VOA Burmese E-mail News Summary

Burma Campaign Japan | 9:03 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့စီးပွားရေး မူဝါဒ တိုးတက်မှု IMF ကြိုဆို

မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေ ပြင်ဆင်လာတဲ့အတွက် တိုးတက်မှု လက္ခဏာတွေ တွေ့မြင် လာနေရပြီလို့ IMF က ပြောလိုက်ပါတယ်။

ဆီးရီးယားကို ကုလအရေးယူမှု ရုရှား လက်ခံမည်မဟုတ်

ဆီးရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မယ့် လုပ်ရပ်တွေကို ထောက်ခံမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရက ပြောပါတယ်။

ဆိုမာလီ ပြန်ပေးလက်မှ ဓါးစာခံများ အမေရိကန် ကယ်တင်

ဓါးစာခံတွေကို ဆိုမာလီယာ လက်နက်ကိုင်တွေ လက်ထဲကနေ အမေရိကန် အထူး စစ်ဆင်ရေး တပ်ဖွဲ့တွေက ကယ်တင်ခဲ့တဲ့ပါတယ်။

မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး

အမေရိကန်သမ္မတအိုဘားမားရဲ့ နှစ်စဉ် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေကို ချီးကျူးပြောဆိုသွားပါတယ်။

President Barack Obama delivers his State of the Union address on Capitol Hill in Washington, January 24, 2012.

ဒေါ်စုကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ကတည်းကပေးထားတဲ့ Benazir Bhutto Shaheed ဆုကို ပါကစ္စတန်သမ္မတ Zardari ကိုယ်တိုင်ချီးမြှင့်ခဲ့ပါတယ်။

မီဒီယာဥပဒေကြမ်း စာပေစိစစ်ရေး ရှင်းလင်း

ပိုလွတ်လပ်မယ့် စာပေစိစစ်ရေး ဥပဒေအကြောင်းပြောစဉ် လွတ်မြောက် နိုင်/ကျဉ်းတွေ အကြောင်းရေးတဲ့သတင်းတွေ သတ်မှတ်မူဝါဒထက် ကျော်ခဲ့ကြောင်းသတိပေး

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆက်ဖိအားပေးဖို့လို

မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေရှိလာပေမယ့် လုံလောက်မှုမရှိသေး၊ ဆက်ပြီးဖိအားပေးဖို့ အမေရိကန်ရဲ့ ကဏ္ဍအရေးပါကြောင်း ဦးဝင်းတင်ပြောပါတယ်

အီဂျစ်ဆန္ဒပြမှု နှစ်ပတ်လည်ကျင်းပ

နှစ်ရှည်အာဏာချုပ်ကိုင်အုပ်ချုပ်ခဲ့တဲ့ အီဂျစ်သမ္မတမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့တဲ့ လူထုဆန္ဒပြပွဲ တနှစ်ပြည့်အထိမ်းအမှတ် Thrir ရင်ပြင်မှာစုဝေး

ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။

တိဘက်ဆန္ဒပြသူ တရုတ်နှိမ်နင်းမှု အမေရိကန် ဝေဖန်

တိဘက်ဆန္ဒပြသူတွေကို တရုတ်အစိုးရက အင်အားသုံးနှိမ်နင်းတဲ့အပေါ် စိုးရိမ်ကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။

တရုတ်အစိုးရက အင်အားသုံး နှိမ်နင်းတဲ့အပေါ် ဆန္ဒပြ ကန့်ကွက်ပွဲမှာ ပါဝင်ဖို့ စောင့်ဆိုင်းနေတဲ့ တိဘက် အဘိုးအိုတဦး။ ဒါရမ်ဆာလာ၊ အိန္ဓိယ။ ဇန်န၀ါရီ ၂၄၊ ၂၀၁၂
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments