VOA Burmese E-mail News Summary

Burma Campaign Japan | 7:47 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို

မြန်မာအစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတဲ့ ဥပဒေ သက်တမ်းတိုးရေး အမေရိကန် အထက်လွှတ်တော် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

မလာဒစ်ရှ်ကို ကုလစစ်ခုံရုံးရေး လွှဲပေးရေး ၇ ရက်အတွင်း ဆောင်ရွက်မည်

မလာဒစ်ရှ်ကို The Hague တရားခုံရုံး လွှဲပြောင်းပေးဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီခြင်းရှိ မရှိ ဆာဘီးယန်း တရားခုံရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

နျူကလီးယား ဆွေးနွေးပွဲ မြောက်ကိုရီးယား ပြန်စလို

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်က နျူကလီးယား ဆွေးနွေးပွဲတွေကို ပြန်တက်ချင်တယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရောက် သမ္မတဦးသိန်းစိန် စီးပွားရေးနဲ့လုံခြုံရေး ဆွေးနွေး

သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

စစ်ခွေးတိုက်ရောက် နိုင်ငံရေး အကျဉ်းသားတွေ မူလအဆောင် ပြန်ရပြီ

စစ်ခွေးတိုက် ပို့ဆောင်ခံခဲ့ရတဲ့ အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့နေထိုင်ရာ အဆောင်ကို ပြန်ပို့လိုက်ပြီလို့ သိရပါတယ်။

စစ်ရာဇ၀တ်ခုံရုံးက အလိုရှိသူ မလာဒစ်ရှ် ဖမ်းမိပြီ

ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့တွေရဲ့ တပ်မှူးဟောင်း စစ်ရာဇ၀တ်မှုနဲ့ အလိုရှိနေသူ ရတ်ကို မလာဒစ်ရှ်ကို ဖမ်းမိပြီလို့ ဆာဘီးယား သမ္မတက ကြေညာပါတယ်။

ယီမင် အတိုက်အခံ ခေါင်းဆောင်ကို ဖမ်းမိန့်ထုတ်

ယီမင်နိုင်ငံမှာ အတိုက်အခံ လူမျိုးစု တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးဖို့ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးက အမိန့်ပေးထားပါတယ်။

yemen_unrest_soldiers

အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်

အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်သွားမယ်လို့ HRW အဖွဲ့ကြီးက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

IMFဥက္ကဋ္ဌရာထူး ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး အလားအလာကောင်း

IMF ဥက္ကဋ္ဌ ရာထူးအတွက် ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တင်း လာဂါ့ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။

France's Finance and Economy Minister Christine Lagarde is seen during the ringing of the opening bell at the Paris Euronext opening day . Momentum grew for Lagarde's potential candidacy to the top job at the IMF, May 24, 2011

အမေရိကန် ပြည်နယ်အချို့ ဆိုးရွားသည့် လေဆင်နှာမောင်းဒဏ် ခံရ

အမေရိကန် ပြည်နယ်အချို့မှာ တိုနားဒိုးတွေ အများအပြား ထပ်မံ တိုက်ခတ်ခဲ့တဲ့အတွက် လူတွေ သေဆုံးရကြောင်း ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။

A United States flag tied to a tree branch waves in the wind over a business building destroyed by a tornado in Joplin, Missouri. Search teams accompanied by cadaver dogs on Tuesday picked their way through the rubble of thousands of homes and businesses
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32A9D012B2E57A999CC04CECE4A03ECDFE">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments