ရွှေဝါရောင်တော်လှန်ရေးအား ဂုဏ်ပြုပူဇော်ခြင်း အစစ်ဆိုသည်မှာ (ဆောင်းပါး)

Burma Campaign Japan | 1:15 PM | 0 comments



ရွှေဝါရောင်တော်လှန်ရေးအား ဂုဏ်ပြုပူဇော်ခြင်း အစစ်ဆိုသည်မှာ

ဆောင်းပါး by Arakan Review on September 30, 2010

သန်းနိုင်ဂလေး (မေဃ၀တီ)

ကမ္ဘာတလွှား ဟိုးလေးတကျော် ဖြစ်သွားသော ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက် ဖြစ်ပွားခဲ့သည်မှာ ယနေ့ ဆိုလျှင် သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူများသည်လည်း ကမ္ဘာတ၀ှမ်း မိမိတို့ ရောက်ရှိနေထိုင်ရာ နိုင်ငံများတွင် ရွှေဝါရောင် တော်လှန်ရေးနေ့  အခမ်းအနားများ ကျင်းပ၍ ရွှေဝါရောင် တော်လှန်ရေးကို ဂုဏ်ပြု ပူဇော်ကြသည်။ ကောင်းလေစွ။ "ပူဇာစ ပူဇနေယျာနံ ၊ ဧတံမင်္ဂလ မုတ္တမံ" ဂုဏ်ပြု ပူဇော်ထိုက်သူကို ဂုဏ်ပြုပူဇော်ခြင်း၊ ဂုဏ်ပြု ပူဇော်ထိုက်သော အရာကို ဂုဏ်ပြု ပူဇော်ခြင်းသည် မင်္ဂလာမည်၏ ။ "ကတညု တာ၊ ဧတံမင်္ဂလ မုတ္တမံ" သူတပါး ကျေးဇူးကို သိတတ်ခြင်းသည် မင်္ဂလာမည်၏ ဟု မြတ်ဗုဒ္ဓ ဟောကြားခဲ့သည် မဟုတ်ပါလော။ သို့ ဖြစ်၍ ရွှေဝါရောင် တော်လှန်ရေးကို အခမ်းအနား လုပ်၍ ဂုဏ်ပြု ပူဇော်ခြင်းသည် မင်္ဂလာမည်ပေသည်။ ကောင်းမြတ်သော လုပ်ရပ်ကို ပြုလုပ်ခြင်း ဖြစ်၍ အားပေးရမည် ထောက်ပံ့ ကူညီရမည် လုပ်ကိုလုပ်ဆောင်ရမည် ဖြစ်သည်။ ဆက်လက်၍လည်း စဉ်ဆက်မပြတ် နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်နိုင်အောင် ကြိုးပမ်းရမည်ဖြစ်သည်။ >>> အပြည့်အစုံ >>>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments