VOA Burmese E-mail News Summary

Burma Campaign Japan | 8:21 PM | 0 comments

ထိပ်တန်းသတင်း

ဒေါ်စု စက်တင်ဘာလ အမေရိကန် လာမည်

Global Citizen Award ဆုကို လက်ခံရယူဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာမှာ ရောက်လာပါမယ်။

မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း IMF ကျင့်ဝတ်များ လိုက်နာဖို့လိုအပ်

နိုင်ငံတကာရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာဖက်က လိုက်နာဖို့ ဖိအားပေး

ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်

အမေရိကန် အဆင့်အမြင့်ဆုံး စီးပွားရေးနဲ့ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရောက်

၂၅ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက်နေပြီး စီးပွား/ကူးသန်းဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြ

အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ဝန်ကြီးကလင်တန် အစ္စရေးရောက်

အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်ရဖို့ ဆွေးနွေးခဲ့ကြောင်း အစ္စရေးရောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြော

လွှတ်တော်မှာတင် အချိန်ကုန်မခံဖို့ ဒေါ်စု တိုက်တွန်း

ပြည်သူ့ကိုယ်စားလှယ်တွေဟာ ဥပဒေပြုရေးနဲ့ပဲ အချိန်ကုန်နေပြီး လူထုနဲ့ ဝေးကွာနေတာမျိုးမဖြစ်စေဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မူးယစ်မှောင်ခိုသူအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းစစ်တပ် တိုက်ပွဲဖြစ်

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့နားမှာ မူးယစ်မှောင်ခိုသမား ၈ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က အသေဖမ်းဆီးခဲ့ပါတယ်။

A poppy grows outside Low Soi, a village in the Shan state in northeastern Myanmar close to the border with China February 26.

မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ရာထူးကထွက်

ခေါင်းဆောင်သစ် ကင်ဂျုံအွန်းကို အဓိကအကြံပေးတဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးရီယောင်ဟိုကို ရာထူးက ဖယ်ရှားလိုက်ပါတယ်။

ဆီးရီးယားမြို့တော်မှာ အပြင်းအထန် တိုက်ပွဲဖြစ်

ဆီးရီးယားပြည်တွင်းစစ်ဟာ နေရာသစ်တွေဆီ ပျံ့နှံ့လာနေပြီလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ IRC က ပြောလိုက်ပါတယ်။

လယ်သမားများ ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်

တရားဝင် ဆန္ဒပြခွင့် ဥပဒေ ထွက်လာပြီးတဲ့နောက် နှစ်ပေါင်း ၄၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ လယ်သမားတချို့ ဆန္ဒပြခဲ့ကြပါတယ်။

Rice farmers in Cambodia tend to their crops.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments