VOA Burmese E-mail News Summary

Burma Campaign Japan | 7:36 PM | 0 comments

ထိပ်တန်းသတင်း

ကုလ ကြားဝင်စေ့စပ်ရေး အတွက် KIO လိုလား

KIO နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ အဆုံးသတ်စေဖို့ ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်းအ၀န်းက ကူညီဖို့ KIO က ဆန္ဒရှိတဲ့အကြောင်း ပြောပါတယ်။

ဘန်ကီမွန်း ဒုတိယသက်တမ်းအတွက် လုံခြုံရေးကောင်စီ ထောက်ခံ

မစ္စတာ ဘန်ကီမွန်းကို ကုလသမဂ္ဂ အကြီးအကဲအဖြစ် ဒုတိယအကြိမ် ဆက်ပြီး ရွေးကောက် တင်မြှောက်ဖို့ လုံခြုံရေးကောင်စီက ထောက်ခံလိုက်ပါတယ်။

United Nations Secretary General Ban Ki-moon holds his smartphone in his hotel room in Brazilia, Brazil as he learns that the Security Council has voted to recommend him as a candidate for a second term

ကမ္ဘာ့စီးပွားရေး အလားအလာ အားတက်ဖွယ်မရှိ

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ယိုင်နဲ့သွားနိုင်တဲ့ အလားအလာတွေ ဆက်ပြီး ကြီးထွားနေဆဲပဲလို့ IMF အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။

IMF's World Economic Outlook

မြန်မာစစ်သား ၆ ဦးကို KIA ဖမ်းဆီး

KIA နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေအတွင်း မြန်မာဘက်က စစ်သား ၆ ဦးကို ဖမ်းဆီးထားလိုက်နိုင်တယ်လို့ KIA အရာရှိတွေက ပြောပါတယ်။

ကချင်ပြည်နယ်အရေး အာဆီယံ ကြားဝင်ညှိနှိုင်းပေးဖို့ AIPMC တောင်းဆို

KIA ကို ထိုးစစ်ဆင်နေတဲ့ကိစ္စ ရပ်တန့်ရေး အာဆီယံ အသင်းကြီးက ကြားဝင်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးဖို့ AIPMC အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်

အရပ်သားအစိုးရ တက်လာပြီးနောက် ပထမဆုံးအကြိမ် အနေနဲ့ EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံခရီး စတင်လိုက်ပါတယ်။

KIA အပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့ အမေရိကန် တောင်းဆို

မြန်မာအစိုးရတပ်တွေ အနေနဲ့ KIA ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

အိမ်ဖော်တွေ အကာအကွယ်ပေးမယ့် သဘောတူညီချက် ကုလချမှတ်

နိုင်ငံတကာ သဘောတူညီချက်အရ ကမ္ဘာတ၀န်းမှာရှိတဲ့ အိမ်ဖော်တွေ အနေနဲ့ ပိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေကို ရရှိတော့မှာ ဖြစ်ပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်

တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ KIA နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဘက် တိုက်ပွဲတွေ မရပ်မနား ဖြစ်နေကြဆဲ ဖြစ်ပါတယ်။

ကချင်စစ်ပြေး ဒုက္ခသည် အများစု ၀င်ခွင့်မပြုတာ မဟုတ်ဟု တရုတ်အစိုးရ ငြင်းဆို

ကချင် စစ်ပြေးဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံဖို့ ကြိုးစားကြပေမဲ့ တရုတ်အာဏာပိုင်တွေက လက်မခံတာကြောင့် ဒုက္ခဖြစ်ကြရပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3212D0CD6C6022F75875E57B29BC2C6FDA">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments