VOA Burmese E-mail News Summary

Burma Campaign Japan | 7:16 PM | 0 comments

ထိပ်တန်းသတင်း

NLD ကို လုံခြုံရေးစောင့်ကြည့်မှု ထူးခြား

NLD ရုံးချုပ်ကို အစိုးရ လုံခြုံရေးအဖွဲ့ဝင်တွေက မနေ့ညက လာရောက် စောင့်ကြည့်ခဲ့တယ်လို့ လူငယ်အဖွဲ့ဝင်တချို့က ပြောပါတယ်။

အနိုင်ရထိုင်းခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေးကိစ္စ ထောက်ခံမည်

အနိုင်ရ ထိုင်းခေါင်းဆောင် ယင်းလပ် ရှင်နာဝပ်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေကို သူ့အစိုးရအဖွဲ့က အားပေးထောက်ခံသွားမယ်လို့ ဆိုပါတယ်။

Thailand's Prime Minister elect Yingluck Shinawatra speaks during an interview with Reuters at Puea Thai Party headquarters in Bangkok. The Thai baht should float freely and be left to market forces, Yingluck said on Friday, adding she did not expect a si

မြန်မာပြည်တွင်း ချင်းပြည်နယ်ဟာ ဆင်းရဲမွဲတေမှု အမြင့်ဆုံးဖြစ်

မြန်မာနိုင်ငံ တိုင်းဒေသကြီး ၁၄ ခုအနက် ချင်းပြည်နယ်မှာ ဆင်းရဲမွဲတေမှုပမာဏဟာ အခြားဒေသတွေထက် အများဆုံးဖြစ်ကြောင်း UNDP စစ်တမ်းကဖော်ပြပါတယ်။

ရက် ၁၀၀ မြန်မာအစိုးရ သိသာတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု မလုပ်သေး

သမ္မတဦးသိန်းစိန် အစိုးရ အာဏာယူခဲ့တာ ရက် ၁၀၀ ရှိလာချိန်မှာ သိသာတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု မတွေ့ရကြောင်း သုံးသပ်သူတချို့ ဝေဖန်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကျဉ်းထောင် ၃ ခု စစ်ဆေး

ICRC အဖွဲ့ဟာ မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုမှုနဲ့ နယ်အကျဉ်းထောင် ၃ ခုမှာ ရေရရှိမှုနဲ့ ရေဆိုးစွန့်ပစ်မှု အခြေအနေတွေကို စစ်ဆေးခွင့်ရခဲ့ပါတယ်

မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေး အမေရိကန်အမတ်များ တိုက်တွန်း

မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေးအတွက် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် အလားအလာကောင်း

ကမ္ဘာကြီးဟာ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်မီနိုင်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီလို့ ကုလ အစီရင်ခံစာအသစ်က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ရပ်ရေး အာမခံဖို့ KIA မျှော်လင့်

KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ ကချင်ပြည်နယ် အစိုးရဘက်က KIO ကို စာပေးပို့ တောင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးမြို့တ၀ိုက် လေ့လာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ တူရွင်းတောင်ခြေဘက်မှာရှိတဲ့ ရှားပါးသစ်ပင် အင်ကြင်းတောဘက် သွားရောက် လေ့လာခဲ့ပါတယ်။

ကျန်ဇီမင်း သေဆုံးတဲ့သတင်း တရုတ်အစိုးရ ငြင်းဆို

တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူးလို့ တရုတ်အာဏာပိုင်တွေက တရားဝင် ငြင်းဆိုသွားပါတယ်။

中国前国家主席江泽民
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA322E72273CE08CA59A73D704B3DDF4E867">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments