VOA Burmese E-mail News Summary

Burma Campaign Japan | 8:24 PM | 0 comments

ထိပ်တန်းသတင်း

ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ သူ မဲပေးမှာ မဟုတ်ဘူးလို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

ချီလီ သတ္တုတွင်းလုပ်သား ကယ်ဆယ်ရေး စ

ချီလီနိုင်ငံမှာ မြေအောက်ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက်ကို ကယ်ဆယ်ရေး စတင်တော့မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမြေပြို၊ ၁၀ ဦးသေ

အင်ဒိုနီးရှားအလယ်ပိုင်းမှာ မြေပြိုခဲ့တဲ့အတွက် စားအုန်းဆီလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ပြီး တဒါဇင်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

မြန်မာရွေးကောက်ပွဲအပေါ် နိုင်ငံတကာ စိုးရိမ်မှု ထိုင်းဝန်ကြီးချုပ် အသိပေး

ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို စစ်ခေါင်းဆောင်တွေထံ တဆင့်စကား ပါးခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ(ယာ) နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံစဉ်။

မဲဆန္ဒရှင်စာရင်း မိတ္တူရဖို့ ပါတီတွေ ငွေမတတ်နိုင်

မဲဆန္ဒရှင်စာရင်းတရွက် ကျပ် ၂၀၀ နှုန်းနဲ့ ကူးယူရမယ်လို့ ရပ်ကွက်ကော်မရှင်က ပြောနေတာကြောင့် နိုင်ငံရေးပါတီ တော်တော်များများ အခက်ကြုံနေပါတယ်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် လူစာရင်းအား ကြည့်ရှုနေသည့် ရန်ကုန်မြို့ခံအချို့။

မတ္တရာအနီး ကျေးရွာ ၃၀ နီးပါး ရေလွှမ်း

မန္တလေးတိုင်းအတွင်း မိုးကြီး ရေလျှံတာကြောင့် ဆည်တော်ကြီးဆည်က ရေတွေ ဖောက်လွှတ်ပေးနေရင်း မတ္တရာမြို့အနီးက ရွာ ၃၀ လောက် ရေလွှမ်းမိုးနေပါတယ်။

၂၀၀၆ ခုနှစ် မန္တလေးမြို့တွင် ရေကြီးခဲ့စဉ်က။

အာရှ ရေပြင်ပိုင်နက် အငြင်းပွားမှု ဒေသန္တရ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်

အာရှဒေသတွင်း ရေပိုင်နက် အငြင်းပွားနေမှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်နိုင်တယ်လို့ အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။

ဒီမိုမိတ်ဆွေများ အဖွဲ့ဝင်ဖို့ ငွေကြေးရှင်းရန်လို

ဒီမိုကရေစီပါတီ မိတ်ဆွေများအဖွဲ့ထဲက ပါတီတွေအနေနဲ့ ငွေကြေးကိစ္စ ရှင်းလင်း ကြေညာပေးဖို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက တောင်းဆိုပါတယ်။

ရွေးကောက်ပွဲဝင်မည့် ပါတီတခု၏ စည်းရုံးရေး လက်ကမ်းကြော်ငြာ ဖတ်ရှုနေသည့် ရန်ကုန်မြို့မှ ဂျာနယ်ရောင်းသူတဦး။

အလုပ်လက်မဲ့ အဖြေရှာသူ ပညာရှင်များ စီးပွားရေး နိုဘယ်လ်ဆုရ

အလုပ်လက်မဲ့ အဖြေရှာသူ ပညာရှင်များကို ၂၀၁၀ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆု ပေးအပ်လိုက်ပါတယ်။

ကမ္ဘာ့အငတ်ဘေး အန္တရာယ် စိုးရိမ်နေရဆဲ

ကမ္ဘာတဝန်း ဆင်းရဲမွဲတေနေသူတွေရဲ့ ပြဿနာဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာသစ် တခုထဲမှာ ဖော်ပြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32A02EC81CEC7DF47C3D278EC935032FEF">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments