VOA Burmese E-mail News Summary

Burma Campaign Japan | 8:18 PM | 0 comments

ထိပ်တန်းသတင်း

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင်

ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။

ဂဒါဖီ ဖမ်းနိုင်သူ ဆုငွေရမည်

လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဖမ်းဆီးနိုင်ရင် အမေရိကန်ဒေါ်လာ ၁,၆၇၀,၀၀၀ ပေးမယ်လို့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေက ဆုငွေထုတ်လိုက်ပါတယ်။

Libyan leader Moammar Gadhafi

နျူကလီးယား ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား အသင့်

နျူကလီးယား ဖျက်သိမ်းရေး ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်လိုကြောင်း မြောက်ကိုရီးယားက ကမ်းလှမ်းခဲ့တယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ ဒေါ်စုနဲ့ ဆွေးနွေး

မစ္စတာ ကင်တားနားဟာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အင်းစိန်ထောင် သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားအချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ကုလ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကင်တားနား ဆက်လက်ထောက်ခံ

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေးကို သူ့အနေနဲ့ ဆက်လက် တိုက်တွန်းသွားမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ရှမ်းပြည်တပ်မတော် စစ်တပ်စခန်းနဲ့ ကျေးရွာငယ် မီးရှို့ခံရ

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်က ရွာတွေကို ရှမ်းသူပုန်တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး မြန်မာစစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထရီပိုလီမှာ တိုက်ခိုက်မှုတွေ မပြီးဆုံးသေး

ထရီပိုလီမှာရှိတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီရဲ့ နေအိမ်ဝန်း အတွင်းမှာ ပစ်ခတ်မှုတွေ ဒီနေ့ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

Rebels and their supporters celebrate around the iconic statue of a golden fist crushing a US military bomber outside Libyan leader Moammar Gadhafi's heavily damaged Bab al-Azizya compound in the centre of Tripoli on August 24, 2011

အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း ၅.၈ ပြင်းအား မြေငလျင်လှုပ်

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ ၁၉၄၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်တဲ့ ပြင်းအား ၅.၈ မြေငလျင်တခု အင်္ဂါနေ့မှာ လှုပ်သွားပါတယ်။

People use the stairs to evacuate a building in Washington after an earthquake hit the Washington area, August 24, 2011

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး လွှတ်တော်မှာ ကင်တားနား တိုက်တွန်း

တိုးတက်တဲ့ နိုင်ငံရေးဖြစ်စဉ်တချို့ တွေ့ရပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ လိုနေသေးတယ်လို့ မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA324ABA1ADF119B0D9157E62B70995F8B9D">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments