VOA Burmese E-mail News Summary

Burma Campaign Japan | 8:00 PM | 0 comments

ထိပ်တန်းသတင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့

ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သမ္မတဟောင်း နီကိုလာ ဆာကိုဇီ၊ နိုင်ငံခြားရေး ၀န်ကြီးတို့နဲ့ တွေဆုံခဲ့ပါတယ်။

အိုဘားမားကျန်းမာရေးအစီအစဉ် ဖွဲ့စည်းပုံနဲ့ကိုက်ညီ

သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်က အပြင်းပွားဖွယ်အချက်က ဖွဲ့စည်းပုံနဲ့ညီကြောင်း အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်

အီတလီနဲ့ စပိန် ကြွေးမြီအရေး ဥရောပထိပ်သီးတွေ ဆွေးနွေး

ဥရောပခေါင်းဆောင်တွေက အီတလီနဲ့ စပိန်ရဲ့ကြွေးမြီတွေကို တိုက်ရိုက်ဝယ်ယူရေး ယူရိုဇုန် ကယ်ဆယ်ရေးရန်ပုံငွေကို အသုံးပြုဖို့ အားပေးနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် မြေပြို၊ လူရာကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး မြေပြိုမှုအတွင်း သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၁၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဘော့စနီးယား ဆာဗ့် ခေါင်းဆောင်ဟောင်းအပေါ် စွဲချက် ၁၀ ခုအနက် တခု ရုပ်သိမ်း

Karadzic ကို လူမျိုးတုံး သတ်ဖြတ်မှုမှာ အပြစ်မရှိကြောင်း တရားရုံးတော်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

မြန်မာသံအမတ်နေရာအတွက် အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ

မြန်မာနိုင်ငံမှာ ပြောင်းလဲမှုပေါ်လာပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲလို့ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး Derek Mitc က ပြောပါတယ်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံရေးပြုပြင်မှုအတွက် ဖြစ်ဖို့ ဒေါ်စုတိုက်တွန်း

မြန်မာကိုပေးကြမယ့် အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူဖြစ်ဖို့ ပြင်ဆင်ဆောင်ရွက်ကြပါလို့ ဒေါ်စု ပြောပါတယ်

ဆီးရီးယားအစိုးရလိုလားတဲ့ ရုပ်သံဌာန တိုက်ခိုက်ခံရ

မြို့တော် ဒမတ်စကပ်နားက အစိုးရလိုလားတဲ့ ရုပ်မြင်သံကြားဌာနကို ဝင်ရောက်စီးနင်းမှုမှာ သတင်းထောက်နဲ့ လုံခြုံရေးဝန်ထမ်းတွေ သေဆုံးခဲ့ပါတယ်။

ဥရောပဖလားပွဲစဉ် စပိန် ဗိုလ်လုပွဲတက်ပြီ

ဥရောပချန်ပီယံဖလား ပထမဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပယ်နယ်တီပေးချိန် စပိန်က ၄ ဂိုး၊ ၂ ဂိုးနဲ့ ပေါ်တီဂီကို အနိုင်ရပြီး ဖိုင်နယ်တက်သွားခဲ့ပါပြီ။

ဂုဏ်ထူးဆောင် ပါရီမြို့သူဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ထူးဆောင် ပဲရစ်မြို့တော်သူဆုကို လက်ခံရယူခဲ့ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments