VOA Burmese E-mail News Summary

Burma Campaign Japan | 5:07 PM | 0 comments

ထိပ်တန်းသတင်း

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လူ့အခွင့်ရေးအထူးကိုယ်စားလှယ် ထပ်ဆင့်ထောက်ခံ

မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကုလ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကို မစ္စတာ ကင်တားနားကလည်း ထောက်ခံလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၀ ကျော်ကို ဒေါ်စု တွေ့ဆုံ အားပေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် ၇၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။

လေဆိပ် သတင်းစာရှင်းလင်းပွဲ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းသမားတွေ တက်ရောက်ခွင့်မရ

မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာပြည်ကအပြန် မနေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းထောက်တွေနဲ့ ခေတ္တတွေ့ဆုံခွင့် ရခဲ့ပါတယ်။

ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

ဘုရားသုံးဆူမြို့မှာ မနေ့ညနေက နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မြောက်ဦး ရှေးဟောင်း သမိုင်းဝင်နေရာ ဖြတ်မယ့် ရထားလမ်းကြောင်း ပြောင်း

မြောက်ဦးက သမိုင်းဝင်နေရာတွေကို ဖြတ်ဖောက်မယ့် ရထားလမ်းကို ကန့်ကွက်မှုတွေ ရှိတာကြောင့် လမ်းကြောင်းပြောင်း ဖောက်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအသစ် တောင်ကိုရီးယား ဖျက်သိမ်း

တောင်ကိုရီးယားက ပြုလုပ်မယ့် ဒုတိယအကျော့ စစ်ရေးလေ့ကျင့်ပွဲကို ကြေညာခဲ့ပြီးမှ လေ့ကျင့်ရေး မလုပ်ဖြစ်တော့ဘဲ ဖျက်သိမ်းလိုက်ပါတယ်။

တရားရုံး ဆုံးဖြတ်ချက်ကြောင့် ထိုင်းအစိုးရ ဆက်တည်မြဲ

ထိုင်းတရားရုံးတခုက ဒီမိုကရက်ပါတီကို ဖျက်သိမ်းဖို့နဲ့ ၀န်ကြီးချုပ်ကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်ဖို့ တင်ထားတဲ့အမှုကို ငြင်းပယ်လိုက်ပါတယ်။

ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး တိုက်တွန်း

မြန်မာအာဏာပိုင်တွေဘက်က ရွေးကောက်ပွဲလွန်ကာလမှာ အဖွဲ့အစည်း အသီးသီးနဲ့ ဆွေးနွေးပွဲလုပ်ဖို့ မစ္စတာ ဗီဂျေး နမ်ဘီးယားက တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲသစ်ကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံ ထွက်ပြေး

မြန်မာစစ်တပ်နဲ့ DKBA တပ်ဖွဲ့တွေ တိုက်ခိုက်မှု အသစ်တွေကြောင့် ဒေသခံရွာသား ၁,၀၀၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့ရပါတယ်။

မြောက်ကိုရီးယား ရန်စမှု တရုတ်နိုင်ငံ ထိန်းဖို့ တောင်ကိုရီးယား တိုက်တွန်း

မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုကို တားဆီးပေးဖို့ တရုတ်နိုင်ငံကို တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က လူသိရှင်ကြား တိုက်တွန်းလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32878FFF22BFED7A6660A9E301601EEBEB">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments