VOA Burmese E-mail News Summary

Burma Campaign Japan | 8:13 PM | 0 comments

ထိပ်တန်းသတင်း

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ထောင်၃ထောင် စစ်ဆေးခဲ့

ICRC အဖွဲ့ဟာ မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုမှုနဲ့ နယ်အကျဉ်းထောင် ၃ ခုမှာ ရေရရှိမှုနဲ့ ရေဆိုးစွန့်ပစ်မှု အခြေအနေတွေကို စစ်ဆေးခွင့်ရခဲ့ပါတယ်

မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေး အမေရိကန်အမတ်များ တိုက်တွန်း

မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေးအတွက် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် အလားအလာကောင်း

ကမ္ဘာကြီးဟာ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်မီနိုင်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီလို့ ကုလ အစီရင်ခံစာအသစ်က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ရပ်ရေး အာမခံဖို့ KIA မျှော်လင့်

KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ ကချင်ပြည်နယ် အစိုးရဘက်က KIO ကို စာပေးပို့ တောင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးမြို့တ၀ိုက် လေ့လာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ တူရွင်းတောင်ခြေဘက်မှာရှိတဲ့ ရှားပါးသစ်ပင် အင်ကြင်းတောဘက် သွားရောက် လေ့လာခဲ့ပါတယ်။

ကျန်ဇီမင်း သေဆုံးတဲ့သတင်း တရုတ်အစိုးရ ငြင်းဆို

တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူးလို့ တရုတ်အာဏာပိုင်တွေက တရားဝင် ငြင်းဆိုသွားပါတယ်။

中国前国家主席江泽民

ဇူလိုင် ၇ အရေးတော်ပုံ ၄၉ နှစ်တိုင် ခွပ်ဒေါင်းစိတ်ဓာတ် ရှင်သန်ဆဲ

ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့ပြီး တကသ အဆောက်အဦး မိုင်းခွဲဖျက်ဆီးခံခဲ့ရတာ ဒီနေ့ဆိုရင် ၄၉ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

အတိုက်အခံ သပိတ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတ၀န်း လုပ်ငန်းများ ရပ်ဆိုင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တခုကြောင့် နိုင်ငံအနှံ့အပြားမှာ ဗုဒ္ဓဟူးနေ့က လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပါတယ်။

A Bangladeshi riot policeman, right, detains an activist during a six-hour general strike in Dhaka, Bangladesh, Sunday, July 3, 2011. A citizens' group on Sunday enforced the general strike in Bangladesh's capital, partially disrupting businesses and tran

သမ္မတဟောင်း ကျန်ဇီမင်း ကျန်းမာရေးသတင်း တရုတ် ဆင်ဆာဖြတ်

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အင်တာနက်မှာ ပြောဆိုကြတာတွေကို တရုတ်အာဏာပိုင်တွေက ဆင်ဆာလုပ် ကန့်သတ်နေပါတယ်။

中国执政党退休的首脑、前国家主席江泽民

ဒေါ်စု နယ်ဘုရားဖူးခရီး လူထုနဲ့ထိတွေ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ၊ ညောင်ဦး ဘုရားဖူးခရီးစဉ်အတွင်း ဒေသခံတွေဟာ သူမကို တွေ့ချင်တဲ့အတွက် လာရောက် စောင့်မျှော်နေခဲ့ကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA324E6A2C5F80FEF789251A169F765A5E3C">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments