VOA Burmese E-mail News Summary

Burma Campaign Japan | 8:26 PM | 0 comments

ထိပ်တန်းသတင်း

တရုတ်နယ်စပ် လဂျားယန်ဂိတ်ကို မြန်မာဘက်က ပိတ်

ကချင်ပြည်နယ်ထဲကို တရုတ်ကုန်စည်တွေ အလွယ်တကူ တင်သွင်းနေတဲ့ တရုတ်နယ်စပ်အ၀င် လဂျားယန်ဂိတ်ကို မြန်မာအစိုးရက ပိတ်လိုက်ပါတယ်။

အိုင်ဗရီကို့စ် သမ္မတ အာခံနေဆဲ

အိုင်ဗရီကို့စ်မှာ အာဏာက ဆင်းမပေးသေးတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘိုက သူ့အနေနဲ့ လက်နက်ချဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောလိုက်ပါတယ်။

A woman walks past soldiers loyal to Alassane Ouattara as they man a checkpoint at one of the principal entrances to Abidjan, Ivory Coast, April 5, 2011

ဓာတ်သတ္တိကြွ ရေယိုစိမ့်မှု ဂျပန် တားဆီးနိုင်

ဂျပန်နိုင်ငံမှာ နျူကလီးယား စက်ရုံကနေ ယိုစီးပြီး ထွက်နေတဲ့ ရေဒီယို ဓာတ်သတ္တိကြွ ရေတွေကို ရပ်တန့်နိုင်ခဲ့ပြီလို့ ဂျပန်အရာရှိတွေက ပြောပါတယ်။

Fukushima Daiichi nuclear power station (handout photo)

NDF အမတ်တချို့ ခွဲထွက်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော် အမတ် ၄ ယောက် NDF ပါတီကနေ ခွဲထွက်လိုက်ကြပါတယ်။

မြန်မာ ၄၀ ကျော် မလေးထိန်းသိမ်းရေးစခန်းက ထွက်ပြေးလွတ်မြောက်

မလေးရှား လင်ဂန်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ မီးရှို့ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး စခန်းထဲက မြန်မာအချို့ လွတ်မြောက်သွားပါတယ်။

ရန်ကုန် လိုင်းဖုန်းနံပါတ်တချို့ပြောင်း

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လက်ရှိသုံးစွဲနေတဲ့ တယ်လီဖုန်း လိုင်းတွေထဲက တချို့နံပါတ်တွေကို မကြာသေးခင်က အပြောင်းအလဲတွေ စလုပ်နေပါတယ်။

အာဏာသိမ်းရေး ကောလဟာဠ ထိုင်းဗိုလ်ချုပ်ကြီး ငြင်းဆို

ထိုင်းဘုရင့်တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီ ဂျာဂါ ဘာထရာက စစ်အာဏာသိမ်းဖို့ လုံးဝ အကြောင်းမရှိဘူးလို့ ကြေညာခဲ့ပါတယ်။

ဘက်ဂ်ဘို အာဏာစွန့်လွှတ်ချိန်နီး

အိုင်ဗရီကို့စ်သမ္မတ လောရင့် ဘက်ဂ်ဘိုရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖိလစ် မန်ဂူးက အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုလိုက်ပါတယ်။

Ivory Coast's incumbent President Laurent Gbagbo (file photo)

မြန်မာရေလုပ်သား ရာနဲ့ချီ ကပ္ပလီပင်လယ်ပြင်မှာ ပျောက်ဆုံးဆဲ

ပြင်းထန်တဲ့မုန်တိုင်း မြန်မာကမ်းရိုးတန်းမှာ ဖြစ်ပေါ်ခဲ့ပြီးနောက် ကပ္ပလီပင်လယ်ထဲမှာ ငါးဖမ်းလုပ်သား ၆၀၀ ကျော် ပျောက်ဆုံးနေဆဲ ရှိပါတယ်။

သွေးလှူဒါန်းမှု အကူအညီပေးနေသူ ဗိုလ်ကြီးဟောင်း အဖမ်းခံရ

သွေးလှူဒါန်းရေး အဖွဲ့မှာ ကူညီ လုပ်ဆောင်ပေးနေတဲ့ စစ်မှုထမ်းဟောင်း တဦးဖြစ်သူ ကိုနေမျိုးဇင်ကို အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA325FF5BB72414D99198031510DAD669A82">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments