နီ မူဘာရက်က ပြည်ထဲရေး ၀န်ကြီးသစ်နဲ့ ဘဏ္ဍာရေး ၀န်ကြီးသစ်ကို ခန့်အပ်လိုက်တယ်လို့ အီဂျစ် သတင်းမီဒီယာတွေက ပြောပါတယ်။

In this still image taken from video, Egypt's President Mubarak attends a meeting in Cairo, Jan 30, 2011

ဘဏ္ဍာရေး ဖြတ်တောက်မှု ဆင်းရဲတဲ့ နိုင်ငံတွေ ထိခိုက်နိုင်

အစိုးရတွေရဲ့ ဘဏ္ဍာရေး ဖြတ်တောက်မှုက ဆင်းရဲတဲ့နိုင်ငံတွေကို ထိခိုက်စေတယ်လို့ အမေရိကန် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က ပြောပါတယ်။

၂၀၁၁ လွှတ်တော်ကနေ မြန်မာ့အကျပ်အတည်းတွေ ဖြေရှင်းနိုင်မည်မဟုတ်

စစ်အစိုးရ ဦးဆောင်တဲ့ လွှတ်တော်ကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်ဘူးလို့ The Burma Fund အဖွဲ့က ထောက်ပြပါတယ်။

အီဂျစ်အခြေအနေ အမေရိကန် အစိုးရ စိုးရိမ်တကြီး စောင့်ကြည့်

အီဂျစ်နိုင်ငံ အခြေအနေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေက အနီးကပ်ကို စောင့်ကြည့်လေ့လာနေပါတယ်။

成千上万的埃及人在开罗举行抗议集会
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA328C74EDBD270F28016D2E30A139458436">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments