VOA Burmese E-mail News Summary

Burma Campaign Japan | 7:43 PM | 0 comments

ထိပ်တန်းသတင်း

ဒေါ်စုကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား

ဆွစ်ဇာလန်သမ္မတ၊ နောက် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်စု ရုတ်တရက်နာမကျန်းဖြစ်ခဲ့ပါတယ်။

အလုပ်သမားအရေး လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ ( ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ သီးခြားမေးမြန်းခန်း)

အလုပ်သမားဝန်ကြီးဦးအောင်ကြည်က ဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေးခဲ့ပြီးနောက် အလုပ်သမားရေးကိုင်တွယ်ရတာ ပိုအဆင်ပြေလာကြောင်း ပြောပါတယ်။

အီဂျစ်ဖွဲ့စည်းပုံ ခုံရုံးဆုံးဖြတ်ချက် လူထုကန့်ကွက်

သမ္မတဟောင်းမူဘာရက်ရဲ့ အရာရှိဟောင်းတွေ တာဝန်ပြန်မယူနိုင်အောင်တားမြစ်တဲ့ ဥပဒေကို ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ပယ်ချလို့ လူထုကန့်ကွက်ခဲ့ပါတယ်

ILO အရေးယူမှု ရပ်ဆိုင်းခြင်း ဒေါ်စု ကြိုဆို

မြန်မာနိုင်ငံအပေါ် နည်းပညာပိုင်းနဲ့ တခြားအကူအညီပေးမှု ကန့်သတ် ထားချက်တွေ ပြန်လည် ရုပ်သိမ်းခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို။

လာဘ်စားမှုကင်းတဲ့ နယ်စပ် လုံခြုံရေး လိုအပ်

လာဘ်စားမှုကင်းတဲ့ နယ်စပ်လုံခြုံရေးရှိဖို့ အရေးကြီးတယ်လို့ ဂျနီဗာမြို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ILO ညီလာခံ ဒေါ်စု မိန့်ခွန်း

LO နဲ့ မြန်မာ ဆက်ဆံရေး၊ လူငယ်တွေနဲ့ အလုပ်လက်မဲ့ ပြဿနာ၊ ရွှေ့ပြောင်း အလုပ်သမားတွေအရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ခြုံငုံပြီး ပြောသွားပါတယ်

ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်ရပ် လူမျိုးတုံး သတ်ဖြတ်မှု မဟုတ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို လူမျိုးတုန်း သတ်ဖြတ်မှု Genocide လို့ မခေါ်နိုင်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဒေါ်စု ဂျနီဗာရောက်ပြီ

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် ကုလသမဂ္ဂဌာနချုပ်မှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။

မြန်မာအပေါ် ILO ရဲ့ ကန့်သတ်ချက်များ ရုပ်သိမ်း

ILO အဖွဲ့ကြီးက မြန်မာအပေါ် နည်းပညာနဲ့ အခြားအကူအညီပေးမှု ကန့်သတ်ချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ရခိုင်ပဋိပက္ခ ဒုက္ခသည်တွေ ကူညီရေး နိုင်ငံတကာ တိုက်တွန်း

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခတွေကို ကူညီဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းပါတယ်။

Local residents take refuge in a monastery compound in Sittwe, the capital of Rakhine state in western Myanmar, where sectarian violence continues to impact the public, Wednesday, June 13, 2012.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments