VOA Burmese E-mail News Summary

Burma Campaign Japan | 9:06 PM | 0 comments

ထိပ်တန်းသတင်း

ပြည်တွင်းစစ်အန္တရာယ် KIO သတိပေး

KIO နဲ့ မြန်မာအစိုးရတပ်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး ပြည်တွင်းစစ် ဖြစ်သွားတဲ့အထိ ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ KIO က ကြေညာလိုက်ပါတယ်။

ပွာတိုရီကို ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ အိုဘားမား ထောက်ခံ

အမေရိကန်ရဲ့ အုပ်ချုပ်မှုအောက် ပွာတိုရီကို အနေနဲ့ ဆက်နေချင် မနေချင်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမယ့်အကြောင်း အိုဘားမားက ပြောလိုက်ပါတယ်။

နျူကလီးယား ဆွေးနွေးပွဲ ပြန်လာဖို့ အီရန်ကို တရုတ်တိုက်တွန်း

အီရန်နိုင်ငံအနေနဲ့ နျူကလီးယားကိစ္စ ၆ နိုင်ငံ ပါဝင်တဲ့ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်စဖို့ လိုပြီလို့ တရုတ်သမ္မတက တိုက်တွန်းလိုက်ပါတယ်။

ပလောင်နဲ့ ကချင် အမျိုးသမီးများ လူကုန်ကူးခံရမှု တိုးလာ

ပလောင်အမျိုးသမီးတွေ လူကုန်ကူးခံနေရတာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီလို့ ပလောင်နဲ့ ကချင် အမျိုးသမီးများ အဖွဲ့တွေက ပြောလိုက်ပါတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှု ပြည်ပစွက်ဖက်မှု တရုတ်ကန့်ကွက်

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုမှာ နိုင်ငံခြားရဲ့ ပါဝင် ပတ်သက်နေတာကို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာ့လူမှု တရားမျှတရေး ILO ကူညီဖို့ ဒေါ်စု ပန်ကြား

မြန်မာနိုင်ငံမှာ လူမှုရေး တရားမျှတမှုတွေ ပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးဖို့ ILO ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ စတင်

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ထရီနီဒတ်နိုင်ငံမှာ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် မွန်ဆာရတ်နဲ့ ဘီလိစ် အသင်းတို့ပွဲနဲ့ စတင်မှာ ဖြစ်ပါတယ်။

ကလေးများ ကာကွယ်ဆေးအတွက် ဒေါ်လာ သန်း ၄,၀၀၀ လှူကြမည်

ကလေးငယ်တွေအတွက် ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ဒေါ်လာ သန်း ၄,၀၀၀ ကျော် လှူဒါန်းမယ်လို့ နိုင်ငံတကာ အလှူရှင်တွေက ကတိပေးလိုက်ကြပါတယ်။

မြန်မာနိုင်ငံ ဦးတည်ခဲ့တဲ့ လက်နက်တင် မြောက်ကိုရီးယားသင်္ဘော အမေရိကန်တားဆီး

သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံဘက် ဦးတည် ခုတ်မောင်းလာတာကို အမေရိကန်ရေတပ် ဖျက်သင်္ဘောက တားဆီးခဲ့ပါတယ်။

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗွီအိုအေပရိသတ်တွေ မေးမြန်းထားသမျှကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထား ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32B3DA1030C8DDE5943A670C7F805ABE38">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments