VOA Burmese E-mail News Summary

Burma Campaign Japan | 6:45 PM | 0 comments

ထိပ်တန်းသတင်း

နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်စု ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာ့ဒီမိုကရေစီရေးမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်နဲ့ ဖြတ်ကျော်သွားမယ်လို့ ဒေါ်စုက ပြောလိုက်ပါတယ်။

နော်ဝေးရောက် ဒေါ်စုကို ဒေသခံမြန်မာတွေ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပငါးနိုင်ငံခရီးစဉ်ရဲ့ ဒုတိယမြောက် နော်ဝေးမှာ ဒီကနေ့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

ရခိုင်ဒေသ ဒုက္ခသည်တွေကိုကူညီကြဖို့ အောက်လွှတ်တော်အမတ် Joseph Crowley တိုက်တွန်း

ရခိုင်ဒေသအဓိကရုဏ်းတွေကြောင့် ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံဖို့ ကြေညာချက်တရပ် အမေရိကန်အမတ် ခရော်လီ ထုတ်ပြန်လိုက်ပါတယ်။

စစ်တွေဒုက္ခသည်စခန်း ဝမ်းလျှောရောဂါ စဖြစ်

စစ်တွေ ဒုက္ခသည်စခန်းတွင်း နေထိုင်သူတွေ သောက်ရေမသန့ှ်ရှင်းမှု၊ အညစ်အကြေးစွန့်ရာနေရာ ရှားပါးမှုတွေကြောင့် ဝမ်းလျှောရောဂါ စဖြစ်နေပါတယ်။

ရန်ကုန်အခြေအနေငြိမ်သက်

လွန်ခဲ့တဲ့ရက်တွေက လက်ကမ်းစာတွေနဲ့ လှုံ့ဆော်မှုတွေ ရှိခဲ့ပေမဲ့ ရန်ကုန်အခြေအနေ ငြိမ်သက်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်-ရခိုင် လုံခြုံရေးပူပန်

ရခိုင်ပဋိပက္ခမှာ အကြမ်းဖက်အဖွဲ့တွေပါဝင်တယ်ဆိုတဲ့သတင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက သူ့နိုင်ငံထဲ ပြဿနာအဝင်မခံနိုင်ဘူးလို့ ပြောလိုက်ပါတယ်။

ဒေါ်စုကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား

ဆွစ်ဇာလန်သမ္မတ၊ နောက် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်စု ရုတ်တရက်နာမကျန်းဖြစ်ခဲ့ပါတယ်။

အလုပ်သမားအရေး လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ ( ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ သီးခြားမေးမြန်းခန်း)

အလုပ်သမားဝန်ကြီးဦးအောင်ကြည်က ဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေးခဲ့ပြီးနောက် အလုပ်သမားရေးကိုင်တွယ်ရတာ ပိုအဆင်ပြေလာကြောင်း ပြောပါတယ်။

အီဂျစ်ဖွဲ့စည်းပုံ ခုံရုံးဆုံးဖြတ်ချက် လူထုကန့်ကွက်

သမ္မတဟောင်းမူဘာရက်ရဲ့ အရာရှိဟောင်းတွေ တာဝန်ပြန်မယူနိုင်အောင်တားမြစ်တဲ့ ဥပဒေကို ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ပယ်ချလို့ လူထုကန့်ကွက်ခဲ့ပါတယ်

ILO အရေးယူမှု ရပ်ဆိုင်းခြင်း ဒေါ်စု ကြိုဆို

မြန်မာနိုင်ငံအပေါ် နည်းပညာပိုင်းနဲ့ တခြားအကူအညီပေးမှု ကန့်သတ် ထားချက်တွေ ပြန်လည် ရုပ်သိမ်းခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments