VOA Burmese E-mail News Summary

Burma Campaign Japan | 9:06 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာကို သွင်းကုန်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ လွှတ်တော်မှာ အဆိုပြု

၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီဥပဒေ တနှစ်သက်တမ်းတိုးဖို့ အထက်လွှတ်တော်အမတ်က လွှတ်တော်ကို တင်လိုက်ပါတယ်။

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးအကြံပေး Vijay Nambia က မနေ့ကပဲ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

UN special adviser Vijay Nambiar (L) speaks during a news conference following his meeting with Burma's pro-democracy leader Aung San Suu Kyi, at her home in Rangoon, Burma, February 16, 2012.

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ဒီကနေ့စတင်

၂၄ နှစ်အတွင်း ပထမဦးဆုံးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပနိုင်ငံတွေကို ခရီးထွက်တော့မှာပါ။

ဆီးရီးယားကို ရုရှားရဲ့ စစ်ရေးပံ့ပိုးမှု အမေရိကန်စိုးရိမ်

ရုရှားက ဆီးရီးယားကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ပို့လိုက်တဲ့ သတင်းကြောင့် အမေရိကန်က စိုးရိမ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောပါတယ်

စစ်တွေအခြေအနေ မထိန်းနိုင်သေး

စစ်တွေမြို့က လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရုန်းရင်းဆန်ခတ်အခြေအနေ ဆက်ဖြစ်နေပါတယ်။

ရုရှားပြည်သူတချို့ သမ္မတ ပူတင်ကို ဆန့်ကျင်ဆန္ဒပြ

မော်စကိုမြို့လယ်မှာ လူ ထောင်သောင်းချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

တောင်ယီမင် အယ်လ်ကိုင်ဒါ ခြေကုပ်စခန်း အစိုးရ ပြန်သိမ်း

ယီမင်နိုင်ငံတောင်ပိုင်းက အယ်လ်ကိုင်ဒါးတွေ သိမ်းထားတဲ့နေရာကို အစိုးရတပ်တွေက ပြန်ပြီးသိမ်းပိုက်လိုက် နိုင်ပါတယ်။

ရခိုင်ကိစ္စ အမေရိကန်နဲ့ EU စိုးရိမ်

ရခိုင်အတွင်း အကြမ်းဖက်မှုတွေဖြစ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း၊ တိုက်ခိုက်မှုတွေချက်ချင်းရပ်ဖို့ ၀န်ကြီးကလင်တန်က တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားသူပုန် အခြေစိုက်စခန်းများ အစိုးရ တိုက်ခိုက်

သူပုန်ထိန်းချုပ်ဒေသတွေကို အစိုးရလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေပိတ်မိနေမှာ စိုးရိမ်ကြောင်း ကုလစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

နေတိုးအတွက် ပါကစ္စတန်နယ်စပ်လမ်း ညှိနှိုင်းမှု မအောင်မြင်

အာဖဂန်ထဲ NATO ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေး သဘောတူညီချက်မရတဲ့နောက် ညှိနှိုင်းသူတွေကို ပါကစ္စတန်ကနေ ပြန်ထွက်ခိုင်းခဲ့

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments