VOA Burmese E-mail News Summary

Burma Campaign Japan | 7:34 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာကို ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ အဆင်သင့် မဖြစ်သေး

အလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံကို ပေးရေး မပေးရေးနဲ့ ပတ်သက်လို့ မဆုံးဖြတ်နိုင်သေးဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နော်ဝေးတိုက်ခိုက်မှု အောက်မေ့ဘွယ် အခမ်းအနား ၀န်ကြီးချုပ် ဦးဆောင်

ပစ်ခတ်မှုနဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားသူတွေရဲ့ ဈာပန အခမ်းအနားကို နော်ဝေးဝန်ကြီးချုပ် ဦးဆောင် ကျင်းပခဲ့ပါတယ်။

Norway's Prime Minister Jens Stoltenberg addresses mourners during the memorial service at Oslo Cathedral, Sunday, July 24, 2011

ဒေါ်စုနဲ့ အစိုးရ၀န်ကြီး တွေ့ဆုံမှု ထူးခြားတဲ့ရလဒ် ရှိနိုင်ဟု NLD မျှော်လင့်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးကြပါမယ်။

မြန်မာအစိုးရတပ်တွေ SSA ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းရံပိတ်ဆို့

ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၀မ့်ဟိုင်းဌာနချုပ် စခန်းကို မြန်မာအစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ၀ိုင်းရံပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

တရုတ် ကျည်ဆံရထား ၂ စီးတိုက်မှု လူ ၃၀ ကျော် သေဆုံး

တရုတ်နိုင်ငံက ကျည်ဆံရထား ၂ စီး မနေ့ညတုန်းက တိုက်ခဲ့ကြလို့ သေဆုံးသူဦးရေဟာ ၃၅ ဦးထက်မနည်း ရှိသွားပါပြီ။

Chinese rescuers work around the wreckage of train cars in Wenzhou in east China's Zhejiang province, July 24, 2011

၃ စီးမြောက် ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ

ထိုင်း၊ မြန်မာ နယ်စပ်နားမှာ ထိုင်းစစ်ရဟတ်ယာဉ်တစီး ဒီကနေ့ ပျက်ကျခဲ့လို့ ထိုင်းစစ်သား ၃ ဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ၀န်ကြီးတို့ တွေ့ဆုံဖွယ်ရှိ

ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေကပြောပါတယ်။

မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှု တရုတ် ချီးကျူး

မြန်မာနိုင်ငံက သူ့နိုင်ငံအခြေအနေအရ ရွေးချယ်တဲ့လမ်းကို နိုင်ငံတကာအနေနဲ့ လေးစားသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

U.S. Secretary of State Hillary Clinton (L) and China's Foreign Minister Yang Jiechi pose before a bilateral meeting in Nusa Dua, Bali July 22, 2011.

နော်ဝေးအကြမ်းဖက်မှု မသင်္ကာသူ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံ

နော်ဝေနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တုန်လှုပ်စရာဗုံးခွဲမှုနဲ့ ပစ်ခတ်မှုတွေကိုလုပ်တယ်လို့ မသင်္ကာသူက ၀န်ခံလိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောကြားပါတယ်။

A photograph of Norwegian attack suspect Anders Behring Breivik is broadcast by Norwegian television July 23, 2011.

နော်ဝေအကြမ်းဖက်မှု လူ ၉၀ ကျော်သေဆုံး

အော်စလိုမြို့ ပေါက်ကွဲမှုနဲ့ သေနတ်သမား တိုက်ခိုက်ခြင်းခံရတဲ့ အကြမ်းဖက် ဖြစ်ရပ်နှစ်ခုကြောင့် စုစုပေါင်း လူ ၉၁ ယောက် သေဆုံးခဲ့ရပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3217743D6996B1293EA4644CEACAC224B4">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments