VOA Burmese E-mail News Summary

Burma Campaign Japan | 7:16 PM | 0 comments

ထိပ်တန်းသတင်း

နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ ဆုတ်ခွာ

SSA (မြောက်ပိုင်း) တပ်ဖွဲ့တွေဟာ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နမ့်ကိုင်ဖိတ် စစ်မျက်နှာကနေ ဆုတ်ခွာလိုက်ပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလား ဂျပန်အသင်း ဗိုလ်စွဲ

ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဂျပန်နိုင်ငံက အမေရိကန်ကို အနိုင်ကန်ပြီး ဗိုလ်စွဲသွားပါတယ်။

အာဖဂန်အစိုးရ တာဝန်ရှိသူ ၂ ဦး သတ်ဖြတ်ခံရ

ကဘူးလ်မြို့တော်တွင်း တိုက်ခိုက်ခံရမှု တခုမှာ သမ္မတ ခါဇိုင်းရဲ့ ထိပ်တန်း အကြံပေး တယောက်နဲ့ လွှတ်တော်အမတ်တယောက် သေဆုံးသွားပါတယ်။

ဂရိစီးပွား နာလန်ထူရေး အစီအစဉ် အမေရိကန် အားပေးထောက်ခံ

ဂရိနိုင်ငံရဲ့ စီးပွားရေး နာလန်ထူရေး အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

Greek Foreign Minister Stavros Lambrinidis , left, and US Secretary of State Hillary Rodham Clinton speak on Sunday July 17, 2011

အာဖဂန်တပ်ဖွဲ့ ဘာမီယန်ဒေသ လုံခြုံရေး တာဝန်လွှဲယူ

အာဖဂန်အလယ်ပိုင်းက ဘာမီယန်ပြည်နယ်မှာ နေတိုးတပ်ဖွဲ့တွေက အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေကို လုံခြုံရေးဆိုင်ရာ တာဝန်တွေ လွှဲပြောင်း ပေးခဲ့ပါပြီ။

Afghan National Army recruits that will be among those taking over security in the country as foreign troops gradually withdraw (file photo)

ဂျပန်အမဲသား ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်

ဂျပန်နိုင်ငံက အမဲသားတွေမှာ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေလို့ ဂျပန်နိုင်ငံတ၀န်းမှာ အမဲသား မစားရဲဘဲ ဖြစ်နေကြပါတယ်။

မြန်မာအစိုးရ စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေချိုးဖောက်ဟု ဝေဖန်ခံရ

ရှမ်းပြည်တောင်ပိုင်းက လက်ရှိတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပေါ်တာအဖြစ်အသုံးပြုမှု၊ သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Two young ethnic Karen boys guard a military post at New Manerplaw, Burma, Jan 31, 2004 (File Photo)

သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား တွေ့ဆုံ

အမေရိကန်သမ္မတ အိုဘားမားနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ မနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

President Barack Obama meets with His Holiness the XIV Dalai Lama in the Map Room of the White House, Saturday, July 16, 2011. (Official White House Photo by Pete Souza)

ဟယ်ရီပေါ်တာ နောက်ဆုံးရုပ်ရှင် ၀င်ငွေစံချိန်ချိုး

Harry Potter နောက်ဆုံးအခန်းဆက် ရုပ်ရှင်ကားကို သောကြာနေ့က မြောက်အမေရိကတိုက်မှာ ရုံတင်ပြသတာမှာ ပထမနေ့မှာတင် ဝင်ငွေစံချိန်ချိုးခဲ့ပါတယ်။

ဘရစ်ဂါကို လစ်ဗျားသူပုန်တွေ စတင် ထိုးစစ်ဆင်

မဟာဗျူဟာအရအရေးပါတဲ့ ဘရစ်ဂါမြို့ကို သိမ်းပိုက်နိုင်ဖို့ စတင် ထိုးစစ်ဆင်နေပြီလို့ လစ်ဗျားသူပုန်တွေက ပြောပါတယ်။

A rebel fighter inspects the condition of a rocket launcher captured from troops loyal to Muammar Gaddafi near the town of Bir al-Ghanam, about 100km (62 miles) south of Tripoli, June 30, 2011.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA326B83A81254F389CF53408AD4F03D118C">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments