VOA Burmese E-mail News Summary

Burma Campaign Japan | 7:11 PM | 0 comments

ထိပ်တန်းသတင်း

၂၀၀၈ ဖွဲ့စည်းပုံ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု အားနည်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူ့အခွင့်အရေး အာမခံချက် အခိုင်အမာ ပေးထားမှု မရှိဘူးလို့ ဒေသတွင်း ဥပဒေရေးရာ အဖွဲ့တဖွဲ့က ပြောပါတယ်။

ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်

ကနေဒါနိုင်ငံ အော်တ၀ါမြို့မှာရှိတဲ့ ကာလီတန် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။

လစ်ဗျားဆန္ဒပြမှုအပေါ် အကြမ်းဖက်မှု ပိုမိုပြင်းထန်

လစ်ဗျားက အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေဟာ အရှိန်အဟုန် မြင့်လာပြီး လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ အုပ်ချုပ်ရေးကို ကိုင်လှုပ်လာပါတယ်။

Residents stand on a tank holding a pre-Gadhafi era national flag inside a security forces compound in Benghazi, Libya, February 21, 2011

၂၀၁၁-၁၂ အတွက် ရသုံးငွေဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ရသုံးငွေဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းကြောင်း ကြေညာခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမား ကျန်းမာရေး ပြဿနာ ထိုင်းလူထု ထိခိုက်မှာ စိုးရိမ်နေ

ရွှေ့ပြောင်းအလုပ်သမားတွေမှာ ကူးစက်ရောဂါတွေ ပါလာတာကြောင့် ထိုင်းကျန်းမာရေးဝန်ထမ်းတွေ ဖိဖိစီးစီး ဆောင်ရွက်ဖို့ သတိပေးလိုက်ပါတယ်။

လစ်ဗျား ဆန္ဒပြပွဲအတွင်း အစိုးရ အဆောက်အဦးတချို့ မီးရှို့ခံရ

လစ်ဗျားနိုင်ငံမှာ အစိုးရ လိုလားသူတွေနဲ့ ဆန္ဒပြသူတွေကြားမှာ အဓိကရုဏ်း ဖြစ်ပွားပြီး အစိုးရ အဆောက်အဦးတချို့လည်း မီးလောင်ကျွမ်းခဲ့ပါတယ်။

Photograph, obtained by The Associated Press outside Libya, shows people chanting and holding signs during recent days' unrest in Benghazi, Libya

ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ အာဆီယံမှာ အင်္ဂါနေ့ ဆွေးနွေးမည်

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်နေတဲ့ ပြဿနာအတွက် အဖြေရှာဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဆန္ဒပြမှုကို နှိပ်ကွပ်မှုကြောင့် အာရပ်အဖွဲ့ချုပ် လစ်ဗျားကိုယ်စားလှယ် နှုတ်ထွက်

လစ်ဗျားနိုင်ငံမှာ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ လစ်ဗျားကိုယ်စားလှယ်က နှုတ်ထွက်လိုက်ပါတယ်။

Protesters demonstrate against Libyan Leader Moammar Gadhafi, shown on placard at left, in the Mediterranean port city of Alexandria in Egypt, February 20, 2011

ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး အီရန်သမ္မတဟောင်း သမီး ယာယီ ထိန်းသိမ်းခံရ

ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး အီရန်သမ္မတဟောင်း ရပ်ဖ်ဆန်ဂျာနီရဲ့ သမီးကို ထိန်းသိမ်းလိုက်ပြီလို့ အီရန်အစိုးရရဲ့ IRNA သတင်းဌာနက ကြေညာခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဖာဇီ ဟာရှီမီ ရပ်ဖ်ဆန်ဂျာနီ။

စံပယ်တော်လှန်ရေး လှုပ်ရှားမှု တရုတ်အစိုးရ နှိမ်နင်း

တရုတ်နိုင်ငံမှာ ဒီမိုကရေစီရေးအတွက် စံပယ်တော်လှန်ရေး လုပ်ကြရအောင်ဆိုပြီး အင်တာနက်ကနေ နှိုးဆော်တာတွေကို အစိုးရက နှိမ်နင်းလိုက်ပါတယ်။

上海的警察驱赶计划在一家电影院门前抗议的人们
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3280591044B7024F2C01E18583E25BE9F0">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments