VOA Burmese E-mail News Summary

Burma Campaign Japan | 7:23 PM | 0 comments

ထိပ်တန်းသတင်း

လစ်ဗျား အနောက်ခြမ်းမြို့တွေကို သူပုန်တွေ ချီတက်သိမ်းပိုက်

လစ်ဗျားအရှေ့ပိုင်းမှာ ခြေကုတ်ယူထားတဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေဟာ အနောက်ဘက်ပိုင်းကို အမြန်ချီတက် တိုက်ခိုက်နေပါတယ်။

ဂျပန် ငလျင်ထပ်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံမှာ ပြင်းအား ၆.၅ ရှိတဲ့ ငလျင် ထပ်မံ လှုပ်သွားခဲ့တဲ့အတွက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ယီမင် နိုင်ငံရေး မတည်ငြိမ်ချိန် အစွန်းရောက်တွေ မြို့တမြို့ကို သိမ်းပိုက်

ယီမင်တောင်ပိုင်း အဘီယန်ခရိုင် ဂျားမြို့က အစိုးရ အဆောက်အဦးတွေနဲ့ လက်နက်စက်ရုံတွေကို အစ္စလာမ် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်ပါတယ်။

Yemeni army troops stand guard outside a court in Sanaa during a new hearing in the trial of radical US-Yemeni cleric Anwar al-Awlaqi, charged in absentia with links to Al-Qaeda and incitement to kill foreigners (File Photo)

အာရပ်ကမ္ဘာက နိုင်ငံရေးအုံကြွမှု သင်ခန်းစာယူဖို့ NLD တိုက်တွန်း

အာရပ်ကမ္ဘာတ၀န်း ကြုံနေရတဲ့ နိုင်ငံရေး ပြဿနာ၊ လူထုအုံကြွမှုတွေကို မြန်မာစစ်အစိုးရ အနေနဲ့ သင်ခန်းစာယူဖို့ NLD ပါတီက သတိပေးလိုက်ပါတယ်။

ငလျင်ဒဏ်သင့်သူတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် ခံခဲ့ရသူတွေဟာ ရာသီဥတုအေးတဲ့ဒဏ် ခံနေရပေမဲ့ လိုအပ်တဲ့ အကူအညီတွေ မရနိုင်ဘဲ ဖြစ်နေပါတယ်။

ဂျပန် နျူကလီးယားစက်ရုံ ဓာတ်သတ္တိကြွနှုန်း မြင့်တက်

ဂျပန် နျူကလီးယားစက်ရုံက ရေဒီယိုသတ္တိကြွမှုနှုန်း မြင့်မားလာတာကြောင့် စက်ရုံထဲက ၀န်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးလိုက်ပါတယ်။

လစ်ဗျား အတိုက်အခံတပ်တွေ ဆက်လက် ထိုးစစ်ဆင်

လစ်ဗျား အတိုက်အခံ တပ်ဖွဲ့တွေဟာ တိုင်းပြည်အရှေ့ဘက်ခြမ်းက မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ပြီး အနောက်ဘက်ခြမ်းကို ဆက်လက်ချီတက်နေပါတယ်။

A Libyan rebel is covered up in the rebels flag next to his weapon as he moves on the road bewteen Al-Egila and Ras Lanuf, eastern Libya, Sunday, March 27, 2011

မြန်မာငလျင်ဘေးအတွက် ၀မ်းနည်းကြေကွဲကြောင်း အမေရိကန်ထုတ်ပြန်

မြန်မာငလျင်ဘေး ထိခိုက်နစ်နာ အသက်ဆုံးရှုံးမှုတွေအတွက် အမေရိကန်သမ္မတနဲ့အတူ အမေရိကန်ပြည်သူတွေက ၀မ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

တော်လှန်ရေးနေ့သမိုင်းမှန် မျိုးဆက်သစ်စစ်အရာရှိတွေ အကြား အသိအမြင်နည်း

ဖက်ဆစ်တော်လှန်ရေးနေ့ နောက်ပိုင်းအခေါ် တပ်မတော်နေ့ရဲ့ သမိုင်းနောက်ခံကို လက်ရှိတပ်တွင်း အရာရှိအရာခံတွေအကြား သိရှိသူနည်းပါးလာနေပါတယ်။

လစ်ဗျားအရှေ့ဘက်ခြမ်း အဓိက မြို့နှစ်မြို့ကို သူပုန်တွေသိမ်းပိုက်

လစ်ဗျားနိုင်ငံ အရှေ့ခြမ်းက အဓိက မြို့နှစ်မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ လစ်ဗျားသူပုန်တွေက ပြောပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA322927ADA216EE65268C7BC5E64352D8F0">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments