VOA Burmese E-mail News Summary

Burma Campaign Japan | 12:32 AM | 0 comments

ထိပ်တန်းသတင်း

ဂျပန်ကပ်ဘေးနဲ့ နျူကလီးယား အရေးပေါ်အခြေအနေ

ဂျပန်နိုင်ငံမှာ သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် နျူကလီးယားစွမ်းအင်ထုတ် ဓါတ်ပေါင်းဖိုတချို့မှာ အရေးပေါ်အနေအထားတွေနဲ့ ကြုံနေရပါတယ်။

လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ရေး အာရပ်အဖွဲ့ချုပ်ထောက်ခံ

အာရပ်နိုင်ငံများအဖွဲ့ချုပ်က လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ဖို့ထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။

Arab League's emergency meeting in Cairo.

ပြည်နယ်ပြည်မ တန်းတူရေး၊ NLD ရှင်းပြ

တိုင်းရင်းသားဒေသတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ၊ အခြေအနေ နိမ့်ကျနေမှုတွေအတွက် တတ်နိုင်တဲ့ဘက်က ဆောင်ရွက်ပေး သွားမယ်လို့ NLD ပါတီကပြောပါတယ်။

နျူကလီးယားစက်ရုံပေါက်ကွဲမှု ဂျပန်အရေးပေါ်ကြေညာ

နျူကလီးယားစက်ရုံပတ်လည် ၁၂ မိုင်အတွင်းကနေ လူတွေ ရွှေ့ပြောင်းနေထိုင်ကြဖို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန်က တိုက်တွန်းလိုက်ပါတယ်။

ဇာဂနာလွတ်မြောက်ရေး နိုင်ငံတကာလူရွှင်တော်တွေ တောင်းဆို

အကျဉ်းကျနေတဲ့ လူရွှင်တော် ဇာဂနာ လွတ်မြောက်ရေးအတွက် နိုင်ငံတကာက လူရွှင်တော်တွေ တောင်းဆို လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။

မြန်မာပရိသတ် ခဲပေါက်မှု အာရှဘောလုံးအဖွဲ့ချုပ် တိုင်ကြား

အိုလံပစ်ခြေစစ်ပွဲ အိန္ဒိယနဲ့မြန်မာ ဘောလုံးပြိုင်ပွဲမှာ မြန်မာဘောလုံးပရိသတ်က အိန္ဒိယအသင်းကို ခဲတွေရေသန့်ဘူးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဂျပန်ဆူနာမီ သေဆုံးသူ တစ်ထောင်နီးပါးရှိပြီ

သောကြာနေ့က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်တွေကြောင့် သေဆုံးသူ ၁,၀၀၀ လောက်ရှိသွားပါပြီ။

Houses lie flattened after a powerful earthquake in Iwaki, Fukushima Prefecture, Japan, March 11, 2011

လစ်ဗျား အတိုက်အခံထိန်းချုပ်နယ်မြေတချို့ ဆုံးရှုံး

လစ်ဗျားနိုင်ငံမှာ အတိုက်အခံတပ်တွေက သိမ်းပိုက်ထားတဲ့မြို့တွေကို မိုမာကဒါဖီရဲ့တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်တာကို တွေ့နေရပါတယ်။

Anti-Gadhafi protest in Benghazi, March 11, 2011

ဂျပန် ငလျင်နှင့်ဆူနာမီ လူအမြောက်အများသေဆုံး

ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် လူသေဆုံးမှုတွေနဲ့ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။

ဒီမိုကရေစီအရေး ပိုလုပ်နိုင်သူကို အားပေးဖို့ ဒေါ်စုပြော

ဒီမိုကရေစီရရှိရေးအတွက် NLD ပါတီထက်ပိုပြီးလုပ်နိုင်တဲ့ အဖွဲ့အစည်းပေါ်လာရင် ဒီအဖွဲ့ကိုဝိုင်းရံကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3258C76407017516807F1A988F7E489F0B">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments