Fwd: Khitpyaing update 12/10/2010
---------- Forwarded message ----------
From: KHITPYAING NEJ <nejnews@gmail.com>
Khitpyaing update 12/10/2010
ယင်းသဘောတူညီချက်ကို ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ် ဝဲချာချီဝက ၎င်း၏ တရက်တာ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယခု အောက်တိုဘာလကုန်ပိုင်းတွင် လက်မှတ်ရေးထိုးရန်ရှိကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ မစ္စတာ ပန်နိတန် ၀မ်တနာ ယာဂွန်က ပြောကြားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်သော ရေနံဓာတုနှင့် သန့်စင်ချက်လုပ်ရေးစက်ရုံများ၊ အဆင့်မြင့် သံမဏိစက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ပို့ဆောင်ရေးကဏ္ဍအတွက် ကားလမ်းများ၊ အခြေခံအဆောက်အဦများအတွက် မြေအကျယ်အဝန်း ဟက်တာ (၆၄,၀၀၀) အသုံးပြုသွားမည်ဟု စီမံကိန်း အကောင်အထည်ဖော်နေသော Italian Thai Development ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ နီဂျာပွန် ချာရဏီတာက ပြောကြားသည်။
ဂျနီဗာနိုင်ငံအခြေစိုက် ဂလိုဘယ်ဖန်းသည် ပြည်တွင်း၌ အသေးစိတ်တွက်ချက် ဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ရုံးအဖွဲ့များစွာမှလည်း စာရွက်စာတမ်းမှအစ အစိုးရကိစ္စအထိ ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဂလိုဘယ်ဖန်းဟာ အလုပ်တွေ လက်ရှိလုပ်နေပါတယ်။ စာရွက်စာတမ်းကိစ္စ ရှင်းလင်းစရာ အနည်းငယ်ကျန်ဦးမယ်။ လာမယ့် ဇန်န၀ါရီမှာ ငွေစသုံးမယ်။ ဆေးထုတ်ပေးမယ်။ လူတွေကို ပညာပေးဆွေးနွေးမှုတွေ လုပ်မယ်" ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
၎င်းက "ကျနော်တို့ ရန်ကုန်တိုင်းမှာဆိုရင် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုကိုးကျွန်း မဲဆန္ဒနယ်မြေ (၁) က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဆိုရင် သူ့နယ်မြေမှာ ယှဉ်ပြိုင်မယ့်သူ မရှိဘူး။ ဒါကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၃၆ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမြန်ဆုံးကြေညာဖို့ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေ ကျနော်တို့ဆီ တင်ပြလာတယ်။ ကျနော်တို့ကလည်း ပြည်ထောင်စုကော်မရှင်ထံ ဆက်လက် တင်ပြထားပြီးပြီ။ ပြည်ထောင်စု ကော်မရှင်က ဘယ်တော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာမလဲဆိုတာတော့ နည်းဥပဒေထဲမှာ မပါဘူး" ဟု ပြောသည်။
တိုင်း (၃) တိုင်းမှ ပြိုင်ဘက်မရှိ ကြံ့ဖွံ့ အမတ်လောင်းများမှာ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဒု-ဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်း၊ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) မှ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးကျားမောင်၊ တိုင်းလွှတ်တော်အတွက် ကျွန်းစုမြို့နယ် (၁) နှင့် (၂) မှ ဦးသိန်းလွင်နှင့် ဦးတင်စိုး၊ တနင်္သာရီမြို့နယ် အမှတ် (၁) နှင့် (၂) မှ ဦးအောင်ဆန်းလွင်နှင့် ဦးသက်နိုင်၊ စစ်ကိုင်းတိုင်း လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဦးဆားမူ၊ တိုင်းလွှတ်တော်အတွက် ဘုတလင် အမှတ် (၁) နှင့် (၂) မှ ဦးစိန်ဝင်းလှိုင်နှင့် ဦးသာအေး၊ ဒီပဲယင်း (၁) မှ ဦးသိန်းထွန်းဦး၊ လဟယ် (၁) မှ ဦးရူစံကြူး၊ ရန်ကုန်တိုင်းလွှတ်တော်အတွက် ကိုကိုးကျွန်း (၁) မှ ဦးအောင်နိုင်တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကျေးရွာတရွာကို နအဖစစ်တပ် တပ်ဖွဲ့ဝင်တို့က ဓားပြတိုက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ် အဘွားအိုတဦးကိုလည်း သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တခု ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၌ လှုပ်ရှားနေသော စကခ (၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့် (၃) ဦးတို့က ယင်းဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ (၁) ရက်နေ့ည (၁၀) နာရီက အခင်းဖြစ်ပွားခဲ့သည့် ကျောက်ကဒင်ရွာမှ ရွာသားတဦးက ပြောကြားသည်။
၎င်းက "အသတ်ခံရတဲ့ အဘွားအိုဆီက နားကပ်တရံရယ်၊ လက်စွပ် (၂) ကွင်း၊ ပိုက်ဆံ (၁) သောင်းလောက် ဗိုလ်ကျော်ညွန့်က ယူသွားတယ်။ ပြီးတော့ အဲဒီလို အသတ်ခံရတာကို ရွာဥက္ကဋ္ဌကိုယ်တိုင်က စစ်တပ်ကို ကြောက်ပြီး အဘွားအိုက လေဖြတ်ခံရပြီး သေတာလို့ သတင်းလွှင့်ခိုင်းနေတော့ ဒီကိစ္စကို ဘယ်သူမှ တိုင်ကြားတာ မလုပ်ရဲဘူး။ ဒါပေမယ့် ခလရ (၁၀၃) လှုပ်ရှားတပ်ရင်းက ဗိုလ်ကျော်ညွန့်တို့အဖွဲ့က သတ်သွားတယ်ဆိုတာကိုတော့ ရွာသားတိုင်းက သိနေကြတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
မြ၀တီမြို့ပြင်ရှိ ဒီကေဘီအေတပ်ရင်း (၉၀၂) ခွဲထွက်အဖွဲ့၏ တပ်စခန်းနယ်မြေအနီးတွင် နအဖတပ်များ လာရောက် အခိုင်အမာတပ်စွဲ ၀ိုင်းရံထားသဖြင့် မကြာမီ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားနိုင်သည်ဟု ဒီကေဘီအေအဖွဲ့က ပြောသည်။
ယခုကဲ့သို့ နအဖတပ်၏ ၀ိုင်းရံပိတ်ဆို့မှုကို လက်မခံဘဲ လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု (၉၀၂) ဒီကေဘီအေတပ်ရင်းမှူး ဗိုလ်ကျော်သက်က ပြောသည်။
၎င်းက "နအဖက ကျနော်တို့ကို မြ၀တီမြို့ထဲနေလို့မရဘူး မောင်းထုတ်တော့ သူတို့ဘာဆက်လုပ်မလဲ ကျနော်တို့စောင့်ကြည့်မယ်။ နောက်ဆုံး သူတို့ဘက်က စတိုက်လာရင်တော့ ကျနော်တို့ ပြန်တိုက်ရမှာပဲ။ အောက်ခြေအဖွဲ့အစည်းတွေက မြို့ထဲ နေလို့မရဘူးလို့ လာပြောတယ်။ နေလို့မရဘူးဆိုတာ ဘယ်ဗိုလ်ချုပ်အမိန့်လဲ၊ ဘာဖြစ်လို့နေလို့မရလဲ၊ ဒီကိစ္စကို လုံးဝလက်မခံဘူး" ဟု ပြောသည်။
ကလို့ထူးဘောဗျူဟာ အခြေစိုက် ဒီကေဘီအေ (၉၀၂) တပ်ရင်းအပါအ၀င် ဒီကေဘီအေတပ်များသည် လွန်ခဲ့သည့် (၁၅) နှစ်ခန့်က စတင်၍ မြ၀တီအပါအ၀င် ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင်၌ နေထိုင်လာခဲ့ရာမှ မြို့တွင်းသွားလာ နေထိုင်ခွင့်ကို နအဖအာဏာပိုင်တို့က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
Read more...
http://www.khitpyaing.org
From: KHITPYAING NEJ <nejnews@gmail.com>
Khitpyaing update 12/10/2010
ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘောတူညီမှု ရရှိ
ထိုင်းဘတ်ငွေ ဘီလီယံ (၄၀၀) ကျော် ကုန်ကျမည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို နှစ်နိုင်ငံ အထူးစီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ထိုင်းအစိုးရက ပြောကြားသည်။ယင်းသဘောတူညီချက်ကို ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ် ဝဲချာချီဝက ၎င်း၏ တရက်တာ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယခု အောက်တိုဘာလကုန်ပိုင်းတွင် လက်မှတ်ရေးထိုးရန်ရှိကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ မစ္စတာ ပန်နိတန် ၀မ်တနာ ယာဂွန်က ပြောကြားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်သော ရေနံဓာတုနှင့် သန့်စင်ချက်လုပ်ရေးစက်ရုံများ၊ အဆင့်မြင့် သံမဏိစက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ပို့ဆောင်ရေးကဏ္ဍအတွက် ကားလမ်းများ၊ အခြေခံအဆောက်အဦများအတွက် မြေအကျယ်အဝန်း ဟက်တာ (၆၄,၀၀၀) အသုံးပြုသွားမည်ဟု စီမံကိန်း အကောင်အထည်ဖော်နေသော Italian Thai Development ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ နီဂျာပွန် ချာရဏီတာက ပြောကြားသည်။
နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်
ပြည်တွင်းရှိ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် အေအာရ်ဗွီ (ARV) ဆေးဝါးများ ထောက်ပံ့ပေးမည့် ဂလိုဘယ်ဖန်းသည် အနှောင့်အယှက် တစုံတရာမရှိပါက လာမည့် ၂၀၁၁ ဇန်န၀ါရီ (၁) ရက်နေ့တွင် ဆေးဝါးများ စတင်ပေးဝေမည်ဖြစ်ကြောင်း Marie Stopes International ၏ Country Director ဒေါက်တာစစ်နိုင်က ပြောကြားသည်။ဂျနီဗာနိုင်ငံအခြေစိုက် ဂလိုဘယ်ဖန်းသည် ပြည်တွင်း၌ အသေးစိတ်တွက်ချက် ဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ရုံးအဖွဲ့များစွာမှလည်း စာရွက်စာတမ်းမှအစ အစိုးရကိစ္စအထိ ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဂလိုဘယ်ဖန်းဟာ အလုပ်တွေ လက်ရှိလုပ်နေပါတယ်။ စာရွက်စာတမ်းကိစ္စ ရှင်းလင်းစရာ အနည်းငယ်ကျန်ဦးမယ်။ လာမယ့် ဇန်န၀ါရီမှာ ငွေစသုံးမယ်။ ဆေးထုတ်ပေးမယ်။ လူတွေကို ပညာပေးဆွေးနွေးမှုတွေ လုပ်မယ်" ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
ကြံ့ဖွံ့အမတ်လောင်းအချို့ ပြိုင်ဘက်မရှိ
နအဖ ဗိုလ်ချုပ်ဟောင်းများ အပါအဝင် ကြံ့ဖွံ့ အမတ်လောင်းအချို့သည် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတို့တွင် ပြိုင်ဘက်မရှိသည့်အတွက် သေချာပေါက် အမတ်လောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။၎င်းက "ကျနော်တို့ ရန်ကုန်တိုင်းမှာဆိုရင် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုကိုးကျွန်း မဲဆန္ဒနယ်မြေ (၁) က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဆိုရင် သူ့နယ်မြေမှာ ယှဉ်ပြိုင်မယ့်သူ မရှိဘူး။ ဒါကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၃၆ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမြန်ဆုံးကြေညာဖို့ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေ ကျနော်တို့ဆီ တင်ပြလာတယ်။ ကျနော်တို့ကလည်း ပြည်ထောင်စုကော်မရှင်ထံ ဆက်လက် တင်ပြထားပြီးပြီ။ ပြည်ထောင်စု ကော်မရှင်က ဘယ်တော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာမလဲဆိုတာတော့ နည်းဥပဒေထဲမှာ မပါဘူး" ဟု ပြောသည်။
တိုင်း (၃) တိုင်းမှ ပြိုင်ဘက်မရှိ ကြံ့ဖွံ့ အမတ်လောင်းများမှာ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဒု-ဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်း၊ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) မှ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးကျားမောင်၊ တိုင်းလွှတ်တော်အတွက် ကျွန်းစုမြို့နယ် (၁) နှင့် (၂) မှ ဦးသိန်းလွင်နှင့် ဦးတင်စိုး၊ တနင်္သာရီမြို့နယ် အမှတ် (၁) နှင့် (၂) မှ ဦးအောင်ဆန်းလွင်နှင့် ဦးသက်နိုင်၊ စစ်ကိုင်းတိုင်း လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဦးဆားမူ၊ တိုင်းလွှတ်တော်အတွက် ဘုတလင် အမှတ် (၁) နှင့် (၂) မှ ဦးစိန်ဝင်းလှိုင်နှင့် ဦးသာအေး၊ ဒီပဲယင်း (၁) မှ ဦးသိန်းထွန်းဦး၊ လဟယ် (၁) မှ ဦးရူစံကြူး၊ ရန်ကုန်တိုင်းလွှတ်တော်အတွက် ကိုကိုးကျွန်း (၁) မှ ဦးအောင်နိုင်တို့ ဖြစ်ကြသည်။
နအဖစစ်တပ်က ဓားပြတိုက်၍ အဘွားအိုတဦးကို ပစ်သတ်
မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကျေးရွာတရွာကို နအဖစစ်တပ် တပ်ဖွဲ့ဝင်တို့က ဓားပြတိုက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ် အဘွားအိုတဦးကိုလည်း သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တခု ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၌ လှုပ်ရှားနေသော စကခ (၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့် (၃) ဦးတို့က ယင်းဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ (၁) ရက်နေ့ည (၁၀) နာရီက အခင်းဖြစ်ပွားခဲ့သည့် ကျောက်ကဒင်ရွာမှ ရွာသားတဦးက ပြောကြားသည်။
၎င်းက "အသတ်ခံရတဲ့ အဘွားအိုဆီက နားကပ်တရံရယ်၊ လက်စွပ် (၂) ကွင်း၊ ပိုက်ဆံ (၁) သောင်းလောက် ဗိုလ်ကျော်ညွန့်က ယူသွားတယ်။ ပြီးတော့ အဲဒီလို အသတ်ခံရတာကို ရွာဥက္ကဋ္ဌကိုယ်တိုင်က စစ်တပ်ကို ကြောက်ပြီး အဘွားအိုက လေဖြတ်ခံရပြီး သေတာလို့ သတင်းလွှင့်ခိုင်းနေတော့ ဒီကိစ္စကို ဘယ်သူမှ တိုင်ကြားတာ မလုပ်ရဲဘူး။ ဒါပေမယ့် ခလရ (၁၀၃) လှုပ်ရှားတပ်ရင်းက ဗိုလ်ကျော်ညွန့်တို့အဖွဲ့က သတ်သွားတယ်ဆိုတာကိုတော့ ရွာသားတိုင်းက သိနေကြတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
မြ၀တီမြို့တွင်း တိုက်ပွဲဖြစ်မည့် အခြေအနေရှိ
မြ၀တီမြို့ပြင်ရှိ ဒီကေဘီအေတပ်ရင်း (၉၀၂) ခွဲထွက်အဖွဲ့၏ တပ်စခန်းနယ်မြေအနီးတွင် နအဖတပ်များ လာရောက် အခိုင်အမာတပ်စွဲ ၀ိုင်းရံထားသဖြင့် မကြာမီ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားနိုင်သည်ဟု ဒီကေဘီအေအဖွဲ့က ပြောသည်။
ယခုကဲ့သို့ နအဖတပ်၏ ၀ိုင်းရံပိတ်ဆို့မှုကို လက်မခံဘဲ လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု (၉၀၂) ဒီကေဘီအေတပ်ရင်းမှူး ဗိုလ်ကျော်သက်က ပြောသည်။
၎င်းက "နအဖက ကျနော်တို့ကို မြ၀တီမြို့ထဲနေလို့မရဘူး မောင်းထုတ်တော့ သူတို့ဘာဆက်လုပ်မလဲ ကျနော်တို့စောင့်ကြည့်မယ်။ နောက်ဆုံး သူတို့ဘက်က စတိုက်လာရင်တော့ ကျနော်တို့ ပြန်တိုက်ရမှာပဲ။ အောက်ခြေအဖွဲ့အစည်းတွေက မြို့ထဲ နေလို့မရဘူးလို့ လာပြောတယ်။ နေလို့မရဘူးဆိုတာ ဘယ်ဗိုလ်ချုပ်အမိန့်လဲ၊ ဘာဖြစ်လို့နေလို့မရလဲ၊ ဒီကိစ္စကို လုံးဝလက်မခံဘူး" ဟု ပြောသည်။
ကလို့ထူးဘောဗျူဟာ အခြေစိုက် ဒီကေဘီအေ (၉၀၂) တပ်ရင်းအပါအ၀င် ဒီကေဘီအေတပ်များသည် လွန်ခဲ့သည့် (၁၅) နှစ်ခန့်က စတင်၍ မြ၀တီအပါအ၀င် ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင်၌ နေထိုင်လာခဲ့ရာမှ မြို့တွင်းသွားလာ နေထိုင်ခွင့်ကို နအဖအာဏာပိုင်တို့က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
Read more...
http://www.khitpyaing.org
Category:

0 comments