VOA Burmese E-mail News Summary

Burma Campaign Japan | 7:29 PM | 0 comments

ထိပ်တန်းသတင်း

မြို့တော်အနီး ဇ၀ီယာမြို့ကို လစ်ဗျားအစိုးရတပ်များ ထိုးစစ်ဆင်

မြို့တော်အနီးက ဇ၀ီယာမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် မိုမာကဒါဖီရဲ့ သစ္စာခံတပ်တွေက ကြိုးစားနေကြပါတယ်။

လူမှုမငြိမ်သက်မှုတွေ လျော့ပါးအောင် ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ်ကတိပြု

ဒီနှစ်အတွက် လူမှုရေးဆိုင်ရာ စီမံကိန်းတွေအတွက် အသုံးစရိတ် ပိုမိုသုံးစွဲသွားမယ်လို့ ဝေန်ကြီးချုပ် ၀မ်ကျားပေါင်က ကတိပေးပြောဆိုလိုက်ပါတယ်။

နွေရာသီ ပဲခူးမှာ သောက်ရေရရှိရေး NLD ကူညီမည်

ပူပြင်းတဲ့နွေရာသီရောက်တိုင်း ပဲခူးတိုင်းတွင်းကြုံနေရတဲ့ သောက်ရေရှားပါးမှု ပြဿနာကို ပိုမိုကူညီနိုင်ဖို့စီစဉ်နေတယ်လို့ NLD ပါတီကပြောပါတယ်။

မြန်မာဝယ်မည့်လေယာဉ် ရုရှားမှာပျက်ကျ၊ မြန်မာ ၂ ဦး သေဆုံး

Antonov-An148 အမျိုးအစား ရုရှားလုပ် အမောင်းသင်လေယာဉ်တစီး ရုရှားမှာ ပျက်ကျလို့ အမောင်းသင်မြန်မာ ၂ ဦး အပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

လူထုဝင်ငွေတိုးရေး တရုတ်ဝန်ကြီးချုပ်ကတိပြု

တရုတ်ပြည်သူတွေရဲ့ ၀င်ငွေတိုးရေးအပါအ၀င် လူထုဝန်ဆောင်မှုလုပ်ငန်းတွေ တိုးမြင့်လုပ်သွားမယ့်အကြောင်း တရုတ်ဝန်ကြီးချုပ်က ကတိပြုလိုက်ပါတယ်။

Chinese Premier Wen Jiabao delivers the government report at the opening session of the annual National People's Congress in the Great Hall of the People in Beijing, March 5, 2011

သောကြာနေ့လစ်ဗျားတိုက်ပွဲ လူ ၃၀ ကျော်သေဆုံး

သောကြာနေ့က ကဒါဖီသစ္စာခံ တပ်တွေရဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးခေါင်းဆောင်တဦး အပါအ၀င် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ကမ္ဘာ့ရေနံဈေး ၂ နှစ်အတွင်း အမြင့်ဆုံးရောက်

ကမ္ဘာ့လောင်စာဆီဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံးတက်သွားလို့ လေကြောင်းလိုင်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ဘတ်ဂျက်နဲ့ အထူးရန်ပုံငွေ ဥပဒေအင်္ဂါရပ်နဲ့မညီ

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်တွေထဲမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် ကာကွယ်ရေးအသုံးစရိတ်တွေ ပိုများနေတဲ့အပေါ် NLD ပါတီဝေဖန်။

တောင်းဆိုမှုလိုက်လျောရန် အီဂျစ်ဝန်ကြီးချုပ်သစ် ကတိပြု

အီဂျစ်လူထုရဲ့ တောင်းဆိုမှုတွေအားလုံး ရစေဖို့ သူကြိုးစားပြီး အလုပ်လုပ်သွားမယ်လို့ အီဂျစ်ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အက်ဆမ်ရှရက်ဖ်ကပြောပါတယ်။

ွှTahrir ရင်ပြင်က ဆန္ဒပြပြည်သူတွေကို မိန့်ခွန်းပြောနေသည့် အီဂျစ်ဝန်ကြီးချုပ်သစ် Essam Sharaf (မတ်လ ၄၊ ၂၀၁၁)

တရုတ်စစ်စရိတ် ဒေသတွင်း စိုးရိမ်

စစ်သုံးစရိတ်ကို ဒီနှစ်မှာ ၁၂.၇ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမယ်လို့ တရုတ်ကပြောကြားလိုက်တာမို့ အိမ်နီးချင်းဂျပန်က စိုးရိမ်နေပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32E2861E4458A287A74CADAF703D8A00E3">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments