VOA Burmese E-mail News Summary

Burma Campaign Japan | 7:37 PM | 0 comments

ထိပ်တန်းသတင်း

အိုင်ရင်း ဟာရီကိန်းကြောင့် သေဆုံးသူ ၄ ယောက်ထက်မနည်း ရှိပြီ

Irene ၀င်တိုက်ခဲ့တဲ့နေရာတွေမှာ လူလေးယောက်ထက်မနည်း သေဆုံးပြီးတော့ ကုန်းလမ်းခရီး၊ လေကြောင်းခရီးတွေလည်း ရပ်သွားခဲ့ပါတယ်။

အယ်လ်ခိုင်းဒါး နံပါတ် ၂ ခေါင်းဆောင် သေဆုံး

အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ နံပါတ် ၂ ခေါင်းဆောင် Atiyah Abd al-Rahman ပါကစ္စတန်မှာ သေဆုံးသွားပြီလို့ အမေရိကန် တာဝန်ရှိသူတယောက်က ပြောပါတယ်။

Atiyah Abd al-Rahman, al Qaida

စင်္ကာပူသမ္မတရွေးကောက်ပွဲ ဒုဝန်ကြီးချုပ်ဟောင်း အနိုင်ရ

စင်္ကာပူသမ္မတရွေးကောက်ပွဲမှာ မဲတွေကို ပြန်လည်ရေတွက်ပြီးတဲ့နောက်မှာ ဒုတိယဝန်ကြီးချုပ် တိုနီ တန် (Tony Tan) အနိုင်ရသွားပါတယ်။

စင်ကာပူသမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ဒုတိယဝန်ကြီးချုပ် တိုနီ တန်

ငြိမ်းချမ်းရေးကမ်းလှမ်းပေမဲ့ ဆွေးနွေးမှုတွေ မဖြစ်သေး

တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်လို့ သမ္မတဦးသိန်းစိန်ကဆိုပေမဲ့ လက်တွေ့ဆွေးနွေးမှုတွေတော့ မရှိသေးပါဘူး။

စစ်သွေးကြွတွေလက်ချက်နဲ့ ပါကစ္စတန် ၃၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နဲ့နယ်စပ်မှာ အာဖဂန်ဘက်က စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၆ ဦးသေဆုံးခဲ့ပါတယ်။

Irene ဟာရီကိန်းမုန်တိုင်း အမေရိကန်အရှေခြမ်း ကုန်တွင်းဝင်ရောက်

အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့ ဟာရီကိန်း အိုင်ရင်းမုန်တိုင်းဟာ နိုင်ငံရဲ့အရှေ့ဘက်ကမ်း မြောက်ကာရိုလိုင်းနားပြည်နယ်ကို ၀င်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ HIV ကာကွယ်ရေးနဲ့ ခွဲခြားဆက်ဆံမှု ဟန့်တားရေး လစ်ဟာဆဲ

မြန်မာအပါအ၀င် အာရှ-ပစိဖိတ်ဒေသမှာ HIV-AIDS ရောဂါ ကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်ရာမှာ လိုအပ်မှုတွေ ရှိနေဆဲပဲလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

A nurse, wearing protective mask an gloves reads to a HIV/AIDS patient at the Phra Baht Nam Phu AIDS hospice near Lopburi, Thailand (File)

ထိုင်းတောင်ပိုင်း စစ်သွေးကြွ တိုက်ခိုက်၊ ၆ ဦးသေ

ထိုင်းနိုင်ငံတောင်ပိုင်းမှာ မူစလင်စစ်သွေးကြွတွေလို့ သံသယရှိသူတွေရဲ့ အကွက်ချ တိုက်ခိုက်မှုတွေကြောင့် သောကြာနေ့က လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။

အဘူဂျာမြို့ ကုလသမဂ္ဂရုံး အစွန်းရောက်တွေ ကားဗုံးခွဲ၊ ၂၀ ခန့်သေ

နိုင်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာမှာရှိတဲ့ ကုလသမဂ္ဂအဆောက်အဦးကို အစွန်းရောက်တွေကတိုက်ခိုက်လို့ လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

This image released by Saharareporters shows an ambulance, firefighters and rescue workers after a large explosion struck the United Nations' main office in Nigeria's capital Abuja Friday.

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ပြည်သူ့လွှတ်တော်က သမ္မတထံပန်ကြား

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာအဆိုကို ကန့်ကွက်သူမရှိတာကြောင့် သမ္မတဆီတင်ပြဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA325052CFAB4D89BA8FF161CB8EA248E4FD">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments