VOA Burmese E-mail News Summary

Burma Campaign Japan | 7:20 AM | 0 comments

ထိပ်တန်းသတင်း

ဝန်ကြီးနဲ့ ဝန်ကြီးဌာနစာရင်း သမ္မတ အဆိုပြု

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မကြာခင်ကမှ သမ္မတ ဖြစ်လာခဲ့တဲ့ ဦးသိန်းစိန်က ၀န်ကြီးဌာနနဲ့ ၀န်ကြီးစာရင်းကို တင်သွင်းလိုက်ပါပြီ။

စီးပွားရေးပြဿနာ အုပ်ချုပ်မှုကြောင့်လို့ NLD ပြော

တိုင်းပြည်မှာ စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေရတဲ့ တကယ့်အဖြစ်မှန်က ကောင်းမွန်တဲ့ အုပ်ချုပ်ရေး မရှိတာကြောင့်လို့ NLD က ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွား

ရခိုင်ပြည်နယ်မှာ ကြက်ငှက် တုပ်ကွေးရောဂါပိုး သံသယရှိတဲ့အတွက် ကြက်ငှက်အကောင် ၅၀,၀၀၀ လောက်ကို ကျန်းမာရေး အရာရှိတွေက သုတ်သင်ခဲ့ပါတယ်။

အစိုးရ အမှုထမ်းလစာ တိုးပေမဲ့ အီဂျစ်မှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်

အီဂျစ်နိုင်ငံက အစိုးရ ၀န်ထမ်းတွေရဲ့ လစာတွေကို ၁၅% တိုးမြှင့်ဖို့ အီဂျစ်အစိုးရသစ်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

Protesters hold up an effigy of Egyptian President Hosni Mubarak during a a mock funeral at Tahrir Square in Cairo, February 7, 2011

ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခ လုံခြုံရေးကောင်စီမှာ စဉ်းစားမည်

ကမ္ဘောဒီးယားနဲ့ ထိုင်း ၂ နိုင်ငံအကြား အငြင်းပွားနေတဲ့ နယ်ခြားဒေသမှာ မနေ့တုန်းက လက်နက်ကြီးတွေနဲ့ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

An injured Thai soldier

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ NLD လိုလား

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဆက်ပြီး ရှိနေသင့်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

ပါတီဖျက်သိမ်းခံရမှု NLD ကုလ လူ့အခွင့်အရေးကောင်စီ တိုင်မည်

NLD အထူးအယူခံ ပယ်ချမှု လူ့အခွင့်အရေး ကောင်စီကို တင်ပြတိုင်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD တာဝန်ရှိသူတွေ ဆုံးဖြတ်လိုက်ကြပါတယ်။

စစ်အစိုးရနဲ့ ကေအိုင်အို တိုက်ပွဲဖြစ်

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကေအိုင်အေ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ ၁၄ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ

အီဂျစ်သမ္မတ ဆင်းပေးဖို့ တောင်းဆိုဆန္ဒပြနေကြသူတွေဟာ ကိုင်ရိုမြို့တော် တဟ်ရီရာ လွတ်မြောက်ရေးရင်ပြင်မှာ ၁၄ ရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။

Anti-government demonstrators gather in Tahrir Square, the center of anti-government demonstrations, in Cairo, Egypt, February 7, 2011

ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ အာဆီယံ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်း

အာဆီယံနိုင်ငံတွေက သံတမန်တွေဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ ပြဿနာကို အဆုံးသတ် ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်နေကြပါတယ်။

Cambodian soldiers sit at Preah Vihear temple after a brief clash with Thai troops, February 05, 2011
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA320F8A47ED0C1AD22A736D743D182DDDE4">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments