VOA Burmese E-mail News Summary

Burma Campaign Japan | 8:42 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့အလုပ်သမားအရေး တိုးတက်မှု တင်ပြဖို့ ILO ဆုံးဖြတ်ချက် မူကြမ်းထွက်

မြန်မာအစိုးရအနေနဲ့ အလုပ်သမားအရေး တိုးတက်မှု အခြေအနေတွေကို ILO ကို တင်ပြရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်း ထွက်လာပါတယ်။

အမေရိကန်အဖို့ ဂျပန်ထက် တရုတ် အရေးပါ

အာရှတိုက်မှာ အမေရိကန်အတွက် အရေးအကြီးဆုံး မိတ်ဖက်တိုင်းပြည်ဟာ တရုတ်နိုင်ငံ ဖြစ်တယ်လို့ ဆန်းစစ်ချက် တရပ်က ဖော်ပြလိုက်ပါတယ်။

ဆီးရီးယားတွေ တူရကီဘက် ထွက်ပြေး

တူရကီနယ်စပ်ကို ဖြတ်ပြီး ၀င်လာကြတဲ့ ဆီးရီးယား နိုင်ငံသား အရေအတွက်က ၂,၄၀၀ အထိ ရှိသွားပြီလို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကုလ မြန်မာ့အရေး ကြိုးပမ်းမှု NLD ကြိုဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ကြိုဆိုလိုက်ပါတယ်။

KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား

KIA နဲ့ မြန်မာအစိုးရတပ် အကြား ဒီကနေ့ တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ရာ ဒေသကို အစိုးရဘက်က တပ်တွေ တိုးမြှင့် စေလွှတ်နေပါတယ်။

အမေ့အိမ်ကျောင်း ပြုပြင်ရေး တားဆီးခံနေရ

NLD အဖွဲ့ဝင်တဦး ဦးဆောင် ဖွင့်လှစ်ထားတဲ့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်းကို အာဏာပိုင်တွေက မကြာခဏ အနှောင့်အယှက် ပေးခဲ့ပါတယ်။

လစ်ဗျား အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသွားမည်

လစ်ဗျား အတိုက်အခံတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

A Libyan rebel fighter uses a walkie talkie at their position in Misrata's western front line, some 25 km (16 miles) from the city center June 9, 2011

မြန်မာအစိုးရ ပြုပြင်ရေးဆန္ဒ မတွေ့ရသေး

မြန်မာအစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲရေး သိသာထင်ရှားတဲ့ လုပ်ရပ်တွေ ပြသဖို့ လိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။

Secretary-General Ban Ki-moon addresses the opening of the Global Platform for Disaster Risk Reduction at the UN Office at Geneva, Switzerland, May 10, 2011

ရေနံပိုထုတ်ရေး အိုပက် သဘောတူညီချက်မရ

ရေနံထုတ်လုပ်မှု ပမာဏနဲ့ ပတ်သက်လို့ သဘောတူညီချက် အသစ်တရပ် ရရှိရေး OPEC ရဲ့ အစည်းအဝေးပွဲအတွင်း ဆွေးနွေးခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ကြပါဘူး။

မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR မှာ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်မှု ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA329634E3D6EFCF49B2A4644CEACAC224B4">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments