VOA Burmese E-mail News Summary

Burma Campaign Japan | 6:46 PM | 0 comments

ထိပ်တန်းသတင်း

ဆီးရီးယားရဲတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၇၀ ကျော်သေဆုံး

ဆီးရီးယားမှာ အစိုးရဆန့်ကျင့် ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လုံခြုံရေးရဲတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၇၅ ဦးထက်မနည်း မနေ့က သေဆုံးခဲ့ပါတယ်။

Syrian anti-government protesters march during a demonstration following Friday prayers near Damascus, April 22, 2011

အထက်လွှတ်တော်အမတ် မက်ကိန်း လစ်ဗျားအတိုက်အခံကို ကူညီဖို့တိုက်တွန်း

လစ်ဗျားက အတိုက်အခံအဖွဲ့တွေကို အကူအညီတွေ ပိုပေးဖို့ လစ်ဗျားမှာရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားက ခရစ်ယာန်ဘုရားကျောင်း ချိန်ကိုက်ဗုံးများတွေ့

ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Good Friday လို့ခေါ်တဲ့ အသေခံတော်မူရာနေ့မှာ အင်ဒိုနီးရှားကဘုရားကျောင်းတခုမှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှာတွေ့ခဲ့ပါတယ်။

Christians carry crosses inside the Church of the Holy Sepulcher during a Good Friday procession in Jerusalem's Old City, Apr 22 2011

အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန်

မြန်မာ အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှိတရားအဖြစ် ရှုမြင်ခြင်းသာဖြစ်ပြီး တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ အရှိန်မြင့်

ထိုင်းနဲ့ကမ္ဘောဒီးယားအကြား သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ သောကြာနေ့က တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွင်း ဒဏ်ရာရ ထိုင်းစစ်သားတဦး (ဧပြီလ ၂၂၊ ၂၀၁၁)

နိုင်ငံလုံခြုံရေး တာဝန်ယူရန် အီရတ်တပ်တွေ အသင့်ဖြစ်ပြီ

အီရတ်တပ်တွေအနေနဲ့ တိုင်းပြည်ရဲ့လုံခြုံရေးကို ဆက်ထိန်းသွားနိုင်စွမ်း ရှိနေပြီလို့ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ် မလိခီ က ပြောပါတယ်။

Iraqi army soldiers stand guard near burned trailers at Camp Ashraf north of Baghdad, Iraq, April 8, 2011

လစ်ဗျားမှာ အဝေးထိန်း ဒုံးလေယာဉ် အသုံးပြုဖို့ အိုဘားမားခွင့်ပြု

လစ်ဗျားက တိုက်ခိုက်မှုတွေမှာ အဝေးထိန်းဒုံးလေယာဉ်သုံးဖို့ အမေရိကန်သမ္မတက အတည်ပြု ပေးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

ဆီးရီးယား အရေးပေါ်အမိန့် ရုပ်သိမ်းပြီ

ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ထုတ်ပြန်ထားတဲ့ အရေးပေါ်ဥပဒေကို ကြာသပတေးနေ့မှာ သမ္မတက တရားဝင် လက်မှတ်ရေးထိုး ရုပ်သိမ်းလိုက်ပါတယ်။

Syrian Arab News Agency (SANA) handout photo shows people gathering for funeral of two people allegedly killed in recent clashes in Homs, 160 kilometers (100 miles) to the north of Damascus on April 19, 2011.

ဆိုင်းဘာဘာ ကျန်းမာရေးအခြေအနေ ဆိုးရွား

အိန္ဒိယနိုင်ငံက တန်ခိုးရှင်အဖြစ် ကျော်ကြားတဲ့ အသက် ၈၅ နှစ်အရွယ် ဆိုင်းဘာဘာရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ရွှေတိဂုံ လုံခြုံရေး တင်းကျပ်

ရွှေတိဂုံဘုရားက နေရာအတော်များများ မှာ မိုင်းသတိရှိပါ ဆိုတဲ့စာတွေ ကပ်ထားပြီး လုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ ဘုရားဖူးတွေက ပြောပါတယ်။

ရွှေတိဂုံဘုရား
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3239ED15D7211A1A00BEB7504A09265AC7">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments