VOA Burmese E-mail News Summary

Burma Campaign Japan | 7:02 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့ပြုပြင်မှုအတွက် အမေရိကန်တုံ့ပြန်ဖို့ ဆွေးနွေးနေ

ကြားဖြတ်ရွေးကောက်ပွဲ ငြိမ်းချမ်းစွာပြီးဆုံးသွားတာကြောင့် အမေရိကန်ဘက်က တုံ့ပြန်တဲ့အနေနဲ့ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ပြောပါတယ်။

တောင်တရုတ်ပင်လယ်အရေး ASEAN ညီညွတ်ဖို့ ဖိလစ်ပိုင်တိုက်တွန်း

တောင်တရုတ်ပင်လယ်ပိုင်နက်အရေးမှာ ကျင့်သုံးရမယ့်စည်းကမ်းတရပ်ရေးဆွဲဖို့ အာဆီယံအသင်းဝင်တွေကို ဖိလစ်ပိုင်က တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံတလွှား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

ဆီးရီးယားမှာ ငြိမ်းချမ်းရေးအကဲခတ်တွေထားဖို့ ကုလသမဂ္ဂက ကိုယ်စားလှယ်တဖွဲ့ စေလွှတ်ချိန်မှာပဲ အစိုးရနဲ့သူပုန်တပ်တွေကြားတိုက်ပွဲတွေဖြစ်နေဆဲပါ။

မြန်မာအပေါ် အရေးယူမှုများ ရုပ်သိမ်းရန် အာစီယံ တိုက်တွန်း

နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ထားတွေကို ရုပ်သိမ်းရေး စဉ်းစားပေးပါရန် အာစီယံက တိုက်တွန်းပါတယ်။

ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ၄၃နေရာ အနိုင်ရ

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ဖို့ ကျန်နေသေးတဲ့ (၅) နေရာရဲ့ အနိုင်အရှုံးစာရင်းကို ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေငြာလိုက်ပါပြီ။

ရွေးကောက်ပွဲရလဒ် ကြံခိုင်ရေးပါတီလက်ခံ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ လူထုရဲ့အဆုံးအဖြတ်မို့ လက်ခံတယ် လို့ ဦးဌေးဦးက ပြောပါတယ်။

နိုင်ငံခြားငွေ နှုန်းရှင်လဲလှယ်မှု စတင်ကျင့်သုံး

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်တဲ့ စနစ်ကို နှုန်းသေစနစ် ကနေ ဈေးကွက်နဲ့ အညီ နှုန်းရှင်စနစ် ပြောင်းလဲကျင့်သုံးလိုက်ပါတယ်။

ကယ်လီဖိုးနီးယား ကောလိပ်ကျောင်း ပစ်ခတ်မှု ၇ ဦးသေဆုံး

ကယ်လီဖိုးနီးယားပြည်နယ်က ကောလိပ်ကျောင်း တခုမှာ ကျောင်းသားဟောင်းတဦး သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူပေါင်းခုနစ်ဦး သေဆုံးခဲ့ရပါတယ်။

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ဆတိုးကြိုးပမ်းဖို့ ကုလတိုက်တွန်း

ကြားဖြတ်ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းပြီး တဲ့အတွက် ဘန်ကီမွန်းကချီးကျုးပြီး စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနှစ်ဆတိုးလုပ်ဖို့

U.N. Secretary-General Ban Ki-moon speaks during a news conference  in Putrajaya outside Kuala Lumpur March 22, 2012.

ရှေ့တပတ်ထဲ အပစ်ရပ်ဖို့ ဆီးရီးယား အစိုးရသဘောတူ

ဆီးရီးယား နိုင်ငံက လုံခြုံရေးတပ်တွေ ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းဖို့ သဘောတူလိုက်ပြီလို့ ကိုဖီအာနန် (Kofi Annan) က ပြောပါတယ်။

Syria's President Bashar al-Assad (center R) meets U.N.-Arab League envoy Kofi Annan (center L) in Damascus March 10, 2012.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments