VOA Burmese E-mail News Summary

Burma Campaign Japan | 7:50 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာကို ပိတ်ဆို့မှုတချို့ အီးယူလျှော့ချ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အီးယူကသက်တမ်းတိုးလိုက်ပေမဲ့ အရပ်သားဝန်ကြီးတွေကို ဗီဇာပိတ်ပင်မှုကိုတော့ တနှစ်ပြန်ရုပ်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆယ်စုနှစ်ရဲ့ အသံအဖြစ် ဂုဏ်ပြုခံရ

ဝါရှင်တန်အခြေစိုက် Vital Voices အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ်ရဲ့အသံ ဆိုတဲ့ ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။

အိုင်ဗရီကို့စ်သမ္မတသစ် အိုဘားမားကြိုဆို

အမေရိကန်သမ္မတ ဘရက်အိုဘားမားက အိုင်ဗရီကို့စ်သမ္မတ အလာစဲန်းဝါထရာ ကို ချီးကျူးဂုဏ်ပြုပါကြောင်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုလိုက်ပါတယ်။

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသုံးသပ်

မြန်မာအစိုးရဘက်က စစ်မှန်တဲ့ ပြောင်းလဲမှုတွေလုပ်ဆောင်ရင် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အကန့်အသတ်နဲ့ လျှော့ချပေးဖို့ ဥရောပသမဂ္ဂက စဉ်းစားနေပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး မဖြစ်နိုင်သေး

ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်စခန်းတွေကို ပိတ်တော့မလားဆိုတဲ့ စိုးရိမ်ချက်တွေ ထွက်ပေါ်နေပေမဲ့ ဒီအတိုင်းမဟုတ်ပါဘူးလို့ UNHCR က ပြောပါတယ်။

ဂျပန် နျူကလီးယားစက်ရုံ အန္တရာယ် အဆင့်အမြင့်ဆုံး သတ်မှတ်

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားစက်ရုံမှာ ကြုံနေရတဲ့ပြဿနာကို နိုင်ငံတကာစံနှုန်းတွေအရ အန္တရာယ်အရှိဆုံးအဆင့် တိုးမြှင့်ကြေညာလိုက်ပါတယ်။

ငလျင်နဲ့ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ (မတ်လ ၃၁၊ ၂၀၁၁)

လူသားတွေရဲ့ အာကာသခရီး နှစ် ၅၀ ပြည့်ပြီ

အာကာသထဲကို ပထမဆုံးအကြိမ် လူသားတွေခြေချနိုင်ခဲ့တဲ့ အနှစ် (၅၀) မြောက် အထိမ်းအမှတ်အဖြစ် အာကာသသိပ္ပံပညာကို စိတ်ဝင်စားသူတွေ ဆင်နွှဲနေကြပါတယ်။

မြန်မာဒုက္ခသည် ပြန်ပို့ရေး ထိုင်းအစိုးရ ကုလနဲ့ဆွေးနွေး

ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၁သိန်းကျော် နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂနဲ့အတူ ပူးတွဲလုပ်ဆောင်နေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သမ္မတဟောင်း ဘက်ဘိုကို ဥပဒေကြောင်းအရ အရေးယူမည်

အဖမ်းခံထားရတဲ့ အိုင်ဗရီကို့စ် သမ္မတဟောင်း ဘက်ဘိုကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ သမ္မတအဖြစ် အရွေးခံထားရသူ အလာစဲန်း ၀ါထရာက ပြောပါတယ်။

ဖမ်းဆီးခံထားရသည် အိုင်ဗရီကို့စ် သမ္မတဟောင်း လောရင့်ဘက်ဘို (ဧပြီလ ၁၁၊ ၂၀၁၁)

ဂျပန်နောက်ဆက်တွဲငလျင် လူ ၂ ဦးသေဆုံး

တနင်္လာနေ့တုန်းက ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းခြေမှာ ပြင်းထန်တဲ့ငလျင် ထပ်လှုပ်လို့ လူ ၂ ဦးသေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။

Japan Quake Damage, April 11, 2011
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA325CA71B4AEAF5064C316416FB6510AA2C">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments