Fwd: Khitpyaing update 19/10/2010
Khitpyaing update 19/10/2010
" ကိုယ်စားလှယ်လောင်း အရေအတွက် (၁) ဦးစီပဲ ရှိတဲ့အတွက် အဲဒီနေရာမှာ အလိုလိုကိုယ်စားလှယ်ဖြစ်တယ်" ဟု၎င်းက ပြောသည်။
အောက်တိုဘာ (၁၈) ရက် ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် မဲသရုပ်ပြပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိုးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထိုသို့ အလိုလိုအမတ်ဖြစ်လာမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း (၃၇) ပါတီမှ ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသော်လည်း မည်သည့်ပါတီက ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
နေပြည်တော် နှစ်လည် ကျောက်မျက်ပြပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ရာ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ခရီးသွားများအတွက် ဆက်သွယ်မှု ကွန်ရက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဂျီအက်စ်အမ် ဖုန်းလိုင်းကို ယခုလို ယာယီ ဖွင့်ပေးထားခြင်းဖြစ်သည်ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးမှ အရာထမ်းတဦးက ပြောသည်။
နှစ်လယ် ကျောက်မျက်ပြပွဲ ပြီးဆုံးပါက ဂျီအက်စ်အမ်ဖုန်းလိုင်း ပြန်လည်ပိတ်သိမ်းမည်ဟု ယင်းအရာရှိက ပြောသည်။
နေပြည်တော်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာဝန်ထမ်းတဦးက "အောက်တိုဘာ ပထမပတ်ကတည်းက နေပြည်တော်မှာ ဂျီအက်စ်အမ်လိုင်း စဖွင့်ပေးတယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့လ (၁၃) ရက်နေ့က နေပြည်တော်ကနေ မန္တလေးက ကျနော့်အိမ်ကို ဂျီအက်စ်အမ်ဖုန်းနဲ့ စကားပြောလို့ရတယ်" ဟုဆိုသည်။
နေပြည်တော် ခရိုင်အတွင်း ယခင်က CDMA 450 MHz (ကမ်းရိုးတန်း) မိုဘိုင်းဖုန်းများသာ ဆက်သွယ် အသုံးပြု၍ ရသည်။
စာမျက်နှာ (၅၀) ပါဝင်ပြီး လူဦးရေပေါင်း (၂၇,၀၀၀) ဦးခန့်ကို မေးမြန်းကာ စစ်တမ်းပြုစု ရေးသားတင်ပြထားသည့် အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း (BMA)၊ အမျိုးသား ပညာရေးနှင့် ကျန်းမာရေးကောင်စီ (NHEC)၊ နယ်လှည့်ကျောပိုးအိတ် ဆေးဝါးကုသရေးအဖွဲ့နှင့် တိုင်းရင်းသားဒေသများဖြစ်သည့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပလောင်ဒေသများမှ လူထုကျန်းမာရေး အဖွဲ့တို့က ပူးပေါင်း အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။
အစီရင်ခံစာနှင့် ပတ်သက်သည့် ယနေ့ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း ဖြစ်သည့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း ဒေသများမှ သေဆုံးနေရသော ကလေးသူငယ်များ၏ (၆၀) ရာခိုင်နူန်းသည် ကာကွယ်ကုသ၍ရသော ရောဂါများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ် သေဆုံးမှုနူန်းထားသည် အစိုးရ၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများထက် (၂) ဆကျော် များကြောင်း ဖော်ပြထားသည်။
ဟိုပင်မြို့အရှေ့ပိုင်း၊ နန့်ရင်းလမ်းတွင် ဖွင့်လှစ်ထားရှိသည့် ကေအိုင်အိုဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး ခေါင်လွန်းသည် ကေအိုင်အိုအဖွဲ့က ထောင်ထားသည့်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိပြီး မိုးညှင်းမြို့ ပြည်သူ့ဆေးရုံတွင် ကုသနေသည့် လူနာအား သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ အပြန်တွင် မိုးညှင်းခရိုင် ရဲများအပါအဝင် ဟိုပင်ရဲစခန်းက တားဆီးကာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးပြီးနောက် ကားနောက်ခန်းတွင် ဘိန်းတွေ့ရှိသည်ဟု ဆိုကာ ယမန်နေ့က ဖမ်းဆီးထားကြောင်း ကေအိုင်အိုဆက်ဆံရေးရုံးနှင့် နီးစပ်သူ ဟိုပင်ဒေသခံတဦးက ပြောသည်။
၎င်းက "ဗိုလ်ကြီး ခေါင်လွန်းရဲ့ ကားကို လိုင်စင် စစ်တာ၊ နောက် ရဲစခန်းကို ခေါ်သွားတယ်၊ အဲဒီမှာ (၂) နာရီကြာ စစ်ဆေးတယ်။ နောက်တော့ ကားနောက်ခန်းထဲမှာ ခတ်ပုံ (သုံးစွဲရန် အသင့်ပြင်ဆင်ထားသည့် ဘိန်း) တွေ့တယ် ဆိုပြီး ဖမ်းလိုက်တာ။ သူက မူးယစ်ဆေးဝါလည်း မသုံးစွဲဘူး။ ဆေးလိပ်တောင် မသောက်ဘူး။ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခဲ့ဖူးတယ်။ တမင် ဘိန်းထုပ်နဲ့ အကွက်ဆင်ပြီး ဖမ်းလိုက်တာ သေချာတယ်" ဟုပြောသည်။
ယမန်နေ့ ညဥ့်နက်ပိုင်းတွင်လည်း ဟိုပင်ရှိ ကေအိုင်အိုဆက်ဆံရေးရုံးအား စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ စစ်တပ်၊ ရဲအဖွဲ့များက ဝင်ရောက်စီးနင်းကာ ကား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးစက်တို့ကို သိမ်းယူသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
မဲသွားမပေးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ လှုပ်ရှားမှု ကန်ပိန်းကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် I Vote (မဲပေးမည်) လှုပ်ရှားမှုတရပ် ရန်ကုန်မြို့တွင် ယနေ့ စတင်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်မှ အစိုးရ ဝန်ထမ်းတဦးက "ဒီမနက် တာမွေအဝိုင်းမှတ်တိုင်မှာ ကားကနေ ဆင်းပြီး လူငယ် ယောင်္ကျားလေး၊ မိန်းကလေးတွေ အုပ်လိုက် လမ်းဖြတ်ကူးသွားပြီး အဝိုင်းမီးပွိုင့်အထိ ဖြတ်လျှောက်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ရောက်တော့ လူစုခွဲလိုက်ကြတယ်။ ဝတ်စုံတူတွေဆိုတော့ လူတွေ သတိထားကြည့်လိုက်တော့မှ အိုင်ဗို့ (I Vote) စာတမ်းပါတဲ့ အဖြူရောင် အင်္ကျီတွေမှန်း သိတာ" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေး၍ ရန်ကုန်ပြည်သူတို့အကြား ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
Read more..
http://www.khitpyaing.org
ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အမတ်ဖြစ်မည့်သူ (၅၄) ဦးရှိ
လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတဝန်း မဲဆန္ဒနယ်ပေါင်း (၁၁၅၈) နေရာရှိသည့်အနက် မဲဆန္ဒနယ် (၅၄) နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ဘယ်ကိုယ်စားလှယ်များ မရှိသည့်အတွက် ကြံ့ဖွံ့ပါတီနှင့်မဟာမိတ်ပါတီများမှ အမတ်လောင်းများသည် အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ်အမတ်များ ဖြစ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။" ကိုယ်စားလှယ်လောင်း အရေအတွက် (၁) ဦးစီပဲ ရှိတဲ့အတွက် အဲဒီနေရာမှာ အလိုလိုကိုယ်စားလှယ်ဖြစ်တယ်" ဟု၎င်းက ပြောသည်။
အောက်တိုဘာ (၁၈) ရက် ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် မဲသရုပ်ပြပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိုးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထိုသို့ အလိုလိုအမတ်ဖြစ်လာမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း (၃၇) ပါတီမှ ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသော်လည်း မည်သည့်ပါတီက ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
နေပြည်တော်တွင် ဂျီအက်စ်အမ်ဖုန်း သုံးခွင့် ကန့်သတ်ထား
နေပြည်တော်တွင် ယခင်က လုံးဝ အသုံးပြု၍ မရသည့် (09) ဂဏန်းအစ ဂျီအက်စ်အမ် (GSM) မိုဘိုင်းဖုန်းများကို အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လတည်းအတွက်သာ အသုံးပြုခွင့်ပေးမည်ဟု သိရသည်။နေပြည်တော် နှစ်လည် ကျောက်မျက်ပြပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ရာ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ခရီးသွားများအတွက် ဆက်သွယ်မှု ကွန်ရက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဂျီအက်စ်အမ် ဖုန်းလိုင်းကို ယခုလို ယာယီ ဖွင့်ပေးထားခြင်းဖြစ်သည်ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးမှ အရာထမ်းတဦးက ပြောသည်။
နှစ်လယ် ကျောက်မျက်ပြပွဲ ပြီးဆုံးပါက ဂျီအက်စ်အမ်ဖုန်းလိုင်း ပြန်လည်ပိတ်သိမ်းမည်ဟု ယင်းအရာရှိက ပြောသည်။
နေပြည်တော်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာဝန်ထမ်းတဦးက "အောက်တိုဘာ ပထမပတ်ကတည်းက နေပြည်တော်မှာ ဂျီအက်စ်အမ်လိုင်း စဖွင့်ပေးတယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့လ (၁၃) ရက်နေ့က နေပြည်တော်ကနေ မန္တလေးက ကျနော့်အိမ်ကို ဂျီအက်စ်အမ်ဖုန်းနဲ့ စကားပြောလို့ရတယ်" ဟုဆိုသည်။
နေပြည်တော် ခရိုင်အတွင်း ယခင်က CDMA 450 MHz (ကမ်းရိုးတန်း) မိုဘိုင်းဖုန်းများသာ ဆက်သွယ် အသုံးပြု၍ ရသည်။
အမျိုးသမီးနှင့်ကလေး ကျန်းမာရေး အစီရင်ခံစာ ထုတ်ပြန်
မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ အမျိုးသမီးနှင့် ကလေးငယ်တို့၏ အလွန်ဆိုးဝါးနေသော ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် (DIAGNOSIS CRITICAL) အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့ထုတ်ပြန် လိုက်သည်။စာမျက်နှာ (၅၀) ပါဝင်ပြီး လူဦးရေပေါင်း (၂၇,၀၀၀) ဦးခန့်ကို မေးမြန်းကာ စစ်တမ်းပြုစု ရေးသားတင်ပြထားသည့် အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း (BMA)၊ အမျိုးသား ပညာရေးနှင့် ကျန်းမာရေးကောင်စီ (NHEC)၊ နယ်လှည့်ကျောပိုးအိတ် ဆေးဝါးကုသရေးအဖွဲ့နှင့် တိုင်းရင်းသားဒေသများဖြစ်သည့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပလောင်ဒေသများမှ လူထုကျန်းမာရေး အဖွဲ့တို့က ပူးပေါင်း အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။
အစီရင်ခံစာနှင့် ပတ်သက်သည့် ယနေ့ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း ဖြစ်သည့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း ဒေသများမှ သေဆုံးနေရသော ကလေးသူငယ်များ၏ (၆၀) ရာခိုင်နူန်းသည် ကာကွယ်ကုသ၍ရသော ရောဂါများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ် သေဆုံးမှုနူန်းထားသည် အစိုးရ၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများထက် (၂) ဆကျော် များကြောင်း ဖော်ပြထားသည်။
ကေအိုင်အို ဆက်ဆံရေးရုံး တာဝန်ခံကို ဖမ်းဆီး
ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံး တာဝန်ခံအား ယမန်နေ့ နေ့လည်ပိုင်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ညပိုင်း၌ ဆက်ဆံရေးရုံးအား နယ်မြေခံ အာဏာပိုင်များက ဝင်ရောက် စီးနင်းရှာဖွေကာ ပစ္စည်းအချို့ သိမ်းယူသွားသည်။ဟိုပင်မြို့အရှေ့ပိုင်း၊ နန့်ရင်းလမ်းတွင် ဖွင့်လှစ်ထားရှိသည့် ကေအိုင်အိုဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး ခေါင်လွန်းသည် ကေအိုင်အိုအဖွဲ့က ထောင်ထားသည့်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိပြီး မိုးညှင်းမြို့ ပြည်သူ့ဆေးရုံတွင် ကုသနေသည့် လူနာအား သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ အပြန်တွင် မိုးညှင်းခရိုင် ရဲများအပါအဝင် ဟိုပင်ရဲစခန်းက တားဆီးကာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးပြီးနောက် ကားနောက်ခန်းတွင် ဘိန်းတွေ့ရှိသည်ဟု ဆိုကာ ယမန်နေ့က ဖမ်းဆီးထားကြောင်း ကေအိုင်အိုဆက်ဆံရေးရုံးနှင့် နီးစပ်သူ ဟိုပင်ဒေသခံတဦးက ပြောသည်။
၎င်းက "ဗိုလ်ကြီး ခေါင်လွန်းရဲ့ ကားကို လိုင်စင် စစ်တာ၊ နောက် ရဲစခန်းကို ခေါ်သွားတယ်၊ အဲဒီမှာ (၂) နာရီကြာ စစ်ဆေးတယ်။ နောက်တော့ ကားနောက်ခန်းထဲမှာ ခတ်ပုံ (သုံးစွဲရန် အသင့်ပြင်ဆင်ထားသည့် ဘိန်း) တွေ့တယ် ဆိုပြီး ဖမ်းလိုက်တာ။ သူက မူးယစ်ဆေးဝါလည်း မသုံးစွဲဘူး။ ဆေးလိပ်တောင် မသောက်ဘူး။ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခဲ့ဖူးတယ်။ တမင် ဘိန်းထုပ်နဲ့ အကွက်ဆင်ပြီး ဖမ်းလိုက်တာ သေချာတယ်" ဟုပြောသည်။
ယမန်နေ့ ညဥ့်နက်ပိုင်းတွင်လည်း ဟိုပင်ရှိ ကေအိုင်အိုဆက်ဆံရေးရုံးအား စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ စစ်တပ်၊ ရဲအဖွဲ့များက ဝင်ရောက်စီးနင်းကာ ကား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးစက်တို့ကို သိမ်းယူသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
အန်အယ်လ်ဒီကို တန်ပြန်သည့် I Vote လှုပ်ရှားမှု ရန်ကုန်၌ စတင်
မဲသွားမပေးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ လှုပ်ရှားမှု ကန်ပိန်းကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် I Vote (မဲပေးမည်) လှုပ်ရှားမှုတရပ် ရန်ကုန်မြို့တွင် ယနေ့ စတင်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်မှ အစိုးရ ဝန်ထမ်းတဦးက "ဒီမနက် တာမွေအဝိုင်းမှတ်တိုင်မှာ ကားကနေ ဆင်းပြီး လူငယ် ယောင်္ကျားလေး၊ မိန်းကလေးတွေ အုပ်လိုက် လမ်းဖြတ်ကူးသွားပြီး အဝိုင်းမီးပွိုင့်အထိ ဖြတ်လျှောက်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ရောက်တော့ လူစုခွဲလိုက်ကြတယ်။ ဝတ်စုံတူတွေဆိုတော့ လူတွေ သတိထားကြည့်လိုက်တော့မှ အိုင်ဗို့ (I Vote) စာတမ်းပါတဲ့ အဖြူရောင် အင်္ကျီတွေမှန်း သိတာ" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေး၍ ရန်ကုန်ပြည်သူတို့အကြား ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
Read more..
http://www.khitpyaing.org
Category:

0 comments