VOA Burmese E-mail News Summary

Burma Campaign Japan | 6:45 PM | 0 comments

ထိပ်တန်းသတင်း

နေပြည်တော်ဗုံးကွဲ၊ အနည်းဆုံး လူ ၂ ဦးသေ

နေပြည်တော်က ရွှေမြို့နဲ့ တပ်ကုန်းမြို့နယ် ကြားမှာရှိတဲ့ ဆင်သေဘူတာမှာ ဒီကနေ့ ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

ဘင်လာဒင် ရှိနေတာ ပါကစ္စတန် ခေါင်းဆောင်များ သိပုံမရ

ဘင်လာဒင် ဘယ်မှာ ပုန်းအောင်းနေတယ် ဆိုတာ ပါကစ္စတန် ခေါင်းဆောင်တွေ သိတဲ့ အထောက်အထား မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အိန္ဒိယ မအောင်မြင်

အိန္ဒိယရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဒေါ်လာ ဘီလီယမ်များစွာ ရင်းနှီးမြှုပ်နှံ လုပ်ခဲ့ပေမဲ့ ရလဒ်ကောင်း ထွက်မလာဘူးလို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

အစိုးရသစ်လက်ထက် အမေရိကန် အဆင့်မြင့် သံတမန် မြန်မာပြည် ပထမဆုံး ရောက်ရှိ

အမေရိကန်ပြည်ထောင်စု ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းဟာ ဒီကနေ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် အထူးသံတမန် NLD နဲ့ တွေ့ဆုံမည်

ဂျိုးဇက် ယွန်းဟာ ကြာသပတေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုကော်မတီဝင်တွေ အပါအ၀င် CRPP အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

လူ့အခွင့်အရေး အစီရင်ခံစာအတွက် ကင်တားနား အချက်အလက် စုဆောင်း

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြသွားဖို့ မစ္စတာ ကင်တားနား စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

IMF ယာယီ အကြီးအကဲ ခန့်အပ်ဖို့ အမေရိကန် တိုက်တွန်း

IMF အနေနဲ့ ယာယီ ညွှန်ကြားရေးမှူး တယောက် တရားဝင် ခန့်ထားပေးပါလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာက တိုက်တွန်းလိုက်ပါတယ်။

Тимоти Гайтнер

အမေရိကန် ဒု-လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်

အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း မြန်မာနိုင်ငံကို ၃ ရက်ခရီး သွားမှာ ဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ နေတိုး ရဟတ်ယာဉ်တွေ အပြန်အလှန် ပစ်ခတ်

ပါကစ္စတန် ခြေလျင်တပ်ဖွဲ့တွေနဲ့ နေတိုး ရဟတ်ယာဉ်တို့အကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် ပါကစ္စတန်စစ်တပ်က ကန့်ကွက်ကြောင်း ပြောလိုက်ပါတယ်။

ဗြိတိန်ဘုရင်မ အိုင်ယာလန် သမ္မတနိုင်ငံ ရောက်ရှိ

ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘက်သ်ဟာ ၄ ရက်ကြာ တရားဝင် ခရီးစဉ်အတွက် အိုင်ယာလန် သမ္မတနိုင်ငံကို ရောက်သွားပါပြီ။

Britain's Queen Elizabeth at residence of Ireland's President Mary McAleese in Dublin, May 17, 2011
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32F87C6748B06E9F5C6BD4AE313B3B484E">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments