VOA Burmese E-mail News Summary

Burma Campaign Japan | 8:11 PM | 0 comments

ထိပ်တန်းသတင်း

လျှိုမြောင်၃သွယ် ရေကာတာ ကိစ္စ တရုတ်အစိုးရ ပြန်သုံးသပ်မည်

ယန်ဇီမြစ်ပေါ်က လျှိုမြောင် ၃ သွယ် ရေကာတာကြီး လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ပြန်လည် သုံးသပ်သွားမယ်လို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။

ယီမင်သမ္မတ အာဏာလွှဲဖို့ ငြင်းဆန်

အာဏာလွှဲပေးရေး သဘောတူစာချုပ်မှာ ယီမင်သမ္မတက လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပြီးနောက် အာရပ်နိုင်ငံများကောင်စီက စေ့စပ်ရေး ရပ်ဆိုင်းလိုက်ပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်မှာ Tree of Life ဇာတ်ကား အကောင်းဆုံးဆုရ

ပြင်သစ်နိုင်ငံ ကိန်းမြို့မှာ ကျင်းပတဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ The Tree of Life ရုပ်ရှင်က အကောင်းဆုံး ရွှေထန်းရွက်ဆုကို ရရှိသွားပါတယ်။

လိုအပ်ရင် ဘင်လာဒင်လိုမျိုး နောက်ထပ်ဖြေရှင်းဖို့ အိုဘားမား ညွှန်ကြားမည်

ဘင်လာဒင်ကို သုတ်သင်ခဲ့သလို လိုအပ်ရင် ပါကစ္စတန်ကို နောက်ထပ် စီးနင်းတိုက်ခိုက်တာတွေ လုပ်ဖို့ အမိန့်ပေးမှာပဲလို့ အိုဘားမားက ပြောလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် အပြောနဲ့အလုပ် မကိုက်ညီဟု UNA ဝေဖန်

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ သမ္မတ ဦးသိန်းစိန် ပထမဆုံး ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ လွဲနေတယ်လို့ UNA က ထောက်ပြလိုက်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် သယံဇာတ အခွန်ကောက်ရေး လက်တွေ့ မလုပ်နိုင်သေး

တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကို သူတို့ ဒေသဆိုင်ရာအလိုက် အခွန်ကောက်ခံတာ အပါအ၀င် အခွန်အခ ၁၉ မျိုးကို ကောက်ခံခွင့် ပေးထားပါတယ်။

အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဆန္ဒပြ

အင်းစိန်ထောင် အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက် ထောင်တွင်း အကျဉ်းသားရပိုင်ခွင့် တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ စတင် ဆန္ဒပြနေကြပါတယ်။

တရုတ်၊ ကိုရီးယား ခေါင်းဆောင်များ ငလျင်ဒဏ်သင့် ဂျပန်ကို အားပေး

ဂျပန်ဝန်ကြီးချုပ်နဲ့အတူ တရုတ်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေဟာ ငလျင်ဒဏ်သင့် ဂျပန်နိုင်ငံက ဒုက္ခသည်တွေကို အားပေးစကား ပြောခဲ့ကြပါတယ်။

Japan's Prime Minister Naoto Kan, center, chats with South Korean President Lee Myung-bak, left, and Chinese Premier Wen Jiabao, right, while visiting an evacuation center in Fukushima city, Japan, May 21, 2011.

တိဘက်လှုပ်ရှားမှု ကဏ္ဍသစ်အတွက် အဝေးရောက်တိဘက်များ ပြင်ဆင်

ဘုန်းတော်ကြီး ဒလိုင်းလားမား နိုင်ငံရေး တာဝန်တွေ စွန့်လွှတ်မယ့် အစီအစဉ်အတွက် အဝေးရောက် တိဘက်လူမျိုးတွေ စုဝေး ပြင်ဆင်နေကြပါတယ်။

အာဖဂန်ဆေးရုံ အသေခံ ဗုံးခွဲမှု ၆ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က စစ်ဆေးရုံ တခုမှာ အသေခံ ဗုံးခွဲမှုတခု ဖြစ်ခဲ့လို့ ဆေးကျောင်းသား ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA327D040357E419503D090013E03DCED8CD">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments