VOA Burmese E-mail News Summary

Burma Campaign Japan | 9:40 PM | 0 comments

ထိပ်တန်းသတင်း

မူးယစ်ဆေး ထိန်းချုပ်မှု မြန်မာအစိုးရ အားနည်းမှုလွန်ကဲ

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်တယ်လို့ သမ္မတ အိုဘားမားက သတ်မှတ်လိုက်ပါတယ်။

အင်းတိုင် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်မှာ မီးလောင်

ပဲခူးမြို့နဲ့ ၁၀ မိုင်လောက် အကွာမှာရှိတဲ့ အင်းတိုင် ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား တောင်းဆို

လစ်ဗျားခေါင်းဆောင် ကဒါဖီကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြားလိုက်ပါတယ်။

President Barack Obama speaks during his joint news conference with Mexico's President Felipe Calderon at the White House, Mar 3 2011

လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်သူလူထု လက်ရှိခံစားနေရတဲ့ နိုင်ငံရေး ခံစားချက်တွေကို ပိုပြီးသိအောင် တိုးမြှင့်လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ရော့စ် ဒန်ကလေကို တရားရုံးက အာမခံမပေး

Myanmar Times သတင်းဂျာနယ် အယ်ဒီတာချုပ်ဟောင်း မစ္စတာ ရော့စ် ဒန်ကလေကို ဒီကနေ့ ကမာရွတ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

လစ်ဗျားကိစ္စ ခုံရုံးတင်ဖို့ တရုတ်လက်ခံ

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လီဘိုဒေါင်က လစ်ဗျားခေါင်းဆောင်တွေကို ICC မှာ စွဲချက်တင် စစ်ဆေးရေး ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။

ရေပိုင်နက်ကျူးလွန်မှု တရုတ်ကို ဖိလစ်ပိုင်စွပ်စွဲ

စပရက်လီ ကျွန်းစုတွေနားက ဖိလစ်ပိုင် ရေပိုင်နက်ထဲကို တရုတ် ကင်းလှည့် စစ်ရေယာဉ် ၂ စင်း ဝင်လာတယ်လို့ ဖိလစ်ပိုင်က စွပ်စွဲလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်

မြန်မာနိုင်ငံမှာ လအနည်းငယ်ကြာ အေးစက်စက် ဖြစ်နေခဲ့တဲ့ အမေရိကန် ဒေါ်လာငွေဈေးနဲ့ ရွှေဈေးတွေ တဖြည်းဖြည်းနဲ့ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

လစ်ဗျားဒုက္ခသည် ကယ်တင်ရေး နိုင်ငံတကာ ကြိုးပမ်း

လစ်ဗျားနိုင်ငံက ထွက်ပြေးလာနေကြတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံခြားသားတွေကို ကယ်တင်ဖို့အရေး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ပြင်ဆင်နေရပါတယ်။

အမေရိကန်အစိုးရ အသုံးစရိတ် ဆွေးနွေးမှု အချိန် ၂ ပတ်တိုး

အမေရိကန် ဗဟိုအစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး အချိန်ယူ ဆွေးနွေးလို့ရအောင် အထက်လွှတ်တော်က အချိန် ၂ ပတ် ခွင့်ပြုချက် ပေးခဲ့ပါတယ်။

Congressmen walk down the steps of the House of Representatives as they work overnight on a spending bill, on Capitol Hill in Washington, February 18, 2011 (file photo)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3291144585EDCA7FD7F1C8E5020996CC5C">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments