မြန်မာလူငယ်ကွန်ရက်မှ နိုင်ငံရေးပါတီများအတွက် စဉ်းစားထားသော သတင်းအချက်အလက်များ...Ours Eyes On You!
မြန်မာလူငယ်ကွန်ရက်မှ နိုင်ငံရေးပါတီများအတွက် စဉ်းစားထားသော သတင်းအချက်အလက်များ...Ours Eyes On You!
မြန်မာလူငယ်ကွန်ရက်သည် လူငယ်များနှင့်ဖွဲ့စည်းထားသည့် အစုအဖွဲ့ကွန်ရက်ဖြစ်တဲ့အတွက် အခြားသော လူငယ်များ၊လူငယ်အဖွဲ့အစည်းများ၏ နိုင်ငံရေးလှုပ်ရှားမှုများကိုလည်း လုပ်ကိုင်နေသော အစုအဖွဲ့ကွန်ရက်ဖြစ်ပါသည်။ မြန်မာလူငယ်ကွန်ရက်ဟာ မိမိတို့ရဲ့လေ့လာမှုစွမ်းအားနဲ့ မြန်မာလှုမှုအဖွဲ့အစည်းတွင်ကိုက်ညီသော Pressure Group တစ်ခုသဖွယ်လုပ်ဆောင်ဖို့ ပိုမိုအားသန်သော အစုအဖွဲ့ကွန်ရက်ဖြစ်ပါသည်။ မြန်မာလူငယ်ကွန်ရက်အနေဖြင့် နိုင်ငံရေးပါတီများအားလုံးအတွက် ၎င်းတို့ရဲ့ Campagin ဗျူဟာများမှာ အသုံးချနိုင်မည်ဖြစ်သော သတင်းအချက် အလက်များကို ပုဂ္ဂိုလ်ရေးကင်းစွာဖြင့် စဉ်းစားထားသည်များကိုနိုင်ငံရေးပါတီများထံ တင်ပြလိုက်ရပါသည်။
Our Eyes On You!
ယနေ့ မြန်မာ့ နိုင်ငံရေးအခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင် ဒီမိုကရက်တစ် အင်အားစုများဟာ လူအင်အား၊ ငွေအင်အား အပြတ်အသတ်ကွာတဲ့ ကြံ့ခိုင်ရေးပါတီကို ဘယ်လိုအနိုင်ယူရပါမလဲ ဆိုပြီး တွေးပူနေကြတာ ကို တွေ့ရပါတယ်။ ပြည်သူလူထုကြီးရဲ့ အချစ်ကို မရရှိကြတဲ့ ကြံ့ခိုင်ရေးပါတီ အနေနဲ့လည်း ဒီလိုအနေအထား မျိုးမှာ ပြည်သူအများ ရဲ့ အသည်းကြားကမဲတပြားကို ရရှိစေရန်အလို့ငှာ နည်းမျိုးစုံနဲ့
ကြိုးစားကြတာဖြစ်လို့ တစ်ချို့သော မဲဆန္ဒနယ်တွေ( ပါတီဝင်အင်အားနည်းတဲ့ နေရာတွေမှာ) ပါတီဝင်အင်အားများတဲ့ မဲဆန္ဒနယ်တွေဆီက မဲစာရင်းတွေနဲ့ ညှိပြီး ဖြည့်ထားခြင်း၊ ကြိုတင်မဲတွေပေးခိုင်းခြင်း၊ မဲစာရင်းလိမ်တာတွေကစလို့ နည်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပမ်းကြမှာအသေအချာပင် ဖြစ်ပါတယ်။
ဒီတော့ ဒ်ီလိုမျိုး နည်းလမ်းတွေနဲ့ သုံးပြီး ရွေးကောက်ပွဲ အောင်နိုင်သွားတာပါ ဆိုတာကို မဲဆွယ်စည်း ရုံးရေးကာလတစ်လျှောက်နှင့် ရွေးကောက်ပွဲနေ့တွင် အသေအချာ စောင့်ကြည့်မှတ်သားပြီး အထောက်အထားများ ပြုစုထားနိုင်ခဲ့လျှင် တရားမျှတမှုမရှိပဲ တနည်းအားဖြင့် တရားမဲ့ပြုကျင့်တယ်လို့ သက်သေပြနိုင်ရင်၊ ကန့်ကွက်နိုင်ခဲ့ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပါ ရွေးကောက်ပွဲ နည်းဥပဒေ အခန်း ၁၄ ပါ အတိုင်း ကော်မရှင်က အရေးယူဆောင်ရွက်ပြီး အပိုဒ်ခွဲ ၉၈ (ခ) အတိုင်း ကန့်ကွက်သူ
လွှတ်တော်ကိုယ်စားလှယ်က အမတ်ဖြစ်လာမှာပါ။---
ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးပို့ချ ဆွေးနွေးချက်တွင်လည်း အချက် ၉၅ (စာမျက်နှာ ၅၄၊ နိဂုံးအပိုဒ် ၉၅ ) ၌ " 'ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ရန်၊
နိုင်ငံရေးပါတီဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ နှင့် အခြားသက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ရန် အထူးအရေးကြီးကြောင်း၊ မိမိတို့ပါတီဝင်တစ်ဦးဦးက အမှတ်တမဲ့
ဥပဒေချိုးဖောက်ဆောင်ရွက်မှုမျိုးရှိလာပါက ရွေးကောက်ပွဲ အပြီးတွင်စွပ်ဆွဲ တိုင်တန်းချက်များကြောင့် အချို့နယ်မြေများတွင် အနိုင်မှ အရှုံးဖြစ်သွားနိုင်ကြောင်း " စသဖြင့် သတိပေးထားသည်ဖြစ်ရာ တရားမဲ့အမှုဖြင့် တိုင်တန်းခံရမည်ကို အလွန်စိုးရိမ်နေကြောင်း ထင်ရှားနေသည်။ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းများဟာ ရွေးကောက်ပွဲအနိုင်ရလိုခြင်း တစ်ဖက်၊ တိုင်တန်းခံရမှာ ကြောက်ခြင်းတစ်ဖက်နှင့် Self –Contradiction အခြေအနေ နှင့် ရင်ဆိုင်နေရ သည်ကို တွေ့ရှိ နိုင်ပြီး၊ ဒီအချက်ကိုပင် အားနည်းချက် အဖြစ် ဒီမိုကရက်တစ်အင်အားစုများမှ အသုံးချနိုင်မည် ဖြစ်သည်။
ထိုသတိပေးချက်ကိုပင် မလိုက်နာပဲ မသမာမှုများ ပြုလုပ်ခဲ့လျှင် အချက်အလက် မှန်မှန်ကန်ကန် စုဆောင်းထားကြခြင်းဖြင့် ကျွန်တော်တို့ ဟာပြည်သူ့ ကိုယ်စားပြု ဒီမိုကရက်တစ်အမတ်လောင်းများကို လွှတ်တော်ထဲကို ပို့ဆောင်ပေးနိုင်အုံးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပါတီတွေအနေနဲ့ ပြုလုပ်ရမယ့် တာဝန်တွေပိုလာပါပြီ။ မိမိကိုယ်စားလှယ်အောင်နိုင်ရေးအတွက် Campaign Plan တွေအပြင် ထပ်လုပ်စရာ ၂ ခုရှိလာပါပြီ။ တစ်ခုက
ကိုယ့်ပါတီကို တခြားပါတီတွေ မစွပ်စွဲနိုင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ အစီအစဉ်ကောင်းကောင်းချဖို့နဲ့ နောက်တစ်ခုက ဒီလိုတရားမဲ့ လုပ်တယ်လို့ သံသယရှိတဲ့ ပါတီတွေနဲ့
ကိုယ်စားလှယ်လောင်းတွေကို သက်သေပြနိုင်ဖို့ အထောက်အထားတွေ ဘယ်လိုစုဆောင်းမလဲဆိုတာ strategy တစ်ခုအနေနဲ့ သုံးဖို့ လိုအပ်နေပါပြီ။ တရားဝင်ပြဋ္ဌန်းထားပြီးသားဖြစ်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ရွေးကောက်ပွဲ အသုံးစရိတ် ကို သိန်း ၁၀၀ ထက်ပို မသုံးရ ဆိုတဲ့ ဥပဒေတစ်ရပ်ဟာလည်း ပြည်ခိုင်ဖြိုးပါတီ
အမတ်လောင်းများအား ထောက်ပြကန့်ကွက်နိုင်တဲ့ အချက်တစ်ချက် ဖြစ်နေပြန်ပါသေးတယ်။ စီးပွားရေးအရ ခိုင်မာတောင့်တင်းပြီးသားဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအမတ်လောင်းများဟာ
ရွေးကောက်ပွဲကို ငွေအမြောက်အမြားပုံအောပြီး နည်းမျိုးစုံသုံးကြမှာဖြစ်လို့ သူတို့ရဲ့ ရွေးကောက်ပွဲအသုံးစရိတ် တွေ သိန်းတစ်ရာကျော်ကြောင်း အထောက်အထားခိုင်ခိုင်လုံလုံနှင့်
သက်သေပြ ကန့်ကွက်နိုင်ပါသေးတယ်။
နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ ခန့်မှန်းကြည့်သင့်တာကတော့ တပ်တွင်းအပြောင်းအလဲကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေမှာ တပ်တွင်းအပြောင်းအလဲ ကိစ္စရပ်များ
ဖြစ်ပေါ်ခဲ့ပြီး စစ်ဗိုလ်ချူပ်တွေဟာ သူတို့ပြောင်းလဲ ခန့်အပ်ခံလိုက်ကြရတဲ့ နေရာနဲ့ ရာထူးတွေအပေါ် အနည်းနဲ့ အများ မကျေနပ်မှုတွေဖြစ်ပွားခဲ့ရတယ်လို့ ခန့်မှန်းမှုတွေ
လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကို အခွင့်အရေးတစ်ရပ်အနေနဲ့ ယူဆရမယ် ဆိုရင် ရှုံးရင်ဘာမှမရှိတော့ပါဘူးဆိုတဲ့ ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုကို
အားနည်းချက်အနေနဲ့ အသုံးချလို့ ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးကျရွှေကိုယ် ဘောင်းဘီချွတ်ဗိုလ်ချုပ်များ မလာခင် မိမိကိုယ်ပိုင်မဲဆန္ဒနယ် ဟုအပိုင်တွက်ပြီး ကိုယ့်အိတ်စိုက်ရင်းထား ပြီးမှ မိမိနေရာကို ဖယ်ပေးလိုက်ရသော ဝန်ကြီးများနှင့် ဘောင်းဘီချွတ်ဗိုလ်ချုပ်များ အကြားမှ Internal Conflict မှာလည်း ရေချိန်မြှင့်လျှက် ရှိရာ ဒီမိုကရက်တစ်အင်အားစုများအနေဖြင့် စည်းလုံးညီညွတ်မှု လျော့ရဲလာသော တပ်မတော်ကြီး၏ အင်အားကို သတိချပ်ရမှာဖြစ်ပါတယ်။
တပ်မတော်ကြီး၏ NLD အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် ရွေးကောက်ပွဲ အားစောင့်ကြည့် လေ့လာသင့်ကြောင်း ညွှန်ကြားထားပြီးသား ဖြစ်ရာ NLD အဖွဲ့ဝင်များ အနေနှင့် ရွေးကောက်ပွဲမသမာမှုများ စောင့်ကြည့်လေ့လာရေးကို အလေးထားကြိုးစားလုပ်ဆောင်သွားသင့်ပါတယ်။ မတရားမှုများကို မတရားကြောင်း အထောက်အထားပြနိုင်ခြင်းသည် မြန်မာနိုင်ငံရေးသမိုင်းတွင် NLD ၏ အရေးပါမှုကို သက်သေပြနိုင်အုံးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာလူငယ်ကွန်ယက်အနေနှင့်လည်း အမျိုးမျိုးသောမသမာမှုများကို ဒီမိုကရက်တစ်အင်အားစုများကိုယ်စား စောင့်ကြည့်ပေးသွားမှာ ဖြစ်ပြီး အထောက်အထားများ ရှာဖွေစုဆောင်းထားခြင်းဖြင့် ပြည်သူလူထုကြီးဘက်မှ ကျွန်တော်တို့ အစဉ်အမြဲ ရပ်တည်ကြောင်း၊ အလုပ်နဲ့ သက်သေပြ သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ" ဆိုတဲ့ စကားကိုသက်သေပြမဲ့ ကျွန်ုပ်တို့ လူငယ်ကွန်ယက်ရဲ့ " Our Eyes On You" Election Watch Campaign မှာ ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင် ကူညီကြဖို့ တိုက်တွန်းလိုက် ရပါကြောင်း…..
Our Eyes On You ……!!!!
Category:




0 comments