VOA Burmese E-mail News Summary

Burma Campaign Japan | 6:31 PM | 0 comments

ထိပ်တန်းသတင်း

အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနဲ့အစိုးရ သဘောတူ

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ၀န်ကြီး ဦးအောင်ကြည်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သြဂုတ်လ ၁၂၊ ၂၀၁၁)

ဗြိတိန်ဆူပူမှုအတွက် လူ ၆၀၀ ခန့်ကို တရားစွဲ

လန်ဒန်မြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆူပူမှုတွေ၊ လုယက်ခိုးယူမှုတွေမှာ ပါဝင်ခဲ့သူ ၆၀၀ နီးပါးကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲလိုက်ပါတယ်၊

အိန္ဒိယဇာတ်စနစ်ရုပ်ရှင် ပြည်နယ်တချို့ ပိတ်ပင်

ဇာတ်နိမ့် ဇာတ်မြင့် လူတန်းစားစနစ်အကြောင်း ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ကားသစ်တခုကို ပြည်နယ် ၃ ခုမှာ ပြသခွင့်ပိတ်ပင်လိုက်ပါတယ်။

KIA နဲ့ ငြိမ်းချမ်းရေး ပြည်ထောင်စုအစိုးရ မျှော်လင့်

မြန်မာအစိုးရသစ်ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စတွေကို အလေးထားထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော် အစိုးရသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားနေသည့် မြန်မာပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (သြဂုတ်လ ၁၂၊ ၂၀၁၁)

နိုင်ငံခြားငွေလဲ လက်မှတ်များ ပြန်ရုပ်သိမ်းမည်

မြန်မာပြည်မှာ နိုင်ငံခြားငွေ ဒေါ်လာနေရာမှာ အစားထိုးပြီး တရားဝင်သုံးစွဲခွင့် ပြုထားတဲ့ FEC ကို မကြာခင်မှာ ရုပ်သိမ်းတော့မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အမေရိကန် စုံစမ်းလို

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကော်မရှင်တရပ်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ အမေရိကန်က ပြောလိုက်ပါတယ်။

us_capitol

နှစ် ၃၀ ကြာ အရေးပေါ် အခြေအနေ ရုပ်သိမ်းရေး အီဂျစ် ပြင်ဆင်

အီဂျစ်မှာ ဆယ်စုနှစ် ၃ ခုကြာ ရှိခဲ့တဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေကို အဆုံးသတ်ဖို့ ခြေလှမ်းတွေကို အီဂျစ်နိုင်ငံက စတင်လိုက်ပြီ ဖြစ်ပါတယ်။

Protesters gather with a banner with a Koranic verse in Tahrir square in Cairo, July 29, 2011

ရာဂျစ်ဗ် ဂန္ဒီ လုပ်ကြံမှု အယူခံ အိန္ဒိယသမ္မတ ပယ်ချ

အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဗ် ဂန္ဒီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ပေးခံထားရသူ ၃ ဦးရဲ့ အသနားခံလွှာကို အိန္ဒိယ သမ္မတက ပယ်ချလိုက်ပါတယ်။

Пратибха Патил

ဧရာဝတီ ကယ်တင်ရေး ဒေါ်စု ပန်ကြား

တရုတ်၊ မြန်မာ ပူးတွဲတည်ဆောက်တဲ့ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဧရာဝတီမြစ်ကို အန္တရာယ် ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အစိုးရ ဧရာဝတီ ၀ါဒဖြန့်ဆောင်းပါး လိုရာဆွဲရေးဟု ကျွမ်းကျင်သူတွေ သုံးသပ်

ဧရာဝတီနဲ့ ပတ်သက်လို့ အစိုးရထုတ် သတင်းစာထဲက ဆောင်းပါးဟာ တဖက်သတ် လိုရာကို ဆွဲပြောတဲ့ ရေးသားချက် ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA322A73E2B9BD018BEC9B5E3DEEE9B9443E">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments